ဗဟုသုတ

နှစ်ဆန်း (၁)ရက်နေ့မှာ အဆိုတော်ရသ ပြန်လည်လွတ်မြောက်လာ

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ လူငယ်အကြိုက်သီချင်းကောင်းတွေသီဆိုပြီး အောင်မြင်မှုတွေအထိုက်အလျောက်ရရှိထားတဲ့ အဆိုတော်ရသကတော့ ဒီကနေ့မှာပဲ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တယ်လို့ သိရပါတယ်..။

မူးယစ်ဆေးဝါး အမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ကျခံခဲ့ရတဲ့ Hip Hop အဆိုတော် ရသဟာ ယနေ့၊ ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်း တရက်နေ့) မှာ နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ထောင်မှ ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။

၂၀၀၈တုန်းက ရုံးထုတ်ခဲ့စဉ်က ဓာတ်ပုံ။

အဆိုတော် ရသ (ရဲမင်းသိန်း) အပါအဝင် ၃ ဦးကို ၂၀၁၈ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ မန္တလေးခရိုင် တရားရုံးကနေ အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော်ရသကတော့ မူးယစ်ဆေးဝါးမှုနဲ့ အရေးယူအကျဉ်းချခံထားရတာဖြစ်ပြီး မြန်မာတို့ရဲ့နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ ဒီကနေ့ ဧပြီလ(၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်..။

အဆိုတော်ရသပြန်လည်လွတ်မြောက်လာတဲ့ သတင်းကောင်းကိုတော့ အဆိုတော်အာဘွိုင်းက ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းကပဲ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ဝေမျှအသိပေးပြောပြထားပြီး အားလုံးကလည်း ရသအတွက် ဝမ်းသာနေကြတာပါ..။

Credit