ဗဟုသုတ

နွေဦးတော်လှန်ရေး မုံရွာသူရဲကောင်း ဝေမိုးနိုင် ဆိုတာ …

နွေဦးတော်လှန်ရေး မုံရွာသူရဲကောင်း ဝေမိုးနိုင် ဆိုတာ …

ဒီနေ့စစ်အုပ်စု ဖမ်းဆီးတာခံလိုက်ရတဲ့ ဝေမိုးနိုင်ဟာ မုံရွာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို စတည်ထောင်ခဲ့သူထဲ ပါပြီး မုံရွာသမဂ္ဂ ဥက္ကဌ အဖြစ် (၁)နှစ်ကျော် တာဝန်ယူခဲ့ဖူးပါတယ်။ဝေမိုးနိုင်ဟာ (၂၀၁၃)မှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကား ဖြန့်ချီမူတွေကို တန်ပြန်တဲ့ ကမ်ပိန်းတွေ၊ ပွဲတွေမှာ ရန်ကုန် အရပ်ဖက်အဖွဲ့များနဲ့ ပူးပေါင်းချိတ်ဆက် ပါဝင်ခဲ့တယ်။

ဝေမိုးနိုင်ဟာ သိန်းစိန်အစိုးရလက်ထက် မုံရွာမှာ ဆဲဗင်းဂျူလိုင် အခမ်းအနား ဦးဆောင်ကျင်းပလို့ ပုဒ်မ(၂)ခုနဲ့ အမူဖွင့် ခံခဲ့ရဖူးတယ်။ဝေမိုးနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် နှင်းဆီအိမ်မှာ တကြိမ်၊ ရန်ကုန် ခြံအမှတ်(၅၄) အိမ်မှာ တကြိမ် တွေ့ခွင့် ရခဲ့ပြီး အမေစုက သူ့ကို ဖက်တီးလေး မို့ သတိထားမိသွားပြီး ဒီ သားလေးကို နှစ်ယောက်စာ ပေးဆိုပြီး စနောက် ခဲ့ဖူးတယ်။

ဝေမိုးနိုင် ဟာ B.A English နဲ့ ဘွဲ့ရထားပြီး အမေရိကန် အစိုးရ စီစဉ်တဲ့ YSEALI သင်တန်းကို အမေရိက Arizona ကောလိပ်မှာ တက်ခွင့်ရခဲ့တယ်။ဝေမိုးနိုင် ဟာ(၂၀၁၅) ရွေးကောက်ပွဲ ကာလစစ်ကိုင်းတိုင်း တခွင်မှာ လုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ​ပေးရေး သင်တန်းတွေ ဟောပြောပွဲတွေမှာ သင်တန်းဆရာ အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး (၂၀၂၀) ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း မဲအသိပညာပေး ဆွေနွေးပွဲတွေ ကမ်ပိန်းလှုပ်ရှားမူတွေကို ဦးဆောင် ခဲ့ပါတယ်။

ဝေမိုးနိုင် ဟာ မုံရွာမှာ လူငယ်စင်တာ ပေါ်ပေါက်ဖို့ စစ်ကိုင်းတိုင်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်မှာလည်း မုံရွာ လူငယ် ကော်မတီ ဥက္ကဌ တာဝန် ထမ်းဆောင် နေသူ ဖြစ်ပါတယ်။မြန်မာ့ရိုးရာသကြန် နဲ့ သံချပ်တွေကိုချစ်တဲ့ ဝေမိုးနိုင်ဟာ သကြ်န်ကာလတိုင်း မုံရွာဒေါင်းဇရပ် သံချပ်အဖွဲ့နဲ့အတူ ရန်ကုန် မန်းလေး စတဲ့ မြို့ကြီးတွေထိ သွားဖျော်ဖြေပြီး ပထမ၊ ဒုတိယ ဆုတွေ ရခဲ့ဖူးသူ ဖြစ်ပါတယ်။

ဝေမိုးနိုင်ဟာ ကိုဗစ်ကာလ ပြည်တော်ပြန်များ အတွက် ကွာရတင်း စင်တာများ၊ ကျန်းမာရေး ကုသဖို့ အတွက် ယာယီ ဆေးကုသခန်းများ ပေါ်ပေါက်ရေး ရှေ့တန်းကနေ တက်ကြွစွာ ဆောင်ရွက်ခဲ့သူဆိုတာ မုံရွာ တမြို့လုံး သိကြပါတယ်။ဖေဖေါ်ဝါရီ ၁ရက် စစ်အာဏာသိမ်းချိန် ဝေမိုးနိုင်က ရန်ကုန်မှာ ရှိနေပြီး (၂)ရက်နေ့ တနိုင်ငံလုံး သံပုံတီး ကမ်ပိန်း စလုပ်ဖို့ အတွက် ဦးဆုံး အစည်းအဝေးထိုင်ကာ လူထုကို နှိုးဆော်ခဲ့သူ အစုအဖွဲ့ထဲ ပါဝင်သူ တဦးဖြစ်တယ်။

