ပျံလွန်တော်မူပြီးသည်မှာ နှစ်ပေါင်းများစွာ ကြာသော်လည်း ယနေ့အချိန်ထိ မပုပ်မသိုးဘဲ နဂိုအတိုင်း ရုပ်မပျက်တည်ရှိနေသော ရဟန္တာဆရာတော်ကြီးများ
ဆရာတော် ဦးကဝိ (စွန်းလွန်းဆရာတော်) ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၉ ခုနှစ်၊ တစ်ပေါင်းလဆန်း ၂ ရက်၊ တနင်္လာနေ့ နံနက် ၃ ချက်တီးကျော်အချိန်၌ အထက်မြန်မာပြည်၊မြင်းခြံမြို့အနီး စွန်းလွန်းရွာ အဖဦးသန့်၊ အမိ ဒေါ်တုတ်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။
ဆရာတော်ဘုရားကြီးသည်ထွက်သက်၊ ဝင်သက်၊ အာနာပါဏ မှစ၍ ထိ၊ သိ၊ သတိ အစရှိသော တရားအားထုတ်မှုများကို သဒ္ဓါဝိရိယ၊ ဇွဲသန်သန်နှင့် နေ့ညမပြတ် အားထုတ်သွားရာ ၁၂၈၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့ ည ၁ဝနာရီအချိန်တွင် ပထမအကြိမ် တရားထူးကို တွေ့ရလေ သည်။
၁၂၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ည ၁ဝ နာရီအချိန်တွင် ဒုတိယအကြိမ် တရားထူးကို တွေ့ရပြန်သည်။ ၁၂၈၂ ခုနှစ် တော်သလင်းလပြည့် ကျော် ၁၃ ရက်၊ တနင်္လာနေ့ည ၁ဝ နာရီအချိန်တွင် မိမိခန္ဓာ ကိုယ်၌ ပြင်းပြလှသော ဝေဒနာများကို ခံစားရပြီးနောက် တတိယအကြိမ်မြောက် တရားထူးကို တွေ့ရပြန်၏။
၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အင်္ဂါနေ့ ည ၁ဝ နာရီအချိန်တွင် စတုတ္ထအကြိမ်မြောက် တရား ထူးကို တွေ့ရပြန်လေသည်။၁၃၁၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် စနေနေ့ညနေ၄:၄၅ အချိန်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုးတည်ရှိနေပါသည်။
မန်လည်ဆရာတော်
မန်လည်ဆရာတော် ရှင်ဇဝန အား မန်လည်မြို့ဝန် မင်းထင်မင်းလှက ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်လှူဒါန်းပြီးနောက် ထိုကျောင်းကိုအစွဲပြုကာ မန်လည်ဆရာတော်ဟု ကျော်ကြားခဲ့ခြင်းဖြစ်သည်။
လယ်တီဆရာတော်ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ဆန်းသံခိပ် နှင့် အလင်္ကာသံခိပ်ကျမ်းများကို စီရင်ရေးသားနေဆဲကာလတွင် ပျံလွန်တော်မူခဲ့သည်။
ပျံလွန်သည့်အချိန်မှာ ၁၂၈၂ ခုနှစ် ၊ တော်သလင်း လဆန်း ၁၃ ရက် ၊ နံနက် ၁နာရီ ၃၀ မိနစ်ဖြစ်ပြီး ထိုအချိန်တွင် ဆရာတော်၏ အသက်မှာ သက်တော် ၇၉ ဝါတော် ၅၆ ဝါ ရှိပြီဖြစ်သည်။
မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် ထုံးစံအတိုင်း ကျောင်းတော်ကြီးနံဘေးတွင် စေတီတစ်ဆူ၌ ဂူသွင်းမြုပ်နှံ သင်္ဂြိုဟ်ခဲ့သည်။ထိုသို့မြုပ်နှံပြီး ၃ လ ခန့်အကြာတွင် ဆရာတော်ကြီး၏ တပည့်ရင်း ကပ္ပိယ ဦးဘရင်က ဆရာတော်ကြီးအား အိပ်မက်မြင်မက်ကြောင်း ဂူတွင်းမှ ထုတ်ယူ၍ ကြည့်ရှုခွင့်ပေးပါရန် ငိုယိုပြောကြားသည်။
