ဗဟုသုတ

အင်ဂျန်းယန် မြို့နယ် စစ်ဘေးသင့် ပြည်သူများအတွက် လိုအပ်တာတွေအသုံးပြုနိုင်ဖို့ သိန်း(၂၀) လှူလိုက်တဲ့ အမွန်း

ပရိသတ်ကြီးရေ.. ကိုယ်ပိုင်ဟန်ပန်တွေ နဲ့ သီချင်းကောင်း တွေကြောင့် ဂီတလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး လျှောက်လှမ်းရပ်တည်နေတဲ့ အဆိုတော်အမွန်းကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေ သူပါပဲ..။

အမွန်းကတော့ လက်ရှိအခြေအနေတွေကြောင့် အားလုံးရဲ့အနာဂတ်တွေနဲ့ ယုံကြည်မှုတွေ အတွက် လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ တက်ကြွစွာ ပါဝင်နေပြီး အလှူအတန်းတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။ အမွန်းကတော့ လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေ တတ်နိုင်သလောက် ပြုလုပ်နေသလို ဒီကနေ့မှာလည်း စစ်ဘေးသင့် ကချင်တိုင်းရင်းသားပြည်သူတွေအတွက်လည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပြန်ပါတယ်..။

ဘွမ်ရာယန် စစ်ရှောင်စခန်းနေ စစ်ဘေးသင့် ပြည်သူတွေဖြစ်တဲ့ အင်ဂျန်းယန် မြို့နယ်၊ ဂွေထောင် ကျေးရွာ၊ ၁၇ မိုင်အထက် ကျေးရွာ အားလုံးမှ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၉၀၄ ဦး အတွက် လိုအပ်တာတွေအသုံးပြုနိုင်ဖို့အတွက် အလှူငွေ သိန်း(၂၀)ကို Chyeju kaba Mali Ingra Volunteer Group ကို ပေးအပ်လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်..။

“Chyeju kaba Mali Ingra Volunteer Group စစ်ဘေးသင့် သွေးချင်းများနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကိုယ့်နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူအရောက်စီတိုင်း အတွက် ဘေးရန်ကင်းပါစေလို့ နေ့စဉ်ဆုတောင်းလျှက် ..” ဆိုပြီး ဆုတောင်းမေတ္တာပို့သထားပြီး အလှူကို ဝေမျှထားတာ ဖြစ်ပါတယ်..။အမွန်းရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အလှူကို သာဓု ခေါ်ကာ အားပေးစကားတွေ ပြောထားကြသလို ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက်ဖို့ မှာထားကြတ ာလည်း တွေ့ရပါတယ်..။

Photo Credit – Amazing Grace
Credit

ပရိသတ္ႀကီးေရ.. ကိုယ္ပိုင္ဟန္ပန္ေတြ နဲ႕ သီခ်င္းေကာင္း ေတြေၾကာင့္ ဂီတေလာကမွာ ေအာင္ျမင္မႈေတြ အခိုင္အမာရရွိထားၿပီး ေလွ်ာက္လွမ္းရပ္တည္ေနတဲ့ အဆိုေတာ္အမြန္းကေတာ့ ျပည္သူေတြနဲ႕အတူ ရပ္တည္ေန သူပါပဲ..။

အမြန္းကေတာ့ လက္ရွိအေျခအေနေတြေၾကာင့္ အားလုံးရဲ႕အနာဂတ္ေတြနဲ႕ ယုံၾကည္မႈေတြ အတြက္ လႈပ္ရွားမႈေတြမွာ တတ္အားသေ႐ြ႕ တက္ႂကြစြာ ပါဝင္ေနၿပီး အလႉအတန္းေတြကို ျပဳလုပ္ေနတာလည္း ျဖစ္ပါတယ္..။ အမြန္းကေတာ့ လိုအပ္ေနတဲ့ျပည္သူေတြအတြက္ လႉဒါန္းမႈေတြ တတ္နိုင္သေလာက္ ျပဳလုပ္ေနသလို ဒီကေန႕မွာလည္း စစ္ေဘးသင့္ ကခ်င္တိုင္းရင္းသားျပည္သူေတြအတြက္လည္း အလႉေငြေတြ ထည့္ဝင္လႉဒါန္းခဲ့ျပန္ပါတယ္..။

ဘြမ္ရာယန္ စစ္ေရွာင္စခန္းေန စစ္ေဘးသင့္ ျပည္သူေတြျဖစ္တဲ့ အင္ဂ်န္းယန္ ၿမိဳ႕နယ္၊ ေဂြေထာင္ ေက်း႐ြာ၊ ၁၇ မိုင္အထက္ ေက်း႐ြာ အားလုံးမွ အိမ္ေထာင္စု ၁၉၅ စု၊ လူဦးေရ ၉၀၄ ဦး အတြက္ လိုအပ္တာေတြအသုံးျပဳနိုင္ဖို႔အတြက္ အလႉေငြ သိန္း(၂၀)ကို Chyeju kaba Mali Ingra Volunteer Group ကို ေပးအပ္လႉဒါန္း ခဲ့တာ ျဖစ္ပါတယ္..။

“Chyeju kaba Mali Ingra Volunteer Group စစ္ေဘးသင့္ ေသြးခ်င္းမ်ားနဲ႕ တနိုင္ငံလုံးမွာရွိတဲ့ ကိုယ့္ေနရပ္ကို စြန႔္ခြာထြက္ေျပးေနရတဲ့ ျပည္သူအေရာက္စီတိုင္း အတြက္ ေဘးရန္ကင္းပါေစလို႔ ေန႕စဥ္ဆုေတာင္းလွ်က္ ..” ဆိုၿပီး ဆုေတာင္းေမတၱာပို႔သထားၿပီး အလႉကို ေဝမွ်ထားတာ ျဖစ္ပါတယ္..။အမြန္းရဲ႕ပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း အလႉကို သာဓု ေခၚကာ အားေပးစကားေတြ ေျပာထားၾကသလို က်န္းမာေရးအျပင္ အစစအရာရာဂ႐ုစိုက္ဖို႔ မွာထားၾကတ ာလည္း ေတြ႕ရပါတယ္..။

Photo Credit – Amazing Grace
Credit