ဗဟုသုတ

US$9.6 billion စည်းစိမ်ကိုစွန့်ကာ သာသနာမှာ အပြီးပိုင် ဝင်ရောက်သွားတဲ့ ဆရာတော်ရှင်သီရိပုညော

US$9.6 billion စည်းစိမ်ကိုစွန့်ကာ သာသနာမှာ အပြီးပိုင် ဝင်ရောက်သွားတဲ့ ဆရာတော်ရှင်သီရိပုညော

တစ်ချိန်က ရွှေဘုံပေါ်မှာအသပြာထုတ်ကို ခေါင်းအုံးလုပ် ဒေါ်လာကို မွေးရာလိပ်ပြီး အိပ်ခဲ့တဲ့ သူဌေးသား ၊မရှိဆိုတဲ့ စကားကိုမကြားဖူးအောင်ထိ ပြည့်စုံတဲ့ သူဌေးသား ၊ သူဌေးသမီးတွေဝိုင်းဝိုင်းလည်ခဲ့တဲ့ သူဌေးသား၊ လက်ညှိုးထိုး ဘာမဆိုဖြစ်နိုင်ခဲ့တဲ့ သူဌေးသား ၊ ဟင်းခွက် တစ်ရာနဲ့စားခဲ့တဲ့ သူဌေးသား၊ အကောင်းဆုံး စားဖိုမှူး တွေရဲ့ လက်ရာတွေကို တစ်နေ့တစ်ခြား မရိုးရအောင် စားခဲ့တဲ့သူဌေးသား။

အော်.. ခုတော့

ရွာအသီးသီး လမ်းအသွယ်သွယ်မှာ ရပ်ဆွမ်းခံကြွပြီး ရလာတဲ့ဆွမ်းကြမ်း ဆင်းရဲ ချမ်းသာမဟူ သဒ္ဓါဆွမ်းတွေဆိုတော့ အေးအေး ပူပူ ဆွမ်းအလှူရှင်တွေကို မေတ္တာပို့ ဓမ္မကိုနှလုံးပြုပြီး ဆွမ်းဘုန်းနေရတဲ့ အချိန်တွေ ၊တောနက်ထဲက ဓနိထန်းရွက် ကာထားတဲ့ ကြမ်းတမ်းတဲ့ ဝါးကျောင်းပေါ်မှာပဲ ဓမ္မကိုအဖော်ပြုပြီး ပျော်ရွှင်ရတဲ့ ပီတိတွေကို လောကမှာ ဘာနဲ့အစားထိုးနိုင်ပါအံနည်း……

လက်ရှိမှာ US$9.6 billion ချမ်းသာပြီး ၊ မလေး, ထိုင်း, သီရိလင်္ကာ, ပြင်သစ် ,အမေရိကန် စသည့်နိုင်ငံတကာတွင် စီးပွားရေး ကုမ်ပဏီများစွာ ပိုင်ဆိုင်ထားတဲ့ မလေးရှား သူဌေး Anada Krishnan ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ ဆရာတော် အရှင် သီရိပုညော ဖြစ်ပါတယ်။

ကမ္ဘာမှာ အချမ်းသာဆုံး နံပါတ် 89 ကိုရထားတဲ့ တစ်ဦးတည်းသော သား အရှင်သီရိပညောဟာ UK မှ -Speaks 8 different languagerls ဖြင့် ဘွဲ့ရထားသူလည်းဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဓမ္မတွေကို တွေ့ထိတဲ့နေ့ကစပြီး US$9.6 billion စည်းစိမ်ကိုစွန့်ကာ သာသနာမှာ အပြီးပိုင် ဝင်ရောက်သွားတော့ ခမည်းတော်နှင့် မယ်တော်ခမျာ ဝမ်းနည်းဝမ်းသာဖြင့် လျှောက်တင်ရပြီလေ” သားရေ အဖေ အမေတို့ ပိုင်ဆိုင်ထားတဲ့ သန်းပေါင်းများစွာသော စည်းစိမ်ဥစ္စာတွေကို သားကျောင်းပြီးရင် အမွေအားလုံး လွဲပြောင်းတော့မလို့စာချုပ်စာတမ်း ရှေ့နေတွေနှင့်တကွ အဆင်သင့်လုပ်ထားနေတဲ့ကြားက ရဟန်းဝတ်သွားတော့ အဖေ အမေတို့မျှော်လင့်ချက်တွေအားလုံး သဲထဲရေသွင်သလို ဖြစ်ရပြီပေါ့ကွယ်

