ဗဟုသုတ

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

Unicode

မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီးထိန်းသိမ်းခြင်းခံရ

ယနေ့ နံနက်ပိုင်းမှာ ပုဒ်မ ၅၀၅ က ထုတ်ခြင်းခံထားရတဲ့ မော်ဒယ်လ် သရုပ်ဆောင်ပိုင်တံခွန် ကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ပိုင်တံခွန် ရဲ့ အစ်မ ဖြစ်သူက အခုလိုရေးသားထားတာပါ။

“ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား 8 စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီမြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ Speak Out များများလေး လုပ်ပေးကြပါကျန်းမားရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ

Edit.. နေမကောင်းအရမ်းဖြစ်နေလို့ အမေတို့ဆီ ခဏ လာနေနေတာပါ”ဆိုပြီး ရေးသားထားပါတယ်။

ပရိတ်သတ်ကြီးလည်း ကျန်းမာရေးမကောင်းနေတဲ့ ပိုင်တံခွန်အတွက်အန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးကြပါဦးနော်

Zawgyi

မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန် ဖမ်းဆီထိန်းသိမ်းခံရ




