ဗဟုသုတ
နှစ်ဆန်း (၁)ရက်နေ့မှာ ရခိုင်ပြည်နယ်သံတွဲ ခရိုင် “ဆံတော်ရှင် ရွှေဘုံသာ “စေတီတော်မြတ်ကြီး မှာ အဓိဌာန်ဝင်ပြီး အားလုံးအတွက် ဆုတောင်းမေတ္တာပို့သနေတဲ့ ခိုင်နှင်းဝေ
မင်းသမီးချောလေး ခိုင်နှင်းဝေကတော့အနုပညာလုပ်ငန်းတွေနဲ့အတူတူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကိုစိတ်ရောကိုယ်ပါနစ်ပြီး လုပ်ဆောင်လာတာ နှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ဦးစီးနေတဲ့ ခိုင်နှင်းဝေက အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေရသူပီပီ ဝန်တွေများစွာကို ထမ်းဆောင်ထားရသူတစ်ယောက် ဆိုလည်း မမှားပါဘူးနော်။
ယနေ့ နှစ်ဆန်း (၁)ရက်နေ့မှာ ရခိုင်ပြည်နယ်သံတွဲ ခရိုင် “ဆံတော်ရှင် ရွှေဘုံသာ “စေတီတော်မြတ်ကြီး မှာ အဓိဌာန်ဝင်ပြီး (၃၁) ဘုံမှ သတ္တဝါ အားလုံးကို ဆုတောင်းမေတ္တာ ပို့ခဲ့ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဆုတောင်းပေးထားပါတယ်။
“ရခိုင်ပြည်နယ် သံတွဲ ခရိုင် “ဆံတော်ရှင် ရွှေဘုံသာ ” စေတီတော်မြတ်ကြီး မှာအဓိဌာန်ဝင်ပြီး မေခလာ ကျောက်ဖျာ မှာဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်..
(၃၁) ဘုံမှ သတ္တဝါ အားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေ..ဆင်းရဲ ဒုက္ခ အပေါင်းမှ လွတ်ကင်းကြပါစေ…သာသနာ အကျိူး သယ်ပိုးနိုင်ကြပါစေရှင်..” ဆိုပြီး ရေးသားဆုတောင်းထားပါတယ်။ စာဖတ်သူ ပရိတ်သတ်ကြီးလည်း မင်းသမီးချောလေး ခိုင်နှင်းဝေပို့သသော ဆုတောင်းမေတ္တာများကို ရကြပြီး ဆင်းရဲ ဒုက္ခ အပေါင်းမှလွတ်ကင်းကြပါစေ လို့ ဆုတောင်းပေးပါတယ်နော်။
Source&Photo-Khine Hnin Wai fb page