မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် စိုးရိမ်ထိန့်လန့်မှုတွေ အန္တရာယ်တွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ အားမလျော့ဘဲ ဒီနေ့ထိလှုပ်ရှားမှုတွေပြု လုပ်နေကြဆဲပါ။
တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမစောင့်ရှောက်ကြသလို ရှေ့တန်းက အန္တရာယ်ကြားမှာလှုပ်ရှား ပါဝင်ရင်းအသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူတွေက ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။
အနုပညာရှင်တွေကလည်းအမျိုးမျိုးကူညီထောက်ပံ့မှုတွေပေးကြတာလည်းတကယ်ကိုလေးစားစရာပါပဲ။အဲ့လိုအနုပညာရှင်တွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးလည်းအပါအဝင်ပါပဲနော်။အခုဆိုရင် ဖွေးဖွေးဟာ ပြည်သူနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်ရင်း ၅၀၅(က)နှင့် ဖမ်းဝရမ်းထုတ်ခံထားရတာလည်း ဖြစ်ပေမယ့် ပြည်သူနှင့်အတူ ဆက်လက်တည်ရှိနေမှာပါလို့ သူ့ရဲ့ လူမှူကွန်ရက် စာမျက်နှာမှာ အခုလိုပဲ ရေးသားထားပါတယ်။
“လုပ်သင့်လုပ်ထိုက်တာ ပြောသင့်ပြောထိုက်တာ တွေပြောခဲ့ ရလို့ ပြည်သူတယောက်အနေနဲ့ ဘယ်တော့မှ နောင်တမရပါဘူး…ကိုယ့် ခံယူချက် ပြည်သူ့အမှန်တရားကို တသားထဲအမြဲ သစ္စာရှိသွားပါဦးမယ်…နေ့တိုင်းဆု တောင်းပေးပါ့မယ် …အားလုံး ဂရုစိုက်ကြပါရှင် ..
ဘာလိုလို နဲ့ ပိတောက်ပန်းတွေတောင်ပွင့်တော့မယ်…နွေဦးလေးတို့ရယ်..”ဆိုပြီး ဖွေးဖွေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
source-Phway Phway fb page
ျမန္မာနိုင္ငံရဲ႕ လူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ စိုးရိမ္ထိန႔္လန႔္မႈေတြ အႏၲရာယ္ေတြၾကားကေနပဲ ယုံၾကည္ခ်က္ပန္းတိုင္ကိုေရာက္ဖို႔ အားမေလ်ာ့ဘဲ ဒီေန႕ထိလႈပ္ရွားမႈေတြျပဳ လုပ္ေနၾကဆဲပါ။
တစ္ေယာက္ကိုတစ္ေယာက္ကူညီေဖးမေစာင့္ေရွာက္ၾကသလို ေရွ႕တန္းက အႏၲရာယ္ၾကားမွာလႈပ္ရွား ပါဝင္ရင္းအသက္ေပးသြားၾကတဲ့ သူရဲေကာင္းေတြကိုလည္း ျပည္သူေတြက ဝမ္းနည္းေၾကကြဲစြာ ဂုဏ္ျပဳခဲ့ၾကတာလည္းျဖစ္ပါတယ္။
အႏုပညာရွင္ေတြကလည္းအမ်ိဳးမ်ိဳးကူညီေထာက္ပံ့မႈေတြေပးၾကတာလည္းတကယ္ကိုေလးစားစရာပါပဲ။အဲ့လိုအႏုပညာရွင္ေတြထဲမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ေဖြးေဖြးလည္းအပါအဝင္ပါပဲေနာ္။အခုဆိုရင္ ေဖြးေဖြးဟာ ျပည္သူနဲ႕အတူ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ရင္း ၅၀၅(က)ႏွင့္ ဖမ္းဝရမ္းထုတ္ခံထားရတာလည္း ျဖစ္ေပမယ့္ ျပည္သူႏွင့္အတူ ဆက္လက္တည္ရွိေနမွာပါလို႔ သူ႕ရဲ႕ လူမႉကြန္ရက္ စာမ်က္ႏွာမွာ အခုလိုပဲ ေရးသားထားပါတယ္။
“လုပ္သင့္လုပ္ထိုက္တာ ေျပာသင့္ေျပာထိုက္တာ ေတြေျပာခဲ့ ရလို႔ ျပည္သူတေယာက္အေနနဲ႕ ဘယ္ေတာ့မွ ေနာင္တမရပါဘူး…ကိုယ့္ ခံယူခ်က္ ျပည္သူ႕အမွန္တရားကို တသားထဲအၿမဲ သစၥာရွိသြားပါဦးမယ္…ေန႕တိုင္းဆု ေတာင္းေပးပါ့မယ္ …အားလုံး ဂ႐ုစိုက္ၾကပါရွင္ ..
ဘာလိုလို နဲ႕ ပိေတာက္ပန္းေတြေတာင္ပြင့္ေတာ့မယ္…ေႏြဦးေလးတို႔ရယ္..”ဆိုၿပီး ေဖြးေဖြးက သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးသားေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။
source-Phway Phway fb page