ဗဟုသုတ

ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်နည်း (၉)မျိုး

Unicode

ရှားစောင်းလက်ပတ်နှင့်ပေါင်းတင်နည်းများ

၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း ရှားစောင်းလက်ပတ်‌အလယ်သား အနှစ်လေးတွေကို ဇွန်းနဲ့ခြစ်ယူပြီး ရလာတဲ့ ဂျယ်အနှစ်လေးတွေကို မျက်နှာပေါ်လိမ်းပေးပါ။

မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။ တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း အသားအရေ‌ခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်းရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်

၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်းနည်း ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ

ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး ရလာသောအရည်ကို ရှားစောင်းလက်ပတ်အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။

ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။ ဆယ့်ငါးမိနစ်ခန့်‌ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။

တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ‌ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။ လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။

တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။ ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို ကု‌သပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။

ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။

၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။ ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါ

တစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်

၄။ရှားစောင်းလက်ပတ်scrubလုပ်နည်း

သကြားခွက် တစ်ဝက် ရှားစောင်းလက်ပတ်အနှစ် ခွက် ‌လေးပုံတစ်ပုံ အုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။

ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။

နှုတ်ခမ်းသားမဲညိုနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။

၅။ဆံသားတောက်ပဖို့အတွက် ရှားစောင်း လက်ပတ်+ဒိန်ချဉ်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ဒိန်ချဉ်ခွက်တစ်ဝက် ပျားရည်နဲ့သံလွင်ဆီ တစ်ဇွန်းဆီထည့်ပြီး ခေါင်းလျှော်ပြီးသား ဆံသားမစိုမ‌ခြောက်ပေါ် ဦးရေးပြားမှစ၍ ဆံသားအဆုံးအထိလိမ်းပေးပါ။

တဘတ်ကလေးနဲ့ ဆယ်မိနစ်ခန့်ပေါင်းပေးထားပါ။ ဆယ်မိနစ်ပြည့်ရင် တဘတ်ကိုဖြေချပြီး နာရီဝက်ခန့် ထားပြီးမှ ရေပြောင်အောင်ဆေးချပါ။ဒိန်ချဉ်အနံ့ပျောက်ချင် ခေါင်းလျှော်ရည်နည်းနည်းနဲ့ပြန်လျှော်ပေးပါ။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။

၆။‌ဆံသားခြောက်သွေ့ခြင်းအတွက် ရှားစောင်းလက်ပတ်+အုန်းဆီပေါင်းတင်နည်း အုန်းဆီခွက် တစ်ဝက်

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ပျားရည်ခွက် လေးပုံတစ်ပုံ တို့ကိုရောမွှေ၍ ခေါင်းလျှော်ပြီးသား မစိုမ‌ခြောက်ဆံသားပေါ် လိမ်းပေးပါ

နာရီဝက်ခန့်ထား၍ ခေါင်းလျှော်ရည်အနည်းငယ်နှင့်ပြန်လျှော်ပေးပါ။ဆံသားခြောက်သွေ့ပျက်စီး‌နေခြင်းအတွက် အလွန်အသုံးဝင်သောပေါင်းတင်နည်းဖြစ်ပါတယ်။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။

၈။ဗောက်ပျောက်စေမည့် ရှားစောင်းလက်ပတ်+ပန်းသီးရှာလကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ပန်းသီရှာလကာရည် ခွက်လေးပုံတစ်ပုံ ပျားရည် ခွက်လေးပုံတစ်ပုံ တို့ကိုရောမွှေပြီး ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ်လိမ်းပေးပါ။

မိနစ်နှစ်ဆယ်ခန့်ထားပြီး ခေါင်းလျှော်ရည်အနည်းငယ်နဲ့ပြန်ဆေးချပါ။တစ်လ နှစ်ခါ ပုံမှန်အသုံးပြုပေးလျှင် ဗောက်ထခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။

၉။အသားအရေကြည်လင်စေမည့် ရှားစောင်းလက်ပတ်အနှစ်+ နနွင်း ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် နနွင်း ခွက်လေးပုံတစ်ပုံ ပျားရည် သုံးဇွန်း တို့ကို သမအောင်ရောမွှေပြီး ရလာသောအနှစ်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။

မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေအေးနှင့်ဆေးချပါ။အဆီပြန်၍အသားအရေ ညစ်ထေနေခြင်း၊အသားအရည်အမဲစက်များကို သက်သာစေပြီး အသားအရည်ကြည်လင်‌စေမှာဖြစ်ပါတယ်။တစ်ပတ်နှစ်ကြိမ်အသုံးပြုနိုင်ပါသည်။

မင်မင်ပြောပြသွားတဲ့ ရှားစောင်းလက်ပတ်ပေါင်းတင်နည်းလေးတွေကို အသုံးပြုရင်း ပျိုမေတို့ လှပနိုင်ကြပါစေရှင်

ရှားစောင်းလက်ပတ်အနှစ်နဲ့ပေါင်းတင်နည်းတွေက အများကြီးရှိနေတာမို့ ပျိုမေတို့အသုံးပြုဖူးတဲ့

ရှားစောင်းလက်ပတ်ပေါင်းတင်နည်းလေးတွေကိုလည်း commentမှာ မျှဝေသွားနိုင်ပါတယ်

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Zawgyi

ရွားေစာင္းလက္ပတ္ႏွင့္ေပါင္းတင္နည္းမ်ား

၁။အသားအေရစိုေျပေစရန္ေပါင္းတင္နည္း ရွားေစာင္းလက္ပတ္‌အလယ္သား အႏွစ္ေလးေတြကို ဇြန္းနဲ႕ျခစ္ယူၿပီး ရလာတဲ့ ဂ်ယ္အႏွစ္ေလးေတြကို မ်က္ႏွာေပၚလိမ္းေပးပါ။

မိနစ္ သုံးဆယ္ခန႔္ေျခာက္ေသြ႕ေအာင္ထားၿပီး ေရေအးေအးေလးနဲ႕ ေဆးခ်ပါ။ တစ္ပတ္ႏွစ္ႀကိမ္ခန႔္ပုံမွန္ျပဳလုပ္ေပးျခင္းျဖင့္ အသားအေရ စိုေျပတင္းရင္းေစၿပီး

ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ျဖစ္ေပၚလာတဲ့ ဝက္ၿခံထြက္ျခင္း အသားအေရ‌ေျခာက္ေသြ႕ယားယံျခင္း၊အသားအေရေရာင္းရမ္းျခင္း မ်ားကိုသက္သာေစမွာျဖစ္ပါတယ္

၂။ဝက္ၿခံအမာ႐ြတ္နဲ႕အမဲစက္အတြက္ေပါင္းတင္းနည္း ရွားေစာင္းလက္ပတ္အႏွစ္ကို ဇြန္းနဲ႕ျခစ္ယူပါ

ခရမ္းခ်ဥ္သီး အေစ့ထုတ္ၿပီးသားတစ္လုံးကို ဓားသန႔္သန႔္ျဖင့္ ႏုတ္ႏုတ္ဆင္းၿပီး ရလာေသာအရည္ကို ရွားေစာင္းလက္ပတ္အႏွစ္နဲ႕ဆတူေရာၿပီး သမေအာင္ ေမႊေႏွာက္ေပးပါ။

ရလာေသာအႏွစ္အရည္ကို သန႔္စင္ထားေသာမ်က္ႏွာေပၚလိမ္းေပးပါ။ ဆယ့္ငါးမိနစ္ခန႔္‌ေျခာက္ေသြ႕ေအာင္ထားၿပီး ၾကက္သီးေႏြးေရေလးႏွင့္ေဆးခ်ပါ။

တစ္ဖန္ေရေအးေအးေလးႏွင့္ ျပန္သစ္ကာ ‌ေျခာက္ေသြ႕သန႔္ရွင္းေသာ တဘက္ေလးနဲ႕ ခပ္ဖြဖြသုတ္ေပးပါ။ လိမ္းေနက် toner, moisturizerေလးလိမ္းေပးပါ။

