ဗဟုသုတ

NUG ကခန့်လိုက်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ခွန်းဘီထူးဆိုသည်မှာ

Unicode

NUG ကခန့်လိုက်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ခွန်းဘီထူးဆိုသည်မှာ

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရွေးချယ်ခံရတဲ့ ခွန်းဘီထူးဟာ ကယန်းအမျိုးသားပါတီ (KNP) ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။

သူဟာ နိုင်ငံရေး လောကထဲကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား အခွင့်အရေးတွေအတွက် လျှို့ဝှက်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

စစ်တပ်က အာဏာတည်မြဲရေးအတွက် စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်မှာ ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ No Vote လှုပ်ရှားမှုမှာ ကယားပြည်နယ်က လူငယ်တွေကြားမှာ လူသိထင်ရှားလာခဲ့ပြီး ရှေ့ထွက်ရော နောက်ကွယ်ကနေပါ စီမံနိုင်သူတဦးဖြစ်ပါတယ်။

ခွန်းဘီထူး အတွက်တော့ အန္တရာယ်တွေများတဲ့ အချိန်မှာ ဒုဝန်ကြီး ဖြစ်လာတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ NUG အတွက်တော့ ထူးချွန်ထက်မြက်တဲ့ လူငယ် နိုင်ငံရေးသမား တယောက်ဆီက အကြံကောင်းတွေနဲ့ လုပ်ဆောင်ချက်တွေကို ရရှိမှာ မလွဲပါ။The Union Times ထံမှ ကူးယူဖော်ပြသည်

Zawgyi

NUG ကခန႔္လိုက္တဲ့ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးျဖစ္တဲ့ ခြန္းဘီထူးဆိုသည္မွာ

အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) မွာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ ခြန္းဘီထူးဟာ ကယန္းအမ်ိဳးသားပါတီ (KNP) ရဲ႕ ဥကၠဌလည္းျဖစ္ပါတယ္။

သူဟာ နိုင္ငံေရး ေလာကထဲကို နိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံၿဖိဳးေရးေကာင္စီ (နအဖ) အစိုးရလက္ထက္မွာ စတင္ခဲ့ၿပီး ဒီမိုကေရစီအေရး၊ လူ႕အခြင့္အေရးနဲ႕ တိုင္းရင္းသား အခြင့္အေရးေတြအတြက္ လွ်ို႔ဝွက္လႈပ္ရွားခဲ့သူျဖစ္ပါတယ္။

စစ္တပ္က အာဏာတည္ၿမဲေရးအတြက္ စိတ္ႀကိဳက္ ေရးဆြဲထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေပၚေပါက္လာခ်ိန္မွာ ဆန႔္က်င္လႈပ္ရွားမႈေတြနဲ႕ No Vote လႈပ္ရွားမႈမွာ ကယားျပည္နယ္က လူငယ္ေတြၾကားမွာ လူသိထင္ရွားလာခဲ့ၿပီး ေရွ႕ထြက္ေရာ ေနာက္ကြယ္ကေနပါ စီမံနိုင္သူတဦးျဖစ္ပါတယ္။

ခြန္းဘီထူး အတြက္ေတာ့ အႏၲရာယ္ေတြမ်ားတဲ့ အခ်ိန္မွာ ဒုဝန္ႀကီး ျဖစ္လာတာဟာ ႀကီးမားတဲ့ စိန္ေခၚမႈပါပဲ။ NUG အတြက္ေတာ့ ထူးခြၽန္ထက္ျမက္တဲ့ လူငယ္ နိုင္ငံေရးသမား တေယာက္ဆီက အႀကံေကာင္းေတြနဲ႕ လုပ္ေဆာင္ခ်က္ေတြကို ရရွိမွာ မလြဲပါ။The Union Times ထံမွ ကူးယူေဖာ္ျပသည္