သားရေ အဖေ အမေတို့လည်း အသက်ကြီးနေပါပြီကွယ် ပြန်သေချာ စဉ်းစားပါအုန်းနော်..” လို့မိဘတွေ အတန်တန် ပြောဆိုခဲ့ပေမယ့် သူဟာ အမှန်တရားကို ရှာဖွေချင်တဲ့ စိတ်ကပြင်းပြနေလေတော့ သန်းပေါင်းများစွာသော စည်းစိမ်တွေနှင့်မိဘတွေရဲ့ မေတ္တာ ကို ဥပေက္ခာပြုပြီး “အသေမဦးခင် ဉာဏ်ဦးရမည်”လို့ ထိုင်းဆရာတော် Ajahn Chah ရဲ့တရားတွေက သူ့ရဲ့နားထဲမှာ အထပ်ထပ်ကြားလေတော့ “မရဏာနုဿတိ” ကို နှလုံးသွင်းပြီး သပိတ်တစ်လုံး သင်္ကန်း တစ်ထည်တည်း နဲ့ တောရပ်မြိုင်သွားပြီးထိုင်းဆရာတော် Ajahn Chah ကို ဥပဇ္ဈာယ်ပြုပြီး တောထဲမှာ တရားအားထုတ် ခဲ့တဲ့ ရဟန်းငယ်ပေါ့ ခုတော့ နိုင်ငံတကာကြွပြီး တရားပြတဲ့ ဆရာတော်တစ်ပါးဖြစ်နေပါပြီ…

(သစ္စာတရားကို တန်ဖိုးထားတတ်တဲ့လူဟာ ဘာကိုမဆို စွန့်လွတ်ရဲရမည် )

တစ်ချိန်တုန်းကတော့ ကမ္ဘာ့မီဒီယာလောကကို လှုပ်ကိုင်ခဲ့တဲ့ သူဌေးသားရဟန်းငယ်ပေါ့ သတင်းမျက်နှာဖုံးပေါ်မှာစာလုံးကြီးနဲ့ သူဌေးသား ရဟန်းဝတ်တဲ့အကြောင်းတွေ

ပလူပျံခဲ့ဖူးတဲ့ ဆရာတော်ပါ…

ခုဆိုရင် ထိုင်း-မြန်မာ Dtao Dum တောနက်ကြီး နယ်စပ်မှာ ဓုတင် တောရပ်ဆောက်တည် သီတင်းသုံးနေပါတယ်။ ခုတော့ နိုင်ငံတကာ ကြွပြီး ကိုယ်တွေ့တရားဟောကြားနေပါတယ်။Credit

US$9.6 billion စည္းစိမ္ကိုစြန့္ကာ သာသနာမွာ အၿပီးပိုင္ ဝင္ေရာက္သြားတဲ့ ဆရာေတာ္ရွင္သီရိပုေညာ

တစ္ခ်ိန္က ေ႐ႊဘုံေပၚမွာအသျပာထုတ္ကို ေခါင္းအုံးလုပ္ ေဒၚလာကို ေမြးရာလိပ္ၿပီး အိပ္ခဲ့တဲ့ သူေဌးသား ၊မရွိဆိုတဲ့ စကားကိုမၾကားဖူးေအာင္ထိ ျပည့္စုံတဲ့ သူေဌးသား ၊ သူေဌးသမီးေတြဝိုင္းဝိုင္းလည္ခဲ့တဲ့ သူေဌးသား၊ လက္ညွိုးထိုး ဘာမဆိုျဖစ္နိုင္ခဲ့တဲ့ သူေဌးသား ၊ ဟင္းခြက္ တစ္ရာနဲ႕စားခဲ့တဲ့ သူေဌးသား၊ အေကာင္းဆုံး စားဖိုမႉး ေတြရဲ႕ လက္ရာေတြကို တစ္ေန႕တစ္ျခား မရိုးရေအာင္ စားခဲ့တဲ့သူေဌးသား။

ေအာ္.. ခုေတာ့

႐ြာအသီးသီး လမ္းအသြယ္သြယ္မွာ ရပ္ဆြမ္းခံႂကြၿပီး ရလာတဲ့ဆြမ္းၾကမ္း ဆင္းရဲ ခ်မ္းသာမဟူ သဒၶါဆြမ္းေတြဆိုေတာ့ ေအးေအး ပူပူ ဆြမ္းအလႉရွင္ေတြကို ေမတၱာပို႔ ဓမၼကိုႏွလုံးျပဳၿပီး ဆြမ္းဘုန္းေနရတဲ့ အခ်ိန္ေတြ ၊ေတာနက္ထဲက ဓနိထန္း႐ြက္ ကာထားတဲ့ ၾကမ္းတမ္းတဲ့ ဝါးေက်ာင္းေပၚမွာပဲ ဓမၼကိုအေဖာ္ျပဳၿပီး ေပ်ာ္႐ႊင္ရတဲ့ ပီတိေတြကို ေလာကမွာ ဘာနဲ႕အစားထိုးနိုင္ပါအံနည္း……