တစ္ပတ္ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးနိုင္ပါသည္။ ခရမ္းခ်ဥ္သီးမွာပါတဲ့ အက္စစ္ဓာတ္နဲ႕အာဟာရဓာတ္ေတြက ဝက္ၿခံေၾကာင့္ျဖစ္တဲ့အမဲစက္ေတြနဲ႕ဝက္ၿခံအမာ႐ြတ္ေတြကို ကု‌သေပးနိုင္ၿပီး အသားအေရကို ၾကည္လင္သန႔္ရွင္းေစပါတယ္။

ရွားေစာင္းလက္ပတ္က အသားအရည္ကိုေရဓာတ္ျဖည့္စိုေျပေစၿပီး အသားအေရေယာင္ရမ္းမႈကိုသက္သာေစပါသည္။

၃။ရွားေစာင္းလက္ပတ္အႏွစ္+ၾကက္ဥအကာေပါင္းတင္နည္း

ရွားေစာင္းလက္ပတ္အႏွစ္ႏွစ္ဇြန္းကို ၾကက္ဥအကာတစ္လုံးနဲ႕ ေရာေမႊၿပီး မ်က္ႏွာေပၚလိမ္းေပးပါ။ ဆယ့္ငါးမိနစ္ခန႔္ထားၿပီး ေရေႏြးေႏြးေလးနဲ႕ေဆးခ်ပါ။တစ္ဖန္ေရေအးေလးနဲ႕ျပန္ေဆးပါ

တစ္ပတ္ႏွစ္ႀကိမ္ပုံမွန္ျပဳလုပ္ေပးျခင္းျဖင့္ ေခြၽးေပါက္က်ဥ္းကာ အသားအေရစိုေျပေစမွာျဖစ္ပါတယ္

၄။ရွားေစာင္းလက္ပတ္scrubလုပ္နည္း

သၾကားခြက္ တစ္ဝက္ ရွားေစာင္းလက္ပတ္အႏွစ္ ခြက္ ‌ေလးပုံတစ္ပုံ အုန္းဆီခြက္တစ္ဝက္ တို႔ကိုေရာေမႊပါ။

ရလာေသာအႏွစ္ကို အသားအရည္ေပၚ ခပ္ဖြဖြ ပြတ္တိုက္ေပးျခင္းျဖင့္ ဆဲလ္ေသဖယ္ရွာေပးေသာ scrub အျဖစ္အသုံးျပဳနိုင္ပါသည္။

ႏႈတ္ခမ္းသားမဲညိုေနျခင္းအတြက္လည္း အသုံးျပဳနိုင္သလို ဒူးေခါင္းမဲျခင္း တံေတာင္စစ္မဲျခင္းတို႔အတြက္လည္း အသုံးျပဳနိုင္ပါသည္။

၅။ဆံသားေတာက္ပဖို႔အတြက္ ရွားေစာင္း လက္ပတ္+ဒိန္ခ်ဥ္ေပါင္းတင္နည္း

ရွားေစာင္းလက္ပတ္အႏွစ္ ခြက္တစ္ဝက္ ဒိန္ခ်ဥ္ခြက္တစ္ဝက္ ပ်ားရည္နဲ႕သံလြင္ဆီ တစ္ဇြန္းဆီထည့္ၿပီး ေခါင္းေလွ်ာ္ၿပီးသား ဆံသားမစိုမ‌ေျခာက္ေပၚ ဦးေရးျပားမွစ၍ ဆံသားအဆုံးအထိလိမ္းေပးပါ။

တဘတ္ကေလးနဲ႕ ဆယ္မိနစ္ခန႔္ေပါင္းေပးထားပါ။ ဆယ္မိနစ္ျပည့္ရင္ တဘတ္ကိုေျဖခ်ၿပီး နာရီဝက္ခန႔္ ထားၿပီးမွ ေရေျပာင္ေအာင္ေဆးခ်ပါ။ဒိန္ခ်ဥ္အနံ႕ေပ်ာက္ခ်င္ ေခါင္းေလွ်ာ္ရည္နည္းနည္းနဲ႕ျပန္ေလွ်ာ္ေပးပါ။တစ္ပတ္တစ္ႀကိမ္အသုံးျပဳနိုင္ပါသည္။

