ဗဟုသုတ

ကိုဝေမိုးနိုင် နှင့် ဖမ်းဆီးခံထားရသည့် လူပေါင်း ၃၀၀၀ကျော်အတွက် အမေရိကန်သုံရုံး ၏ ထုတ်ပြန်ကြေငြာချက် အပြည့်အစုံ

Unicode

မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုဝေမိုးနိုင်ကို ယနေ့ (ဧပြီ ၁၅) နေ့လယ်ပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးခဲ့​ပါတယ်။

မုံရွာမြို့ သာစည်လမ်းမကြီး မြို့မရွှေဘိုကျောင်းလမ်းတွင် ကိုဝေမိုးနိုင်စီးလာသော ဆိုင်ကယ်ကို အရပ်ဝတ်များ ဖြင့် လက်နက်ကိုင်များက အိမ်းစီးကားဖြင့် ဝင်တိုက်ပြီးနောက် ဖမ်းဆီးသွားခဲ့ပါတယ်

အခုဆိုရင် ကိုဝေမိုးနိုင် ဖမ်း ဆီး ခံရမှုအပေါ် အမေရိကန်သံရုံးက အခုလိုပဲ ​ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

“ဧပြီ ၁၅ရက်တွင် မုံရွာမြို့၌ ဝေမိုးနိုင်နှင့်အခြားဆန္ဒပြသူတစ်ဦးတို့ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များကကားနှင့် ဝင်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်သတင်းများကို မြင်တွေ့ရပါသည်။

စစ်အာဏာရှင်အဖွဲ့အပေါ် မြန်မာပြည်သူများ အားပေးထောက်ခံခြင်းမရှိသည့်အကြောင်းအရင်းကို ယခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်မျိုးက ဆက်လက်သက်သေထူလျက်ရှိပါသည်။

စစ်အာဏာရှင်အဖွဲ့က ထိန်းသိမ်းထားသည့် လူပေါင်း ၃,၀၀၀ ကျော်ကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပြီး ဒီမိုကရေစီကို လိုလားတောင်းတလျက်ရှိသည့် မြန်မာပြည်သူများကိုလည်း မိမိတို့ အားပေးထောက်ခံပါသည်။”ဆိုပြီး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi

မုံ႐ြာၿမိဳ႕တြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး ပင္မသပိတ္စစ္ေၾကာင္း ဦးေဆာင္သူ ကိုေဝမိုးနိုင္ကို ယေန႕ (ဧၿပီ ၁၅) ေန႕လယ္ပိုင္းတြင္ စစ္ေကာင္စီလက္နက္ကိုင္မ်ားက ဖမ္းဆီးခဲ့​ပါတယ္။

မုံ႐ြာၿမိဳ႕ သာစည္လမ္းမႀကီး ၿမိဳ႕မေ႐ႊဘိုေက်ာင္းလမ္းတြင္ ကိုေဝမိုးနိုင္စီးလာေသာ ဆိုင္ကယ္ကို အရပ္ဝတ္မ်ား ျဖင့္ လက္နက္ကိုင္မ်ားက အိမ္းစီးကားျဖင့္ ဝင္တိုက္ၿပီးေနာက္ ဖမ္းဆီးသြားခဲ့ပါတယ္

အခုဆိုရင္ ကိုေဝမိုးနိုင္ ဖမ္း ဆီး ခံရမႈအေပၚ အေမရိကန္သံ႐ုံးက အခုလိုပဲ ​ထုတ္ျပန္ခ်က္ထုတ္ခဲ့ပါတယ္။

“ဧၿပီ ၁၅ရက္တြင္ မုံ႐ြာၿမိဳ႕၌ ေဝမိုးနိုင္ႏွင့္အျခားဆႏၵျပသူတစ္ဦးတို႔ ၿငိမ္းခ်မ္းစြာဆႏၵျပေနစဥ္အတြင္း လုံၿခဳံေရးတပ္ဖြဲ႕မ်ားကကားႏွင့္ ဝင္တိုက္ကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္သတင္းမ်ားကို ျမင္ေတြ႕ရပါသည္။

စစ္အာဏာရွင္အဖြဲ႕အေပၚ ျမန္မာျပည္သူမ်ား အားေပးေထာက္ခံျခင္းမရွိသည့္အေၾကာင္းအရင္းကို ယခုကဲ့သို႔ တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ ျဖစ္ရပ္မ်ိဳးက ဆက္လက္သက္ေသထူလ်က္ရွိပါသည္။

စစ္အာဏာရွင္အဖြဲ႕က ထိန္းသိမ္းထားသည့္ လူေပါင္း ၃,၀၀၀ ေက်ာ္ကို ျပန္လႊတ္ေပးရန္ မိမိတို႔ ေတာင္းဆိုၿပီး ဒီမိုကေရစီကို လိုလားေတာင္းတလ်က္ရွိသည့္ ျမန္မာျပည္သူမ်ားကိုလည္း မိမိတို႔ အားေပးေထာက္ခံပါသည္။”ဆိုၿပီး ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ပါတယ္။