ဗဟုသုတ

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၅ သောင်း(သိန်းပေါင်း(၇၅၀)ခန့်)လှုလိုက်တဲ့ နယ်သာလန်သူ မာယာ

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၅ သောင်း(သိန်းပေါင်း(၇၅၀)ခန့်)လှုလိုက်တဲ့ နယ်သာလန်သူ မာယာ

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ နေရာတွေမှာသုံးဖို့ အခုဆိုရင် နယ်သာလန်မှာနေထိုင်တဲ့ နယ်သာလန်သူ မာယာဟာ ဒေါ်လာ ၅ သောင်း(သိန်းပေါင်း(၇၅၀)ခန့်)ကို အားတက်သရော လှူဒါန်းပေးခဲ့ကြောင်းကို သူ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဗွီဒီယိုဖိုင်နှင့်တကွ ပြောကြားခဲ့ပါတယ်။

ပြီးတော့ သူမဟာ စစ်အာဏာရှင်ရဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများအပေါ် အလွန်အမင်းစိတ်ဆိုးကြောင်း သူ့အနေဖြင့် စိတ်ထိခိုက်ဝမ်းနည်းရကြောင်း ထို့အပြင် မြန်မာပြည်သူတို့၏ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ချီးကျူးအားရကြောင်း

ဘယ်လောက်ကြာမလဲမသိတဲ့ ဒီတော်လှန်ရေးမှာ အဆုံးထိအတူတကွ စည်းလုံးစွာ တော်လှန်ရင်း အနိုင်ယူသွားရမည်ဖြစ်ကြောင်း ​အားပေးစကားပြောကြားရင်း မြန်မာပြည်သူနှင့် အတူတကွ ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာ တစ်နေ့ထက်တစ်နေ့ အားကောင်းနေသလိုပဲ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေဆိုတာဟာလည်း ရာကျော်ရှိနေခဲ့ပါပီ။ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကို ပြည်သူများက တက်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့လှူဒါန်းနေကြပါတယ်။

ထိုပြည်သူများထဲမှ အနုပညာရှင်များဟာလည်း ကိုတက်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကူညီပါ၀င် ထောက်ပံ့ပေးနေကြပါတယ်။

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တကယ်ကိုကျေးဇူးတင်ပါတယ်







မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တဂယ်ကိုကျေးဇူးတင်ပါတယ်