ဗဟုသုတ

မြန်မာပြည်ကြီးနှင့် မြန်မာပြည်သူပြည်သားများ အတွက် ဟန်လေးရဲ့ ဆုမွန်ကောင်းတောင်းစကား

ပရိတ်သတ်ကြီးရေ အလှမယ်ဟန်လေးကတော့ “Miss Universe Myanmar 2020” ရဲ့ “1st Runner Up” ဆုရှင်ဖြစ်သလို “Miss Grand Myanmar 2020 ” ရဲ့သရဖူပိုင်ရှင်လည်း ဖြစ်ပါတယ် ။

Miss Grand International ပြိုင်ပွဲတုန်းကလည်း ကမ္ဘာလုံးက သန်းချီသော ကြည့်ရှုသူများရှေ့မှာ ငိုယိုပြီး မြန်မာပြည်သူပြည်သားများအား အမြန်ဆုံးကယ်တင်ရန် အသနားခံတောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်

ယနေ့ နှစ်ဆန်း ၁ရက်နေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မြန်မာပြည်ကြီးနှင့် မြန်မာပြည်သူပြည်သားများ အတွက် အခုလိုပဲ ဆုမွန်ကောင်းတောင်း ပေးထားပါတယ်။

“မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပြီး မြန်မာပြည်သူပြည်သားများ ကျန်းမာရေးစီးပွားရေး လူမှုရေး အစစ အရာရာအဆင်ပြေချောမွေ့ပြီး ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကြီးမှာပျော်ရွှင်စွာဖြတ်သန်းရပါစေကြောင်း ဟန်လေးက ဆုမွန်ကောင်းတောင်ပေးပါရစေ

မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေရှင်”ဆိုပြီး ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

Source&Photo-Han Lay fb acc