Uncategorized ဗဟုသုတ

NUG ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာသူ ဒေါ်ခင်မမမျိုးရဲ့ ပြောစကား

NUG ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာသူ ဒေါ်ခင်မမမျိုးရဲ့ ပြောစကား

ဒီတော်လှန်ရေးနိုင်ပြီးသွားရင်

(၁) စ+စ် မှုမထမ်းမနေရ စနစ်ကျင့်သုံးဖို့အဆိုပြုမယ်။ လူတိုင်းစ+စ်ပညာတတ်ထားမှရမယ်။ ဒါမှ စစ်ပညာတတ်ထားသူတွေကအနိုင်မကျင့်နိုင်မှာ။

(၂) စ+စ် သင်ရိုးညွှန်းတမ်းတွေမှာ humanitarian values ကို သင်ဖို့ အဆိုပြုမယ်။ လူသားတန်ဖိုးအပေါ် တန်ဖိုးထားမှုကိုခါး၀တ်ပုဆိုးလိုမြဲနေအောင် စစ်စည်းကမ်းထားပေးရမယ်။

(၃) လူတိုင်း ခုခံကာကွယ်ပိုင်ခွင့်အတွက်လက်နက်ငယ်ကိုင်ဆောင်ခွင့် ဥပဒေပြဌာန်းဖို့အဆိုပြုမယ်။

(၄) သေ+နတ်ပြောင်း၀ကလာတဲ့အာဏာ မထွန်းကားအောင် အာဏာသုံးရပ်အားကောင်းအောင် လုပ်ဖို့ အဆိုပြုမယ်။

Protection safeguards တွေ မရှိခဲ့တဲ့ ငါတို့နိုင်ငံကြီးကို အစကနေပြန်လည်တည်ဆောက်ချင်မိတယ်။

ခင်မမမျိုး (၃၀/၃/၂၀၂၁)

Credit








ခင်မမမျိုး (၃၀/၃/၂၀၂၁)

Credit