Unicode
ပရိသတ်ကြီးရေ သရုပ်ဆောင်ဝေဠုကျော်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပါ ။ သရုပ်ဆောင်အလုပ်အပြင် ဝေဠုကျော် ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ပရဟိတမင်းသားအဖြစ်လည်း ပရိသတ်တွေကချစ်ခင်လေးစားကြတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။
အခုအခါမှာတော့ တကယ်ကိုလိုအပ်နေတဲ့တောင်ဒဂုံမြို့နယ်၊ ၆၉ရပ်ကွက် မှ လိုအပ်နေသော ကျူးအိမ်ထောင်စု ၂၀၁ စုသို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ အလှူရှင်များကိုယ်စားတစ်အိမ်ထောင်လျှင် ဆန် ၂ပြည်ကြက်သွန်နီ ၅၀ကျပ်သား ၊ငါးခြောက် ၁၅ကျပ်သား ၊မျှင်ငါးပိ ၂၀ကျပ်သား တို့ကိုသွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
ထို့အပြင် တောင်ဒဂုံမြို့နယ်၊ ၆၉ရပ်ကွက်ကျူးအိမ်များ လှူပေးပြီးနောက်တွင် ကျူးအိမ်များ နောက်တွင် ရှိနေသော သီလရှင်ကမ္မဌာန်းကျောင်းငယ် ၅၂ ကျောင်းရှိသီလရှင် (၆၂)ပါး အတွက်ကိုလည်း ဆန်၆၂ပြည်၊ကြက်သွန်နီ ၃၁ပိဿာ ၊ငါးခြောက် ၁၀ပိဿာ ၊မျှင်ငါးပိ ၁၁ပိဿာ ၊ကုလားပဲ ၂၁ပိဿာ တို့ကို သွားရောက်လှူဒါန်း ပေးခဲ့ပါသည်။
အခုလို လ်ိုအပ်တဲ့နေရာတွေမှာ လှုဒါန်းနိုင်ရန် ပါ၀င်လူဒါန်းပေးကြသော အလှူရှင်များနှင့် ဝေဠုကျော် ဖောင်ဒေးရှင်းကိုလည်း ပြည်သူတစ်ဦးအနေနှင့် အရမ်းကိုကျေးဇူးတင်မိပါတယ်။
Source&Photo-Wai Lu Kyaw Foundation fb page
Zawgyi
အခုလို လိုအပ်တဲ့နေရာတွေမှာ လှုဒါန်းနိုင်ရန် ပါဝင်လူဒါန်းပေးကြသော အလှူရှင်များနှင့် ဝေဠုကျော် ဖောင်ဒေးရှင်းကိုလည်း ပြည်သူတစ်ဦးအနေနှင့် အရမ်းကိုကျေးဇူးတင်မိပါတယ်။