ဒုတိယ မန်လည်ဆရာတော်က မသင့်တော်ကြောင်း တားသော်လည်း ဒကာရင်းဖြစ်သူမှာ ရှိုက်ကြီးတငင်ငိုယိုပြောဆိုနေသည့်အတွက် နောက်ဆုံးတွင် ဂူကိုဖွင့်ကာ အလောင်းတော်အား ထုတ်ကြည့်ကြလေသည်။ ဤတွင် အံဩဖွယ်ကောင်းလောက်အောင် ဆရာတော်၏ ရုပ်အလောင်းသည် ပျက်စီးခြင်း ၊ ပုပ်သိုးနံစော်ခြင်း မရှိပဲ ပကတိကျိန်းစက်နေသည့်အလား ဖူးမျှော်လိုက်ကြရသည်။ ထိုအခါမှ လူအပေါင်းတို့ အုံးအုံးကျွတ်ကျွန်ဖြစ်လာပြီး အလောင်းတော်ကို မှန်ခေါင်းဖြင့် ပြောင်းထည့်၍ အပူဇော်ခံ ထားရှိကြပေသည်။သစ်စေးကိုင်၍ ရွှေချထားသော ဆရာတော်ကြီး၏ ကြွင်းကျန်သောရုပ်ကလာပ်ကို ယနေ့တိုင် စံကျောင်းတော်တွင် ဖူးမျှော်နိုင်ပေသည်။
ဆရာတော် ဦးကေသရ
ဆရာတော်အရှင်ကေသရသည် ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ်၊ နဲသမိန်စံပြကျေးရွာ မြောက်ဘက်ကျောင်းတွင် မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ် သက်တော် ၇၇ နှစ်၌ ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။
ဆရာတော် ဦးသုဇာတ
ဆရာတော်ဦးသုဇာတသည် ရခိုင်ပြည်နယ် ၊ သံတွဲမြို့ ၊ သံတွဲ – ဂွလမ်းပေါ်ရှိ ဇလွန်-မဒေး ကျောင်းတိုက်တွင်တည်ရှိပြီး သက်တော် ၈၀ ၊ဝါတော် ၆၀ ၊ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ၊မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မူသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်သော်လည်း ယခုတိုင်မပုပ်မသိုး တည်ရှိနေပါသည်။
ဒလမြို့က ဆရာတော်ဦးလိပ်
ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့ ကားဂိတ်နှင့်မနီးမဝေးရှိ မြို့မဇေယျဝတီ စာသင်တိုက် နဲ့ ရွှေစာရံစေတီတွင် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝကျော်က ခန္ဓာဝန်ချခဲ့သော ရဟန္တာ တစ်ပါး၏ ရုပ်ကလာပ်တော်ကို ယနေ့ တိုင် ဖူးတွေ့နိုင်ပါသည်။ ရဟန္တာကိုယ်တော်မှာ ဦးပညာဖြစ်၍ လူအမည်မှာ ဦးလိပ်ဖြစ်သည်။
ငယ်စဉ် ကလေးပေါက်စအရွယ်၌ ဆန်ကောကြီးထဲ တွင် အနှီးခင်း၍သိပ်ထားစဉ် ဆန်ကော အောက်၌ လိပ်ကြီးတစ်ကောင် ရောက် နေသည်ကိုအကြောင်းပြု၍ မောင်လိပ်ဟု အမည်မှည့်ခေါ်ခဲ့ရခြင်းဖြစ်သည်။ ရဟန်း အဖြစ်သို့ရောက်သောအခါ ဆရာတော် ဦးလိပ်ဟူ၍ ခေါ်ဆိုကြသည်။
ဆရာတော်ပျံလွန်တော်မူခါနီးအချိန် တွင် ”ဒလမြို့ ရွှေပေါက်ပင်ကျောင်း ဆရာတော်ဦးပညာ လူအမည်ဦးလိပ် သည် ရဟန္တာဖြစ်သည်”ဟူသော အိပ် မက်အရ ရပ်ဝေးရပ်နီးမှ လူပေါင်းများစွာ လာရောက်ဖူးမြော်ကြသည်။
တစ်ဆင့် စကားတစ်ဆင့်ကြားပြီး လာရောက်ဖူးမြော် ကြရာ နေ့စဉ်တိုးမပေါက်အောင် စည် ကားလှသည်။လူများသာမက နွားများ၊ မြင်းများ၊ မြွေသတ္တဝါများကပင် အုပ် လိုက်ကျောင်းပေါ်သို့ တက်ရောက်ဖူး မြော်ကြသည်။ ထိုသို့လာဖူးမြော်ကြသူ များ မစဲမီမှာပင် ဆရာတော်ဦးလိပ် (ဦး ပညာ)ပျံလွန်တော်မူခဲ့သည်။
