ဗဟုသုတ

မုံရွာသပိတ်စစ်ကြောင်းခေါင်းဆောင် ကိုဝေမိုးနိုင်အား ကားနှင့်တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် (ရုပ်သံ)

မုံရွာသပိတ်စစ်ကြောင်းခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရ

မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုဝေမိုးနိုင်ကို ယနေ့ (ဧပြီ ၁၅) နေ့လယ်ပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မုံရွာမြို့ သာစည်လမ်းမကြီး မြို့မရွှေဘိုကျောင်းလမ်းတွင် ကိုဝေမိုးနိုင်စီးလာသော ဆိုင်ကယ်ကို အရပ်ဝတ်များ ဖြင့် လက်နက်ကိုင်များက အိမ်းစီးကားဖြင့် ဝင်တိုက်ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊

ကိုဝေမိုးနိုင်နှင့်အတူ အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရပြီး လက်ရှိတွင် မုံရွာမြို့တော်ခန်းမသို့ ဖမ်းဆီး ခေါ်သွားသည်ဟု သိရသော်လည်း

အတိအကျမသိရသေးကြောင်း၊ သပိတ်စစ်ကြောင်းတွင် ပါဝင်သူ များလည်း ထွက်ပြေးနေရကြောင်း မုံရွာမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

credit






credit