ဗဟုသုတ

မြန်မာပြည်ကြီးနှင့် မြန်မာပြည်သူပြည်သားများ အတွက် ဟန်လေးရဲ့ ဆုမွန်တောင်းစကား…

ကမ္ဘာ့တတိယ အကြီးအကျယ်အခမ်းနားဆုံးဖြစ်ပြီး စစ်ပွဲနှင့် အကြမ်းဖက်မှုများ ရပ်တန့်စေရန် ရည်ရွယ်သည့်

Miss Grand Internationl ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြု အလှမယ် ဟန်လေးဟာ မြန်မာ စစ်ကောင်စီ၏ယုတ်မာမှုများနှင့် ပြည်သူများသတ်ဖြတ်ခံနေရမှု၊ မတရားအသက်ဆုံးရှုံးနေရသည့်

Video Clip များကို စင်မြင့်ထက်မှ တစ်ကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများကိုပြသကာ ငိုယိုပြီး မြန်မာပြည်သူပြည်သားများအား အမြန်ဆုံးကယ်တင်ရန် အသနားခံတောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်

ယနေ့ နှစ်ဆန်း ၁ရက်နေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာပြည်ကြီးနှင့် မြန်မာပြည်သူပြည်သားများ အတွက် အခုလိုပဲ ဆုမွန်ကောင်းတောင်း ပေးထားပါတယ်။

“မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပြီး မြန်မာပြည်သူပြည်သားများ ကျန်းမာရေးစီးပွားရေး လူမှုရေး အစစ အရာရာအဆင်ပြေချောမွေ့ပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကြီးမှာပျော်ရွှင်စွာဖြတ်သန်းရပါစေကြောင်း ဟန်လေးက ဆုမွန်ကောင်းတောင်ပေးပါရစေ

မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေရှင်”ဆိုပြီး ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

Source&Photo-Han Lay fb acc






