Unicode
ထိန်းသိမ်းခံရသည့် ပြည်သူ့အချစ်တော် Paing Takhon ၏ဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်တွင်ပေါက်ကြားနေခဲ့ပါတယ်။ သူတော်တာ်လေး အားနည်းနေပုံရပြီး ဖမ်းခံနေရတဲ့တစ်လျှောက် ဆေးကုသပေးမှု ကောင်းကောင်းမခံရ ပုံရတယ်။
ပရိသတ်ကြီးရေ မင်းသား ပိုင်တံခွန်ကိုတော့ အင်းစိန်အကျဉ်းထောင်ထဲမှာ ထားထားတာပါနော်။
သူတင်မကဘဲ အခြားသော အနုပညာရှင်များလည်း အင်းစိန်ထောင်ထဲမှာပါပဲနော်။
သူဟာ တောထဲတွင် ခဏထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် ဌက်ဖျားရောဂါဝေဒနာ ခံစားနေရတာပါနော်။
အဖမ်းခံခဲ့ရတဲ့ နေ့ကလည်း လမ်းတောင်မလျှောက်နိုင်တာကြောင့် တွဲခေါ်သွားခဲ့ရတဲ့ အထိပါပဲနော်။ စစ်ဆေးရုံတွင် ဆေးကုပေးတယ်လို့ သတင်းတစ်ချို့ထွက်ခဲ့ပေမယ့် တကယ်မဟုတ်ခဲ့ပြန်ပါဘူးနော်။
အခုလက်ရှိ မြင်တွေ့ရတဲ့ ပုံတစ်ပုံကိုလူမှုကွန်ယက်တွင် ပြန့်နှံ့လာတာပဲဖြစ်ပါတယ်
ပုံထဲမှာတော့ သူ့ရဲ့ပုံစံဟာ တော်တော်လေးကို ပိန်ကျသွားပြီး မျက်နှာလေးပါ တော်တော်ကျသွားတဲ့ အနေအထားပါ။
သူ့ရဲ့ ပရိသတ်များကလည်း ဒီပုံမြင်ပြီးနောက်ပိုင်း ပိုင်တံခွန်အတွက် စိတ်မကောင်းဖြစ်နေကြတာပါနော်။
Zawgyi