ဗဟုသုတ

ဒီနှစ်သင်္ကြန်မှာ ရေမစို အပျော်မဖက်ဘဲ တော်လှန်ကြတဲ့မြန်မာပြည်အနှံ့ကပြည်သူအားလုံးကို ဂုဏ်ပြုစကားဆိုလိုက်တဲ့ မင်းမော်ကွန်း

Unicode

ဒီနှစ်သင်္ကြန်မှာ ရေမစို အပျော်မဖက်ဘဲ တော်လှန်ကြတဲ့မြန်မာပြည်အနှံ့ကပြည်သူအားလုံးကို ဂုဏ်ပြုစကားဆိုလိုက်တဲ့ မင်းမော်ကွန်း

မင်းမော်ကွန်းဟာဆိရင် ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်ပြီး ပရိသတ်ရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တဲ့ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပြည်သူများနှင့်အတူ ပါ၀င်ခဲ့ပြီး အခုမှာတော့ ၅၀၅(က) ဖြင့် ထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။

အခုဆိုရင် သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနှစ်သင်္ကြန်မှာ ရေမစို အပျော်မဖက်ဘဲ တော်လှန်ကြတဲ့မြန်မာပြည်အနှံ့ကပြည်သူအားလုံးကို ဂုဏ်ပြုစကားဆိုထားတာပဲ ဖြစ်ပါတယ်။

” ဒီနေ့သင်္ကြန်အကျနေ့မှာ ရေမစို အပျော်မဖက်ဘဲ တော်လှန်ကြတဲ့မြန်မာပြည်အနှံ့ကပြည်သူအားလုံးကိုလေးစားဂုဏ်ယူပါတယ်သွေးအေး မသွားတဲ့အတွက်လည်း ကျေးဇူးတင်ရပါတယ် ကျွန်တော်၅၀၅ကိုကြောက်လို့ ပို့စ် တွေမတင်ရဲ တော့ဘူးလို့ ထင် ကြသူများလည်းရှိကောင်း ရှိပါလိမ့်မယ် အဲ့ဒီအတွက်ကိုအထွေအထူးဖြေရှင်းနေဖို့မလိုအပ်တော့ဘူးထင်ပါတယ်

မြန်မာပြည်အဝှမ်းကရဲဘော်ရဲဘက်တွေနဲ့ ထပ်တူရပ်တည်နေတယ်ဆိုတာတော့ အကြွင်းမဲ့ယုံ ကြည် စေချင်ပါတယ် ဘယ်တော့မှသွေးမအေးသလို တော်လှန်မှုကိုလည်းအရှိန်လျော့ချဖို့ လုံးဝလုံးဝ အစီအစဉ်မရှိပါဘူးရောက်ရာအရပ်မှာ မနိုင်မချင်း မအောင်မချင်း လွပ်လပ်မှု ငြိမ်းချမ်းမှုကို မရသေးသရွေ့ ဆက်လက်တော်လှန်နေဦးမှာပါအားလုံး ကျန်းမာ ဘေး ကင်း ကြပါစေ” ဆိုပြီး ရေးသား ထားတာပဲ ဖြစ်ပြီး ကိုကျော် တစ်ယောက် မိသားစုနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်နော်။

Zawgyi



အခုဆိုရင် သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနှစ်သနှင်္ကန်မှာ ရေမစို အပျော်မဖက်ဘဲ တော်လှန်ကြတဲ့မြန်မာပြည်အနှံ့ကပြည်သူအားလုံးကို ဂုဏ်ပြုစကားဆိုထားတာပဲ ဖြစ်ပါတယ်။

