Uncategorized ဗဟုသုတ

ပဌာန်းရွတ်ရခြင်းအကျိုးကျေးဇူး ကြက်သီးပါထတယ်

Unicode

ယုံချင်ယုံ မယုံချင်နေပဋ္ဌာန်းတရားတော်ကြီးကို တနေ့တကြိမ်ရွတ်ဖြစ်တယ် ဘယ်အချိန်ရယ်လို့တော့မသတ်မှတ်ဘူး အဆင်ပြေတဲ့အချိန်ပဲရွတ်တယ်။

သုံးလေးနှစ်လောက်ထိ ဘာမှမထူးခြားဘူး ဗန်းမော်ဆရာတော်ကြီးက လူတွေမနိုးတဲ့အချိန်နတ်တွေကိုပင့်ဖိတ် ရွတ်တာ နတ်သားတွေကိုကိုယ်တိုင်တွေ့ရတယ်လို့သိလိုက်ရတဲ့အချိန်ကစပြီးနံက်တိုင်းသုံးနာရီထပြီးရွတ်ဖြစ်တယ်။

သုံးနှစ်လောက်ကြာတော့ တစုံတရောက်က ပြောတယ် လက်အုပ်ချီရွတ်ပါ အမွေးနံ့သာများဖြန်းပေးပါ နတ်တွေ ဝိဇ္ဇာတွေအတွက် နေရာ ခွဲပေးပါတဲံ့အိမ်ရှေ့က အဝတ်လှမ်းကြိုးတွေ ဖြုတ်ပေးပါ အမျှပေးပါ ဆိုပြီးလာပြောတယ်။

အဲဒါနဲ့သူတို့ပြောတဲ့အတိုင်းပဲ လုပ်ပေးတယ်ရေးမွေးဖြန်းပေးတော့ နံ့သာဖြူ အမွှေးပဲဖြန်းပေးပါတဲ့ အရင်ကလက်အုပ်ချီမရွတ်ဖြစ်ဘူးသူတို့ပြောပြီးကတည်းက လက်အုပ်ချီရွတ်ရတယ်ဘယ်လောက်အိပ်ရေးပျက်ပျက် အဲဒီအချိန်ကျရင်ခေါင်းကိုလာပြီးဆွဲထူတာခံရတယ်။

အိမ်ငှားဘဝနဲ့နေရတယ် ရောက်တဲ့အရပ်မှာရွတ်ဖြစ်တယ် ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစလို့ဝိဇ္ဇာတွေ ပြိတ္တာတွေ အကုန်လုံးကို ကောင်းမှုကုသိုလ်လုပ်တိုင်းအမျှပေးတယ် သက်ရှိထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုး အရုဏ်ဆွမ်း နေ့ဆွမ်း တနေ့နှစ်ကြိမ်ကပ်တယ်အမျှပေးတယ်ကိုယ်နေတဲ့ အရပ်ကရှိတဲ့ အိမ်စောင့်နတ် မကျွတ်မလွတ်သူအားလုံး ကို ကုသိုလ်လုပ်ပြီးတိုင်း အမျှပေးတယ်။

သူတို့ စားရ သောက်ရတဲ့ အကြောင်း လာပြောတယ် အန္တာရယ် တခုခုကြုံတော့မယ်ဆို လာပြောတယ်နေရာ ပြောင်းတော့မယ်ဆိုရင် မပြောင်းဖို့ငိုယိုပြီးတောင်းပန်ကြတယ်။

လေးငါးဆယ်နှစ်လောက်ရွတ်လာတာနဲ့အမျှထူးဆန်း အံ့သြစရာကောင်းတာတွေအများကြီးကြုံတွေ့ရတယ် ခြင်တကောင်ကို ယောင်ပြီးသတ်မိရင်တောင် ငါးပါးသီလကို ချက်ချင်း ပြန်ယူခိုင်းတယ် ဝိဇ္ဇာတွေ အများကြီးနဲ့စကား ပြောရတယ်။

မြနန်းနွယ် မမြစိမ်း စောမွန်လှ စတဲံ့သိုက်တွေ နေ့တိုင်းလာပြီးစကာပြောကြတယ်နတ်ကိုတွေ့ဘူးတယ် ယမမင်းကိုတွေ့ဘူးတယ် ယမမင်းက သူ့ကို အမျှပေးတိုင်း ရတဲ့အကြောင်းပြောပြီးသူ့ရဲံ့ ပုံသဏ္ဌာန်ကိုပါ ပြတယ်။

နာမည်တွေ လိပ်စာတွေနဲ့အမျှပေးဖို့လာတောင်းဆိုတဲ့တစ္ဆသေရဲတွေ တွေ့ဘူးတယ်မြန်မာပြည်ကြီး ဘေးဆိုး ကပ်ဆိုးတွေ ကျတော့မယ် ဆိုရင် ကြိုပြီး ပြောကြတာတွေ ခဏခဏ ကြုံတွေ့ရတယ်။

မြန်မာပြည်ကြီးကပ်ဘေးတွေ လာမဲ့အကြောင်း လွန်ခဲ့တဲ့ နှစ်တွေကတည်းကကြိုရေးထားတာအဲဒီလို ပဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်ပါ။

ကဲယုံပါလို့တော့မပြောလိုပါဘူးဒါပေမဲ့ ကျွှန်တော့လိုမျိုးပဋ္ဌာန်းတရားတော်ကြီးကိုနေ့စဉ်နံက် ၃ နာရီလောက်ထပြီး နှစ်ပေါင်းများစွာ ရွတ်ကြည့်ကြပါလို့တော့အကြံပေးချင်ပါတယ်ဒီကိစ္စနဲ့ပါတ်သတ်လို့တော့ မည်သူ့ကိုမှကွန်းမန့်မပေးပါဘူးမယုံလည်း ပုံပြင်လို့သာမှတ်ကြပါ။

Zawgyi