ဆရာတော်၏ ရုပ်ကလာပ်တော်ကို ကြေးခေါင်းတွင် ထည့်သွင်း၍ ကြေး ပုခက်ကို ကျွန်းတိုင်ကြီးများဖြင့် အခိုင် အမာဆောက်လုပ်ထားသောနိဗ္ဗာန်ကျောင်း ၌ သံဝရန်တာပြုလုပ်၍ ချိတ်ဖြင့်ပူဇော် ထားခဲ့သည်။
မည်မျှကြာသည်အထိ ပူဇော်ထားကြောင်း မသိရချေ။ ထို့နောက် နိဗ္ဗာန်ကျောင်းမှချ၍ ရွှေစာရံစေတီတော် ဝင်းအနီးတွင် အုတ်ဂူကြီးတည်ဆောက် ပြီး ထည့်သွင်းပူဇော်ခဲ့ကြသည်။အုတ်ဂူ ကြီး၏ပမာဏမှာ အလျား ပေ၂၃၊ အနံ၁၈ပေ ၊ အမြင့် ၂၃ပေရှိသည်။ ရှေးအနုပညာလက်ရာများ ဖြင့် အလွန်တင့်တယ်သည်ဟု ဆိုသည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဗုံးဒဏ်ကြောင့် ဂူကြီးမှာလည်း ပျက်စီး သွားခဲ့သည်။ ၁၈နှစ်တိုင် ပြုပြင်နိုင်ခြင်း မရှိဘဲ ဂူပျက်ကြီးအဖြစ် ရှိနေခဲ့သည်။၁၃၂၃ခုနှစ် တပေါင်းလပြည့် (၁၁-၃-၁၉၆ဝ)ရက်နေ့တွင် ဒလမြို့ဈေးလမ်း ရပ်နေ ဒကာမကြီးဒေါ်တင်က ဂူကြီးကို ပြုပြင်ရန် ငွေလှူဒါန်းခဲ့သည်။
တပေါင်း လပြည့်ကျော်၁၂ရက်(၂၃-၃-၁၉၆ဝ)ရက် နေ့တွင် လူပေါင်းများစွာဖြင့် ဂူကြီးကို တူးဖြိုရှင်းလင်းသည်။ တန်ခူးလဆန်း ၄ ရက်၊ (၃ဝ-၃-၁၉၆ဝ)ရက်နေ့တွင် ဂူ အတွင်းမှ ကြေးခေါင်းကြီးကို ထုတ်ယူ ရရှိသည်
။ကြေးခေါင်းကြီးကိုတန်ဆောင်း အတွင်း ခေတ္တထားရာ လူအများ ညသန်း ခေါင်ကျော်အချိန်အထိ ကြိတ်ကြိတ်တိုး လာရောက်ဖူးမြော်ကြသည်။ကြေးခေါင်းကြီးကိုဖွင့်လိုက်သောအခါ ဦးခေါင်းတော်ကို ရွှေအပြည့်ချထားပြီး မျက်နှာတော်ကိုပါ ပုံမပျက်ဖူးမြော်ကြ ရသောကြောင့် အံ့ဩမဆုံးဖြစ်ကြသည်။ ဂူအတွင်းမှ ကြေးနီပိုက်ဆံပြား ၁၇၅စေ့၊ငွဒင်္ဂါးနှစ်ပြား၊ ငွေမတ်စေ့ ၃၅စေ့၊ ငွေ မူးစေ့ ၇၆စေ့တို့တွေ့ရသည်။ အလောင်း တော်၏ခံတွင်းပါးစပ်မှ မောင်းကွင်းလက် စွပ်ခေါ် မိုးကြိုးလက်စွပ် ၇၁ ခု ကိုတွေ့ ရသည်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဗုံးဒဏ်ကြောင့် ဂူကြီးမှာလည်း ပျက်စီး သွားခဲ့သည်။ ၁၈နှစ်တိုင် ပြုပြင်နိုင်ခြင်း မရှိဘဲ ဂူပျက်ကြီးအဖြစ် ရှိနေခဲ့သည်။၁၃၂၃ခုနှစ် တပေါင်းလပြည့် (၁၁-၃-၁၉၆ဝ)ရက်နေ့တွင် ဒလမြို့ဈေးလမ်း ရပ်နေ ဒကာမကြီးဒေါ်တင်က ဂူကြီးကို ပြုပြင်ရန် ငွေလှူဒါန်းခဲ့သည်။
၁၃၆၆ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၅ ရက်နေ့ (၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅) တို့တွင် နောက်ဆုံးအကြိမ် မျက်လုံးတော် နှစ်ကြိမ်ပွင့်ခဲ့သည် ဟုသိရသည်။ ယခုအခါ စံကျောင်းတော် ဆောက် လုပ်ပြီး အများပြည်သူဖူးမြော်နိုင်ရန် မှန် ခေါင်းတွင်ထည့်၍ ပူဇော်ထားသည်။crd