စီးပွားကျဆင်းနေပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီလား? ဒါလေးလုပ်ကြည့်လိုက်ပါ။ အားလုံး အဆင်းပြေ သွားပါလိမ့်မယ် …။
အကယ်၍ သင်ဟာ စီးပွားရေး လူမှုရေး ကျန်းမာရေးအဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား …?
အလုပ်အကိုင် အခက်အခဲဖြစ်နေလား …?
သေချင်လောက်အောင်စိတ်ဓာတ်ကျနေလား …?
ဘဝမှာ အခက်အခဲမျိုးစုံရင်ဆိုင် ကြုံတွေ့နေရပြီလား …?
စိတ်မပူပါနဲ့။ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော်လိုက်ပါ …။
မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို စ ပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး။ စာအုပ်ကိုကြည့်ပြီး ပူဇော်တတ်ရင်ပဲ ရနေပါပြီ …။
စပြီးပူဇော်ကြည့်ယုံနဲ့ မိမိရဲ့ စိတ်အနေဘယ်လောက်အေးချမ်း လာတယ်ဆိုတာ သိလာရပါလိမ့်မယ် …။
ပူဇော်တဲ့သက်တမ်းရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေ အများကြီးရလာစေပါလိမ့်မယ် …။
လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော်။ လောကုတ္တရာအတွက် ကြီးမြတ်သော အထောက်အပံ့ကောင်း တစ်ခုကို မိမိလက်ဝယ် ပိုင်ဆိုင်နေတာကိုလည်း တွေ့လာရပါလိမ့်မယ် …။
ကောင်းတဲ့အလုပ်တွေပဲ လုပ်ချင်စိတ် ဖြစ်လာပါမယ်။ ဘဝမှာကောင်းမြတ်သော မျှော်လင့်ချက်တွေနဲ့ ရှင်သန်လာပါမယ်။ ဘဝတိုးတက်အောင်မြင်မှုကို ပေးစွမ်းနိုင်တာ မဟာသမယသုတ်ပဲ ဖြစ်ပါတယ် …။
ဆင်းရဲတွင်းက လွတ်ကင်း စေနိုင်ပြီး ဘဝမှာကောင်းသောပြောင်းလဲခြင်းများနဲ့ပြည့်စုံစေသော ကြီးပွားချမ်းသာခြင်းအတွက် အကောင်းဆုံးသော သုတ်တော် ကြီးလို့ ဘဝမှာမှတ်တိုင်စိုက်ထူပြီး ဖြစ်ပါတယ် …။
မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကို နာယူရသောကြောင့် ဘုရားရှင်လက်ထက်တော်မှာ ကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလည်းအများကြီး ရှိသလို …၊
အခုလောကီမှာလည်းကောင်းကျိုးမျိုးစုံစံစားခံစားနေရတဲ့ ထူးခြားတဲ့လူသားတွေလည်းအများကြီးရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို ယုံကြည်စွာပူဇော်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ရပါတယ် …။
မဟာသမယသုတ် ပရိတ်တော်ကို သိနေပြီ နာယူနေပြီ ပူဇော်နေပြီဆိုထဲက ထိုပုဂ္ဂိုလ် ဟာ ထူးမြတ်သော လူသားတစ်ယောက် ဖြစ်နေပါပြီနော် …။ ။
ခရက်ဒစ်
ခရက်ဒစ်