ရုပ်အဆင်း လှပစေသော ကုသိုလ် (၄) မျိုး
လူ၊ နတ်၊ ဗြဟ္မာ ဖြစ်လေရာ ဘဝတို့တွင်သူတစ်ပါးထက် ရုပ်အဆင်း လှပ လိုသူတို့သည်ကောင်းမှု ( ၄ ) ပါး ကိုပြုကြရမည် ဟု ကျမ်းဂန်တို့ ၌ဆိုကြ၏ ။ ထိုကောင်းမှု ( ၄ ) ခုသည်ကား……
၁။ အဝတ်အစား , သင်္ကန်း လှူဒါန်းခြင်း
၂။ အစာအဟာရ လှူဒါန်းခြင်း
၃။ ဒေါသကို ချုပ်တည်း၍ မေတ္တာပွားခြင်း
၄။ တံမြတ်လှည်းခြင်း
ဤ( ၄)ပါးသည် ရုပ်အဆင်းလှပခြင်း၏အကြောင်းရင်း ဖြစ်လေ၏ ။
ထိုကုသိုလ်( ၄ )ပါးကိုပြုပါကရုပ်အဆင်းလှပခြင်းအပြင်သက်ဆိုင်ရာကောင်းကျိုးများကိုလဲ ထပ်မံရသေး၏။
ထိုကြောင့် ဤ ( ၄ ) ပါးသော ကုသိုလ်တို့ကို ဖြစ်လေရာ ဘဝတိုင်းသူတစ်ပါးထက် ရုပ်အဆင်းလှလိုသူတို့သည်မလွဲ မသွေ ပြုကြရပေမည်။
တစ်ချို့လူတွေကရုပ်လှတယ် စိတ်မလှဘူး ။
ဒီစိတ်ကြောင့်ပဲ ရုပ်ဘယ်လောက်ပဲလှလှသူများတွေရဲ့ မေတ္တာတွေကိုရသင့်သလောက် မရကြတော့ဘူး ။
တစ်ချို့လူတွေကရုပ်ဆိုးတယ် စိတ်ထားဖြူတယ် ။
ဒီစိတ်တွေကြောင့်ပဲဘယ်လောက် ရုပ်ဆိုးရုပ်ဆိုးသူတစ်ခုခု လိုအပ်လာရင် ကူညီမယ့်သူတွေအဆင်သင့်နဲ့ သူ့အနားမှာ ဝန်းရံသူတွေပေါများတတ်တယ် ။
တစ်ချို့လူတွေကရုပ်လည်းမလှဘူး စိတ်လည်းမလှဘူး ။
ဒါကြောင့်ပဲ ဘယ်သူနဲ့မှ အဆင်မပြေပဲတလောကလုံးကို အပြစ်မြင်ပြီးပူလောင်နေရတယ် ။
ရုပ်လှပြီး စိတ်လှဖို့ ဆိုတာကလည်းဘဝပေးကုသိုလ်ကံ ကောင်းလေးကောင်းခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ် ။
ဒါပေမယ့် အရင်ဘဝကဘာကောင်းခဲ့ ကောင်းခဲ့မကောင်းခဲ့ မကောင်းခဲ့….
ဒီဘဝမှာ ရသင့်ရထိုက်တဲ့ ရုပ်ရည်ကတော့ပြုပြင်လို့မရရင် စိတ်ကလေးကိုတော့ကောင်းတာ မလုပ်နိုင်သေးရင် သူများကို ဒုက္ခမပေးမိအောင်နေ။
လူ့တန်ဖိုးဆိုတာရုပ်ရည် ငွေကြေးအပေါ်ကနေအပေါ်ယံရှပ်ကြည့်လို့ မသိရဘူး ။
တန်ဖိုးတက်အောင်မနေနိုင်သေးရင်တောင် ကိုယ်ကျင့်တရား အပိုင်းမှာ တန်ဖိုးကျအောင် မနေနဲ့။
စိတ်ပေါ့ပါးရင် ရုပ်ကြည်တယ် ။စိတ်ကောင်းရှိရင် ကံကောင်းတယ် ။
စိတ်မကောင်းနိုင်သေးရင်တောင်စိတ်မယုတ်ညံ့နဲ့ ။
ကိုယ်ဒေါသထွက်ချိန်အငြိုးတေးကြီးချိန် တုန်းကလည်းတအားကို ပူလောင်ပြီး ရုပ်ကျခဲ့ရတဲ့အချိန်အခိုက်တန့် ရှိခဲ့ဖူးတယ် ။
အဓိကကတော့ စိတ်ထား ပေါ့ပါးသွားရင်အရာအားလုံးက ပေါ့ပေါ့ပါးပါး ဖြစ်သွားမှာပါ…။
အရှင်သူရိယ ပြန်လည်မျှဝေသည်