ဝေမိုးနိုင် ဟာ မုံရွာကို ဖေဖေါ်ဝါရီ (၄)ရက်မှာပြန်ပြီး ချက်ချင်းပဲ တက်ကြွလှုပ်ရှားသူများနဲ့ တိုင်ပင်ကာ ဖေဖေါ်ဝါရီလ (၆)ရက်မှာ ရဲဘော်ရဲဘက် (၁၀)ဦး နဲ့အတူ သာစည်စျေး ရှေ့မှာ မုံရွာမြို့ရဲ့ ပထမဆုံး စစ်အုပ်စု ဆန့်ကျင်ရေး ဆနပြပွဲကို ဦးဆောင်ခဲ့တယ်။ဖေဖော်ဝါရီ (၇)ရက် မုံရွာလူထု သောင်းချီ ထွက်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး ပထမဆုံး လူထုသပိတ်စစ်ကြောင်းကို ဦးဆောင်ပြီး ယနေ့ ဖမ်းဆီးခံရတဲ့ ဧပြီလ (၁၅)အထိ (၆၈)ရက် တိုင်တိုင် မုံရွာမှာ
တရက်မပျက် သပိတ်စစ်ကြောင်းထွက်ဖြစ်ဖို့ ဦးဆောင်ခဲ့တယ်။

ဝေမိုးနိုင်ဟာ အစ္စလာမ်ဘာသာဝင်လည်း ဖြစ်တာမို့ ယနေ့ ဥပုဒ် ဒုတိယရက် သူဖမ်းဆီးခံရချိန် သီလယူထားချိန် ဖြစ်နိုင်ပါတယ်။ဘုရားသခင် ဝေမိုးနိုင်နဲ့တကွ စစ်အုပ်စုရဲ့ မတရားဖမ်းဆီး ခံထားရသူများအားလုံးကို အမြန်ဆုံး လွတ်မြောက်စေတော်မူပါ။

Credit

ေႏြဦးေတာ္လွန္ေရး မုံ႐ြာသူရဲေကာင္း ေဝမိုးနိုင္ ဆိုတာ …

ဒီေန႕စစ္အုပ္စု ဖမ္းဆီးတာခံလိုက္ရတဲ့ ေဝမိုးနိုင္ဟာ မုံ႐ြာ တကၠသိုလ္ ေက်ာင္းသားသမဂၢကို စတည္ေထာင္ခဲ့သူထဲ ပါၿပီး မုံ႐ြာသမဂၢ ဥကၠဌ အျဖစ္ (၁)ႏွစ္ေက်ာ္ တာဝန္ယူခဲ့ဖူးပါတယ္။ေဝမိုးနိုင္ဟာ (၂၀၁၃)မွာ ျဖစ္ေပၚခဲ့တဲ့ လူမ်ိဳးေရး၊ ဘာသာေရး အမုန္းစကား ျဖန႔္ခ်ီမူေတြကို တန္ျပန္တဲ့ ကမ္ပိန္းေတြ၊ ပြဲေတြမွာ ရန္ကုန္ အရပ္ဖက္အဖြဲ႕မ်ားနဲ႕ ပူးေပါင္းခ်ိတ္ဆက္ ပါဝင္ခဲ့တယ္။

ေဝမိုးနိုင္ဟာ သိန္းစိန္အစိုးရလက္ထက္ မုံ႐ြာမွာ ဆဲဗင္းဂ်ဴလိုင္ အခမ္းအနား ဦးေဆာင္က်င္းပလို႔ ပုဒ္မ(၂)ခုနဲ႕ အမူဖြင့္ ခံခဲ့ရဖူးတယ္။ေဝမိုးနိုင္ဟာ ေဒၚေအာင္ဆန္းစုၾကည္ နဲ႕ ေနျပည္ေတာ္ ႏွင္းဆီအိမ္မွာ တႀကိမ္၊ ရန္ကုန္ ၿခံအမွတ္(၅၄) အိမ္မွာ တႀကိမ္ ေတြ႕ခြင့္ ရခဲ့ၿပီး အေမစုက သူ႕ကို ဖက္တီးေလး မို႔ သတိထားမိသြားၿပီး ဒီ သားေလးကို ႏွစ္ေယာက္စာ ေပးဆိုၿပီး စေနာက္ ခဲ့ဖူးတယ္။

ေဝမိုးနိုင္ ဟာ B.A English နဲ႕ ဘြဲ႕ရထားၿပီး အေမရိကန္ အစိုးရ စီစဥ္တဲ့ YSEALI သင္တန္းကို အေမရိက Arizona ေကာလိပ္မွာ တက္ခြင့္ရခဲ့တယ္။ေဝမိုးနိုင္ ဟာ(၂၀၁၅) ေ႐ြးေကာက္ပြဲ ကာလစစ္ကိုင္းတိုင္း တခြင္မွာ လုပ္တဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာ​ေပးေရး သင္တန္းေတြ ေဟာေျပာပြဲေတြမွာ သင္တန္းဆရာ အျဖစ္ ေဆာင္႐ြက္ခဲ့ဖူးၿပီး (၂၀၂၀) ေ႐ြးေကာက္ပြဲမွာ စစ္ကိုင္းတိုင္းအတြင္း မဲအသိပညာေပး ေဆြေႏြးပြဲေတြ ကမ္ပိန္းလႈပ္ရွားမူေတြကို ဦးေဆာင္ ခဲ့ပါတယ္။