လက္ရွိမွာ US$9.6 billion ခ်မ္းသာၿပီး ၊ မေလး, ထိုင္း, သီရိလကၤာ, ျပင္သစ္ ,အေမရိကန္ စသည့္နိုင္ငံတကာတြင္ စီးပြားေရး ကုမ္ပဏီမ်ားစြာ ပိုင္ဆိုင္ထားတဲ့ မေလးရွား သူေဌး Anada Krishnan ရဲ႕ တစ္ဦးတည္းေသာ သားျဖစ္တဲ့ ဆရာေတာ္ အရွင္ သီရိပုေညာ ျဖစ္ပါတယ္။

ကမာၻမွာ အခ်မ္းသာဆုံး နံပါတ္ 89 ကိုရထားတဲ့ တစ္ဦးတည္းေသာ သား အရွင္သီရိပေညာဟာ UK မွ -Speaks 8 different languagerls ျဖင့္ ဘြဲ႕ရထားသူလည္းျဖစ္ပါတယ္။ ဗုဒၶရဲ႕ ဓမၼေတြကို ေတြ႕ထိတဲ့ေန႕ကစၿပီး US$9.6 billion စည္းစိမ္ကိုစြန့္ကာ သာသနာမွာ အၿပီးပိုင္ ဝင္ေရာက္သြားေတာ့ ခမည္းေတာ္ႏွင့္ မယ္ေတာ္ခမ်ာ ဝမ္းနည္းဝမ္းသာျဖင့္ ေလွ်ာက္တင္ရၿပီေလ” သားေရ အေဖ အေမတို႔ ပိုင္ဆိုင္ထားတဲ့ သန္းေပါင္းမ်ားစြာေသာ စည္းစိမ္ဥစၥာေတြကို သားေက်ာင္းၿပီးရင္ အေမြအားလုံး လြဲေျပာင္းေတာ့မလို႔စာခ်ဳပ္စာတမ္း ေရွ႕ေနေတြႏွင့္တကြ အဆင္သင့္လုပ္ထားေနတဲ့ၾကားက ရဟန္းဝတ္သြားေတာ့ အေဖ အေမတို႔ေမွ်ာ္လင့္ခ်က္ေတြအားလုံး သဲထဲေရသြင္သလို ျဖစ္ရၿပီေပါ့ကြယ္

သားေရ အေဖ အေမတို႔လည္း အသက္ႀကီးေနပါၿပီကြယ္ ျပန္ေသခ်ာ စဥ္းစားပါအုန္းေနာ္..” လို႔မိဘေတြ အတန္တန္ ေျပာဆိုခဲ့ေပမယ့္ သူဟာ အမွန္တရားကို ရွာေဖြခ်င္တဲ့ စိတ္ကျပင္းျပေနေလေတာ့ သန္းေပါင္းမ်ားစြာေသာ စည္းစိမ္ေတြႏွင့္မိဘေတြရဲ႕ ေမတၱာ ကို ဥေပကၡာျပဳၿပီး “အေသမဦးခင္ ဉာဏ္ဦးရမည္”လို႔ ထိုင္းဆရာေတာ္ Ajahn Chah ရဲ႕တရားေတြက သူ႕ရဲ႕နားထဲမွာ အထပ္ထပ္ၾကားေလေတာ့ “မရဏာႏုႆတိ” ကို ႏွလုံးသြင္းၿပီး သပိတ္တစ္လုံး သကၤန္း တစ္ထည္တည္း နဲ႕ ေတာရပ္ၿမိဳင္သြားၿပီးထိုင္းဆရာေတာ္ Ajahn Chah ကို ဥပဇၩာယ္ျပဳၿပီး ေတာထဲမွာ တရားအားထုတ္ ခဲ့တဲ့ ရဟန္းငယ္ေပါ့ ခုေတာ့ နိုင္ငံတကာႂကြၿပီး တရားျပတဲ့ ဆရာေတာ္တစ္ပါးျဖစ္ေနပါၿပီ…

(သစၥာတရားကို တန္ဖိုးထားတတ္တဲ့လူဟာ ဘာကိုမဆို စြန့္လြတ္ရဲရမည္ )

တစ္ခ်ိန္တုန္းကေတာ့ ကမာၻ႔မီဒီယာေလာကကို လႈပ္ကိုင္ခဲ့တဲ့ သူေဌးသားရဟန္းငယ္ေပါ့ သတင္းမ်က္ႏွာဖုံးေပၚမွာစာလုံးႀကီးနဲ႕ သူေဌးသား ရဟန္းဝတ္တဲ့အေၾကာင္းေတြ

ပလူပ်ံခဲ့ဖူးတဲ့ ဆရာေတာ္ပါ…

ခုဆိုရင္ ထိုင္း-ျမန္မာ Dtao Dum ေတာနက္ႀကီး နယ္စပ္မွာ ဓုတင္ ေတာရပ္ေဆာက္တည္ သီတင္းသုံးေနပါတယ္။ ခုေတာ့ နိုင္ငံတကာ ႂကြၿပီး ကိုယ္ေတြ႕တရားေဟာၾကားေနပါတယ္။Credit