႐ုပ္အဆင္း လွပေစေသာ ကုသိုလ္ (၄) မ်ိဳး
လူ၊ နတ္၊ ျဗဟၼာ ျဖစ္ေလရာ ဘဝတို႔တြင္သူတစ္ပါးထက္ ႐ုပ္အဆင္း လွပ လိုသူတို႔သည္ေကာင္းမႈ ( ၄ ) ပါး ကိုျပဳၾကရမည္ ဟု က်မ္းဂန္တို႔ ၌ဆိုၾက၏ ။ ထိုေကာင္းမႈ ( ၄ ) ခုသည္ကား……
၁။ အဝတ္အစား , သကၤန္း လႉဒါန္းျခင္း
၂။ အစာအဟာရ လႉဒါန္းျခင္း
၃။ ေဒါသကို ခ်ဳပ္တည္း၍ ေမတၱာပြားျခင္း
၄။ တံျမတ္လွည္းျခင္း
ဤ( ၄)ပါးသည္ ႐ုပ္အဆင္းလွပျခင္း၏အေၾကာင္းရင္း ျဖစ္ေလ၏ ။
ထိုကုသိုလ္( ၄ )ပါးကိုျပဳပါက႐ုပ္အဆင္းလွပျခင္းအျပင္သက္ဆိုင္ရာေကာင္းက်ိဳးမ်ားကိုလဲ ထပ္မံရေသး၏။
ထိုေၾကာင့္ ဤ ( ၄ ) ပါးေသာ ကုသိုလ္တို႔ကို ျဖစ္ေလရာ ဘဝတိုင္းသူတစ္ပါးထက္ ႐ုပ္အဆင္းလွလိုသူတို႔သည္မလြဲ မေသြ ျပဳၾကရေပမည္။
တစ္ခ်ိဳ႕လူေတြက႐ုပ္လွတယ္ စိတ္မလွဘူး ။
ဒီစိတ္ေၾကာင့္ပဲ ႐ုပ္ဘယ္ေလာက္ပဲလွလွသူမ်ားေတြရဲ႕ ေမတၱာေတြကိုရသင့္သေလာက္ မရၾကေတာ့ဘူး ။
တစ္ခ်ိဳ႕လူေတြက႐ုပ္ဆိုးတယ္ စိတ္ထားျဖဴတယ္ ။
ဒီစိတ္ေတြေၾကာင့္ပဲဘယ္ေလာက္ ႐ုပ္ဆိုး႐ုပ္ဆိုးသူတစ္ခုခု လိုအပ္လာရင္ ကူညီမယ့္သူေတြအဆင္သင့္နဲ႕ သူ႕အနားမွာ ဝန္းရံသူေတြေပါမ်ားတတ္တယ္ ။
တစ္ခ်ိဳ႕လူေတြက႐ုပ္လည္းမလွဘူး စိတ္လည္းမလွဘူး ။
ဒါေၾကာင့္ပဲ ဘယ္သူနဲ႕မွ အဆင္မေျပပဲတေလာကလုံးကို အျပစ္ျမင္ၿပီးပူေလာင္ေနရတယ္ ။
႐ုပ္လွၿပီး စိတ္လွဖို႔ ဆိုတာကလည္းဘဝေပးကုသိုလ္ကံ ေကာင္းေလးေကာင္းခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မယ္ ။
ဒါေပမယ့္ အရင္ဘဝကဘာေကာင္းခဲ့ ေကာင္းခဲ့မေကာင္းခဲ့ မေကာင္းခဲ့….
ဒီဘဝမွာ ရသင့္ရထိုက္တဲ့ ႐ုပ္ရည္ကေတာ့ျပဳျပင္လို႔မရရင္ စိတ္ကေလးကိုေတာ့ေကာင္းတာ မလုပ္နိုင္ေသးရင္ သူမ်ားကို ဒုကၡမေပးမိေအာင္ေန။
လူ႕တန္ဖိုးဆိုတာ႐ုပ္ရည္ ေငြေၾကးအေပၚကေနအေပၚယံရွပ္ၾကည့္လို႔ မသိရဘူး ။
တန္ဖိုးတက္ေအာင္မေနနိုင္ေသးရင္ေတာင္ ကိုယ္က်င့္တရား အပိုင္းမွာ တန္ဖိုးက်ေအာင္ မေနနဲ႕။
စိတ္ေပါ့ပါးရင္ ႐ုပ္ၾကည္တယ္ ။စိတ္ေကာင္းရွိရင္ ကံေကာင္းတယ္ ။
စိတ္မေကာင္းနိုင္ေသးရင္ေတာင္စိတ္မယုတ္ညံ့နဲ႕ ။
ကိုယ္ေဒါသထြက္ခ်ိန္အၿငိဳးေတးႀကီးခ်ိန္ တုန္းကလည္းတအားကို ပူေလာင္ၿပီး ႐ုပ္က်ခဲ့ရတဲ့အခ်ိန္အခိုက္တန႔္ ရွိခဲ့ဖူးတယ္ ။
အဓိကကေတာ့ စိတ္ထား ေပါ့ပါးသြားရင္အရာအားလုံးက ေပါ့ေပါ့ပါးပါး ျဖစ္သြားမွာပါ…။
အရွင္သူရိယ ျပန္လည္မွ်ေဝသည္