ဗဟုသုတ

နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီဝေးကွာနေတဲ့မိဘနှစ်ပါးကို အဝေးကနေပဲ ကန်တော့လိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ

သူကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေပြီး လူထုလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း ရောက်ရာအရပ်ကနေ လူထုလှုပ်ရှားမှုများအား ဆက်လက်ပါဝင်နေဦးမှာဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားထားတာလည်း ဖြစ်ပါတယ်

မင်းမော်ကွန်းရဲ့ ဖခင် ဦးဇင်ဝိုင်းဟာ မကြာသေးခင်ရက်ပိုင်းကပဲ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း မင်းမော်ကွန်းရဲ့Facebook အကောင့်တွင်နှစ်ဆန်းတစ်ရက်နေ့တွင် တစ်နေရာစီဝေးကွာနေတဲ့မိဘနှစ်ပါးအား အဝေးတစ်နေရာကနေ ကန်တော့လိုက်ကြောင်းကို တင်ထားတာပဲ ဖြစ်ပါတယ်။

ဒီပို့စ်ရဲ့အောက်မှာလည်း ပရိသတ်များက ဝေးကွာနေတဲ့ မင်းမော်ကွန်းတို့မိသားစုများလည်း အရင်လို တစ်စုတစ်စည်းတည်း ပြန်လည်ဖြစ်ဖို့ သိပ်မလိုတော့ကြောင်း အားပေးစကားများလည်း ရေးသားထားကြတာပါ။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account