၆။‌ဆံသားေျခာက္ေသြ႕ျခင္းအတြက္ ရွားေစာင္းလက္ပတ္+အုန္းဆီေပါင္းတင္နည္း အုန္းဆီခြက္ တစ္ဝက္

ရွားေစာင္းလက္ပတ္အႏွစ္ ခြက္တစ္ဝက္ ပ်ားရည္ခြက္ ေလးပုံတစ္ပုံ တို႔ကိုေရာေမႊ၍ ေခါင္းေလွ်ာ္ၿပီးသား မစိုမ‌ေျခာက္ဆံသားေပၚ လိမ္းေပးပါ

နာရီဝက္ခန႔္ထား၍ ေခါင္းေလွ်ာ္ရည္အနည္းငယ္ႏွင့္ျပန္ေလွ်ာ္ေပးပါ။ဆံသားေျခာက္ေသြ႕ပ်က္စီး‌ေနျခင္းအတြက္ အလြန္အသုံးဝင္ေသာေပါင္းတင္နည္းျဖစ္ပါတယ္။တစ္ပတ္တစ္ႀကိမ္အသုံးျပဳနိုင္ပါသည္။

၈။ေဗာက္ေပ်ာက္ေစမည့္ ရွားေစာင္းလက္ပတ္+ပန္းသီးရွာလကာေပါင္းတင္နည္း

ရွားေစာင္းလက္ပတ္အႏွစ္ ခြက္တစ္ဝက္ ပန္းသီရွာလကာရည္ ခြက္ေလးပုံတစ္ပုံ ပ်ားရည္ ခြက္ေလးပုံတစ္ပုံ တို႔ကိုေရာေမႊၿပီး ေခါင္းေလွ်ာ္ၿပီးသား မစိုမေျခာက္ဆံသားေပၚလိမ္းေပးပါ။

မိနစ္ႏွစ္ဆယ္ခန႔္ထားၿပီး ေခါင္းေလွ်ာ္ရည္အနည္းငယ္နဲ႕ျပန္ေဆးခ်ပါ။တစ္လ ႏွစ္ခါ ပုံမွန္အသုံးျပဳေပးလွ်င္ ေဗာက္ထျခင္းကိုသက္သာေစမွာျဖစ္ပါတယ္။

၉။အသားအေရၾကည္လင္ေစမည့္ ရွားေစာင္းလက္ပတ္အႏွစ္+ နႏြင္း ေပါင္းတင္နည္း

ရွားေစာင္းလက္ပတ္အႏွစ္ ခြက္တစ္ဝက္ နႏြင္း ခြက္ေလးပုံတစ္ပုံ ပ်ားရည္ သုံးဇြန္း တို႔ကို သမေအာင္ေရာေမႊၿပီး ရလာေသာအႏွစ္ကို သန႔္စင္ထားေသာမ်က္ႏွာေပၚလိမ္းေပးပါ။

မိနစ္ႏွစ္ဆယ္ခန႔္ထားၿပီး ေရေအးႏွင့္ေဆးခ်ပါ။အဆီျပန္၍အသားအေရ ညစ္ေထေနျခင္း၊အသားအရည္အမဲစက္မ်ားကို သက္သာေစၿပီး အသားအရည္ၾကည္လင္‌ေစမွာျဖစ္ပါတယ္။တစ္ပတ္ႏွစ္ႀကိမ္အသုံးျပဳနိုင္ပါသည္။

မင္မင္ေျပာျပသြားတဲ့ ရွားေစာင္းလက္ပတ္ေပါင္းတင္နည္းေလးေတြကို အသုံးျပဳရင္း ပ်ိဳေမတို႔ လွပနိုင္ၾကပါေစရွင္

ရွားေစာင္းလက္ပတ္အႏွစ္နဲ႕ေပါင္းတင္နည္းေတြက အမ်ားႀကီးရွိေနတာမို႔ ပ်ိဳေမတို႔အသုံးျပဳဖူးတဲ့

ရွားေစာင္းလက္ပတ္ေပါင္းတင္နည္းေလးေတြကိုလည္း commentမွာ မွ်ေဝသြားနိုင္ပါတယ္

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။