ဗဟုသုတ

မုန်တိုင်းငယ်ကြောင့် ဧပြီ ခုနစ်ရက်နေ့အထိ မိုးရွာနိုင်တဲ့ ဒေသများ မိုးဇလ ထုတ်ပြန်

မုန်တိုင်းငယ်ကြောင့် ဧပြီ ခုနစ်ရက်နေ့အထိ မိုးရွာနိုင်တဲ့ ဒေသများ မိုးဇလ ထုတ်ပြန်

မုန်တိုင်းငယ်၏အရှိန်ကြောင့် ဧပြီလ ၂ ရက်မှ ၇ ရက်အတွင်း တနင်္သာရီတိုင်းတွင်‌ နေရာအနှံ့အပြားတွင် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) ကြောင့် ထိုသို့ မိုးရွာနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပြင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များသင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။

ယင်းအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန္တိုင္းငယ္ေၾကာင့္ ဧၿပီ ခုနစ္ရက္ေန႕အထိ မိုး႐ြာနိုင္တဲ့ ေဒသမ်ား မိုးဇလ ထုတ္ျပန္

မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ ဧၿပီလ ၂ ရက္မွ ၇ ရက္အတြင္း တနသၤာရီတိုင္းတြင္‌ ေနရာအႏွံ႕အျပားတြင္ မိုး႐ြာနိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလ ေဗဒ ဦးစီးဌာနက ထုတ္ျပန္ထားသည္။

ကပၸလီပင္လယ္ျပင္ ေျမာက္ပိုင္းတြင္ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ (Depression) ေၾကာင့္ ထိုသို႔ မိုး႐ြာနိုင္ၿပီး မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ျပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လွိုင္းႀကီးမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

မိုးသက္ေလျပင္း က်ေရာက္စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္ ၄၀ အထိ တိုက္ခတ္နိုင္ၿပီး လွိုင္းအျမင့္မွာ ၁၀ ေပမွ ၁၂ ေပခန႔္ ရွိနိုင္သည္ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

မုန္တိုင္းငယ္အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းမ်ားျဖစ္ေပၚနိုင္သျဖင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရးႏွင့္ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ားသေဘၤာမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ အသိေပးႏွိုးေဆာ္ထားသည္။

ယင္းအျပင္ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ ေနျပည္ေတာ္၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာနိုင္သည္ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးႀကီးျခင္းမ်ားျဖစ္ေပၚနိုင္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။