ဗဟုသုတ
ဖြိုခွင်းမှုတွေကြားကနေပဲ သွေ း မတိတ် ပျောက်ကျားသပိတ်ကို အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့တဲ့ ကြည့်မြင်တိုင်က GZ လူငယ်များ
ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တော် လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြတဲ့ သူရဲ ကောင်းတွေကိုယ်စီကို ပြည်သူအားလုံးက ဒီနေ့ထိမမေ့ဘဲဆုတောင်းပေးခြင်းတွေအပြင် လှုပ်ရှားမှုမျိုးစုံနဲ့..
ဂုဏ်ပြုဆန္ဒထုတ်ဖော်ပေးမှုတွေကို နေရာအနှံအပြားမှာ ညီညီညွတ်ညွတ်ပြုလုပ်လျက်ရှိတာကိုတွေ့မြင်ရပါတယ်။ဒါ့အပြင် ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက် အားလုံးက မိသားစုနဲ့ထပ်တူ ကြေကွဲ..
ဝမ်းနည်းခဲ့ကြသလို ကျန်ရစ်သူမိသားစုတွေအတွက်လည်း အလှူငွေများလှူဒါန်းပေးကာ ပြန်လည်ကြည့်ရှုပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သူတွေဟာ ဒီလိုအပစ်အခတ်တွေကို နေရာအနှံအပြားမှာ နေ့စဉ်တိုင်း..
ရင်ဆိုင်နေရပေမယ့်လည်း လက်မလျော့ကြဘဲ ယုံကြည်ချက်ပန်းတိုင်တစ်ကိုရဖို့ ရရာနေရာကနေ ကြိုးပမ်းနေကြဆဲပါ။ခုလို သင်္ကြန်ပွဲတော်ရက်မှာလည်း လူငယ်တွေဟာ ရေဆော့ကစားခြင်းမပြုလုပ်ဘဲ ဆန္ဒထုတ်ဖော်မှု..
တွေကိုပဲ မိမိတို့ရဲ့မြို့နယ်တွေမှာ နည်းမျိူးစုံနဲ့ ပြုလုပ်နေကြတာတွေ့ရပါတယ်။ခုလည်း ကြည့်မြင်တိုင်ကလူငယ်တွေစုပေါင်းပြီး သွေ း မတိတ် ပျောက်ကျားသင်္ကြန်သပိတ်ကြီးကို လှုပ်ရှားခဲ့ကြတာတွေ့ရပါတယ်။..
ဖြို ခွ င်းခံရမှုတွေရှိနေပေမယ့်လည်း အဖမ်းအဆီးမရှိ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့လည်းရေးသားထားတာတွေ့ရပါတယ်။ပရိသတ်ကြီးအတွက် ကြည့်မြင်တိုင်က သူရဲကောင်းတွေရဲ့ လှုပ်ရှားမှုပုံလေးတွေကို မျှဝေပေးလိုက်ပါရစေ။..
Credit
Credit