ဗဟုသုတ

ဒီနှစ်သင်္ကြန်မှာ ပရိတ်သတ်တွေနဲ့အတူတူရှိမနေနိုင်ပေမယ့် နှစ်သစ်ဆုမွန်ကောင်းတွေနဲ့ အစစအရာရာ ဂရုစိုက်ကြဖို့ပြောလာတဲ့ Rဇာနည်

ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်လျှောက်လှမ်းနေတဲ့ အဆိုတော် Rဇာနည်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်းပါဝင်နေသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူပရိသတ်တွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေပြီး အလှူအတန်းတွေကိုလည်း ပြုလုပ်နေတာပါ..။

တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားကာ အားဖြည့်ပါဝင်နေတဲ့ Rဇာနည်ကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး လတ်တလောမှာလည်း ပြည်သူတွေအတွက် ဆုတောင်းစကားတွေနဲ့အတူ အားပေးစကားတွေ ပြောလာပါတယ်..။

ချစ်ရတဲ့ပြည်သူပရိသတ်တွေနဲ့ သင်္ကြန်မှာအတူမရှိနိုင်ပေမယ့် နှစ်သစ်ဆုတောင်းစကားတွေပြောကာ အရေးတော်ပုံအောင်ပြီး လာမယ့်နှစ်မှာ နှစ်ဆတိုးပျော်ကြမှာမို့ အစစအရာရာဂရုစိုက်ကြဖို့ကို အါးပေးပြောပြလာတာပဲ ဖြစ်ပါတယ်..။

“ချစ်ရတဲ့ ပရိသတ်ကြီးအားလုံး နေကောင်းကျန်းမာကြပါစေလို့ ဦးစွာပထမဆုမွန်ကောင်းတောင်းပေးချင်ပါတယ် သင်္ကြန်အတူမရှိရတာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပါပြီ မြန်မာပြည်ကြီး မကြာခင် ငြိမ်းချမ်းသွားပြီး လာမယ့်နှစ် သင်္ကြန်ကို နှစ်ဆတိုးပြီး ပျော်ကြမယ် အတူတူဆင်နွှဲကြမယ် ချစ်ရတဲ့ပရိသတ်ကြီးအားလုံး အသွားအလာ အနေအထိုင် အထူး

ဂရုစိုက်ကြပါ အားလုံးလည်းအန္တရာယ်ကင်း ဘေးရှင်းကြပါစေ လို့ဆုတောင်းပေးပါတယ်🙏🏻🙏🏻🙏🏻

အရေးတော်ပုံအောင်ရမည်..” ဆိုပြီး ဆုတောင်းဆိုကာ ရေးသားထားတာပဲ ဖြစ်ပါတယ်..။

ဝရမ်းထုတ်ခံထားရတဲ့ အခုလိုအချိန်ကာလမှာ ပရိသတ်တွေကလည်း Rဇာနည်ကို စိတ်ပူကာ ဂရုစိုက်ဆုတောင်းစကားတွေပြောထားသလို အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Credit

ပရိသတ္ႀကီးေရ.. အသံပါဝါေကာင္းေကာင္းနဲ႕ သီခ်င္းေကာင္းေတြေၾကာင့္ ဂီတေလာကမွာ ပရိသတ္အခိုင္အမာနဲ႕ ေအာင္ျမင္စြာရပ္တည္ေလွ်ာက္လွမ္းေနတဲ့ အဆိုေတာ္ Rဇာနည္ကေတာ့ ျပည္သူေတြနဲ႕ တစ္သားတည္းပါဝင္ေနသူပဲ ျဖစ္ပါတယ္..။

လက္ရွိအေျခအေနေတြနဲ႕ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလအစပိုင္းကတည္းက ျပည္သူပရိသတ္ေတြနဲ႕အတူ လမ္းေပၚထြက္လႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ပါဝင္ေနၿပီး အလႉအတန္းေတြကိုလည္း ျပဳလုပ္ေနတာပါ..။

တတ္နိုင္သေလာက္ အေကာင္းဆုံးႀကိဳးစားကာ အားျဖည့္ပါဝင္ေနတဲ့ Rဇာနည္ကေတာ့ ၅၀၅-က ျဖင့္ အေရးယူျခင္းခံထားရတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ၿပီး လတ္တေလာမွာလည္း ျပည္သူေတြအတြက္ ဆုေတာင္းစကားေတြနဲ႕အတူ အားေပးစကားေတြ ေျပာလာပါတယ္..။

ခ်စ္ရတဲ့ျပည္သူပရိသတ္ေတြနဲ႕ သၾကၤန္မွာအတူမရွိနိုင္ေပမယ့္ ႏွစ္သစ္ဆုေတာင္းစကားေတြေျပာကာ အေရးေတာ္ပုံေအာင္ၿပီး လာမယ့္ႏွစ္မွာ ႏွစ္ဆတိုးေပ်ာ္ၾကမွာမို႔ အစစအရာရာဂ႐ုစိုက္ၾကဖို႔ကို အါးေပးေျပာျပလာတာပဲ ျဖစ္ပါတယ္..။

“ခ်စ္ရတဲ့ ပရိသတ္ႀကီးအားလုံး ေနေကာင္းက်န္းမာၾကပါေစလို႔ ဦးစြာပထမဆုမြန္ေကာင္းေတာင္းေပးခ်င္ပါတယ္ သၾကၤန္အတူမရွိရတာ ဒီႏွစ္နဲ႕ဆို ႏွစ္ႏွစ္ရွိပါၿပီ ျမန္မာျပည္ႀကီး မၾကာခင္ ၿငိမ္းခ်မ္းသြားၿပီး လာမယ့္ႏွစ္ သၾကၤန္ကို ႏွစ္ဆတိုးၿပီး ေပ်ာ္ၾကမယ္ အတူတူဆင္ႏႊဲၾကမယ္ ခ်စ္ရတဲ့ပရိသတ္ႀကီးအားလုံး အသြားအလာ အေနအထိုင္ အထူး

ဂ႐ုစိုက္ၾကပါ အားလုံးလည္းအႏၲရာယ္ကင္း ေဘးရွင္းၾကပါေစ လို႔ဆုေတာင္းေပးပါတယ္🙏🏻🙏🏻🙏🏻

အေရးေတာ္ပုံေအာင္ရမည္..” ဆိုၿပီး ဆုေတာင္းဆိုကာ ေရးသားထားတာပဲ ျဖစ္ပါတယ္..။

ဝရမ္းထုတ္ခံထားရတဲ့ အခုလိုအခ်ိန္ကာလမွာ ပရိသတ္ေတြကလည္း Rဇာနည္ကို စိတ္ပူကာ ဂ႐ုစိုက္ဆုေတာင္းစကားေတြေျပာထားသလို အားေပးစကားေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Credit