ေဝမိုးနိုင္ ဟာ မုံ႐ြာမွာ လူငယ္စင္တာ ေပၚေပါက္ဖို႔ စစ္ကိုင္းတိုင္း အစိုးရနဲ႕ ပူးေပါင္းေဆာင္႐ြက္ခဲ့ၿပီး လက္ရွိ အခ်ိန္မွာလည္း မုံ႐ြာ လူငယ္ ေကာ္မတီ ဥကၠဌ တာဝန္ ထမ္းေဆာင္ ေနသူ ျဖစ္ပါတယ္။ျမန္မာ့ရိုးရာသၾကန္ နဲ႕ သံခ်ပ္ေတြကိုခ်စ္တဲ့ ေဝမိုးနိုင္ဟာ သၾက္န္ကာလတိုင္း မုံ႐ြာေဒါင္းဇရပ္ သံခ်ပ္အဖြဲ႕နဲ႕အတူ ရန္ကုန္ မန္းေလး စတဲ့ ၿမိဳ႕ႀကီးေတြထိ သြားေဖ်ာ္ေျဖၿပီး ပထမ၊ ဒုတိယ ဆုေတြ ရခဲ့ဖူးသူ ျဖစ္ပါတယ္။

ေဝမိုးနိုင္ဟာ ကိုဗစ္ကာလ ျပည္ေတာ္ျပန္မ်ား အတြက္ ကြာရတင္း စင္တာမ်ား၊ က်န္းမာေရး ကုသဖို႔ အတြက္ ယာယီ ေဆးကုသခန္းမ်ား ေပၚေပါက္ေရး ေရွ႕တန္းကေန တက္ႂကြစြာ ေဆာင္႐ြက္ခဲ့သူဆိုတာ မုံ႐ြာ တၿမိဳ႕လုံး သိၾကပါတယ္။ေဖေဖၚဝါရီ ၁ရက္ စစ္အာဏာသိမ္းခ်ိန္ ေဝမိုးနိုင္က ရန္ကုန္မွာ ရွိေနၿပီး (၂)ရက္ေန႕ တနိုင္ငံလုံး သံပုံတီး ကမ္ပိန္း စလုပ္ဖို႔ အတြက္ ဦးဆုံး အစည္းအေဝးထိုင္ကာ လူထုကို ႏွိုးေဆာ္ခဲ့သူ အစုအဖြဲ႕ထဲ ပါဝင္သူ တဦးျဖစ္တယ္။

ေဝမိုးနိုင္ ဟာ မုံ႐ြာကို ေဖေဖၚဝါရီ (၄)ရက္မွာျပန္ၿပီး ခ်က္ခ်င္းပဲ တက္ႂကြလႈပ္ရွားသူမ်ားနဲ႕ တိုင္ပင္ကာ ေဖေဖၚဝါရီလ (၆)ရက္မွာ ရဲေဘာ္ရဲဘက္ (၁၀)ဦး နဲ႕အတူ သာစည္ေစ်း ေရွ႕မွာ မုံ႐ြာၿမိဳ႕ရဲ႕ ပထမဆုံး စစ္အုပ္စု ဆန႔္က်င္ေရး ဆနျပပြဲကို ဦးေဆာင္ခဲ့တယ္။ေဖေဖာ္ဝါရီ (၇)ရက္ မုံ႐ြာလူထု ေသာင္းခ်ီ ထြက္ခဲ့တဲ့ အာဏာရွင္ ဆန႔္က်င္ေရး ပထမဆုံး လူထုသပိတ္စစ္ေၾကာင္းကို ဦးေဆာင္ၿပီး ယေန႕ ဖမ္းဆီးခံရတဲ့ ဧၿပီလ (၁၅)အထိ (၆၈)ရက္ တိုင္တိုင္ မုံ႐ြာမွာ
တရက္မပ်က္ သပိတ္စစ္ေၾကာင္းထြက္ျဖစ္ဖို႔ ဦးေဆာင္ခဲ့တယ္။

ေဝမိုးနိုင္ဟာ အစၥလာမ္ဘာသာဝင္လည္း ျဖစ္တာမို႔ ယေန႕ ဥပုဒ္ ဒုတိယရက္ သူဖမ္းဆီးခံရခ်ိန္ သီလယူထားခ်ိန္ ျဖစ္နိုင္ပါတယ္။ဘုရားသခင္ ေဝမိုးနိုင္နဲ႕တကြ စစ္အုပ္စုရဲ႕ မတရားဖမ္းဆီး ခံထားရသူမ်ားအားလုံးကို အျမန္ဆုံး လြတ္ေျမာက္ေစေတာ္မူပါ။

Credit