ဗဟုသုတ

ပဲခူးသားတစ်ယောက်အနေနဲ့ ပဲခူးမြို့ရဲ့ အဖြစ်အပျက်တွေ မြင်ရပြီး နာကျင်ခံစားနေရကြောင်း ရင်ဖွင့်လာခဲ့တဲ့ တိုင်ရွန်

အမိုက်စားခန္ဓာကိုယ်နဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့တိုင်ရွန်ကတော့ နုတ်ခမ်းနီမလေးတွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းရရှိထားပြီး အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ပါ။

ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်လာရတဲ့အထိ အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့အသိမှတ်ပြု အားပေးခြင်း ရရှိထားသူလည်း ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ မင်းသားတစ်လက်အနေနဲ့ ကိုယ့်ကိုကိုယ် အဖက်ဖက်က ပြည့်စုံအောင်အမြဲလေ့ကျင့်နေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

နွေဦးတော်လှန်ရေးမှာလည်း ပြည်သူများနှင့်အတူ တက်ကြွစွာ ပါ၀င်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။အခုဆိုရင် ပဲခူးမြို့ရဲ့ ၀မ်းနည်းဖွယ်အဖြစ်အပျက်တွေ မြင်တွေ့ရပြီး စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ရင်တွင်းခံစားချက်တွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာခဲ့ပါတယ်။

“ပဲခူးမြို့က အမျိုးတွေ အားတင်းထားပါဗျာ
ဒီထက်ပိုပြီး ပြောစရာစကားမရှိ နာကျင်ရပါတယ် …..

ပဲခူးသားတစ်ယောက်အနေနဲ့ ဘာမှမလုပ်ပေးနိုင်တာတောင်းပန်ပါတယ် …..

ကျွန်နော့်မြို့လေးပါ အေးအေးချမ်းချမ်းနေတဲ့ မြို့လေးပါ အရမ်းမလုပ်ကြပါနဲ့တောင်းပန်ပါတယ်ဗျာ”ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားပါတယ်။

source&photo-Tyron Bejay fb







