ဗဟုသုတ

သွေးမအေးသွားဘဲ လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဟန်နီနွေဦးတို့လူငယ်တစ်စု

သွေးမအေးသွားဘဲ လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဟန်နီနွေဦးတို့လူငယ်တစ်စု

သရုပ်ဆောင် ဟန်နီနွေဦးကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ဒါ့အပြင်သူမရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့သလို အရေးကြီးလိုက်နာသင့်တဲ့ သတင်းအချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဟန်နီနွေဦးကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ပြည်သူအားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

သူမကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ မျိုးစုံပါဝင်ခဲ့သူတစ်ယောက်မို့အားလုံးက လေးစားနေရတာပါ။

ဖြိုခွင်းမှုတွေရှိနေတဲ့ကြားက သွေးအေးမသွားဘဲ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာသူလည်း ဖြစ်ပါတယ်..

အခက်အခဲတွေကြားက သွေးမအေးသွားဘဲ ရဲရင့်စွာလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မင်းသားချောအလင်းရောင်ရဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။

အရေးတော်ပုံအောင်ဖို့အတွက် အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်မှာ ပြည်သူတွေနဲ့အတူပါဝင်ခဲ့တာဖြစ်ပြီး လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဘုန်းဆက်သွင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

“ယနေ့သပိတ်
Daily reminder that the battle’s not over yet ပုံမှန်လိုသွားလာနေထိုင်လို့မရသေးဘူး
စစ်အာဏာရှင်အစိုးရမကျရှုံးမချင်း ကျွန်တော်တို့အားလုံး အားလျော့လို့သွေးအေးလို့မရဘူးဆိုတာ
ခေါင်းထဲရိုက်သွင်းထား” ဆိုပြီး လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

သွေးမအေးသွားဘဲ လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေတဲ့ ဟန်နီနွေဦးတို့လူငယ်တစ်စုရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Credit









“ယနေ့သပိတ်


Credit