ဗဟုသုတ

မြတ်စွာဘုရား၏ သပိတ်တော် အနီးကပ်ပူဇော်လိုသူများအတွက် မြတ်စွာဘုရား၏ သပိတ်တော်

မြတ်စွာဘုရား၏ သပိတ်တော် အနီးကပ်ပူဇော်လိုသူများအတွက် မြတ်စွာဘုရား၏ သပိတ်တော်

ဃဋိကာရဗြဟ္မာ လှူသောသပိတ်သည် မြေသပိတ် ဖြစ်ပါသည်။ ထို မြေသပိတ်သည် ဒုက္ကရစရိယာကျင့်သော ခြောက်နှစ်တာကာလပတ်လုံးဘုရားလောင်းနှင့် အတူရှိပါသည်။

ဘုရားဖြစ်ခါနီး သုဇာတာ သူဌေးသမီးက ရွှေခွက်ဖြင့် ဃနာနို့ဆွမ်း လှူသော အခါတွင် ထိုမြေသပိတ်သည် အလိုလို ကွယ်ပျောက် သွားသည်။ ရွှေခွက်ကို နေရဉ္စရာမြစ်ထဲ မျှောလိုက်ပြီးနောက် မြတ်စွာဘုရားလောင်းတွင် သပိတ် မရှိတော့ပါ။

ထို့နောက် ဘုရားအဖြစ်သို့ ရောက်ရှိတော် မူပြီး လင်းလွန်းပင်ရင်း၌ အရဟတ္တဖိုလ် ချမ်းသာကို ခံစားတော်မူလျက် သီတင်းသုံး နေတော်မူစဉ် တဖုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် နတ်များ၏တိုက်တွန်း ပြောကြားချက် အရ မြတ်စွာဘုရားထံ ချဉ်းကပ် ဖူးမျှော် ရှိခိုး ပူဇော်ကြပြီး

မြတ်စွာဘုရား၏ သပိတ်တော် အနီးကပ်ပူဇော်လိုသူများအတွက်

ပျားရည် ထောပတ်၊ တင်လဲ စသည်တို့ဖြင့် ရောစပ် အပ်သော မုန့်လုံး မုန့်ခဲ စသည်တို့ကို ဆက်ကပ် လှူဒါန်းကြသည်။ထိုအခါ မြတ်စွာဘုရားတွင် ကုန်သည် ညီနောင်တို့ လှူအပ်သော ပျားရည် ထောပတ်၊ တင်လဲစသည်ဖြင့် ဖွဲ့ဆုပ်အပ်သော မုန့်လုံး မုန့်ခဲတိုကို အလှူခံရန် သပိတ် မရှိသေးပါ။

ထိုအခါ မြတ်စွာဘုရားသည် ရှေးရှေးနောင်တော် ဘုရားတို့သည် အဘယ်အရာဖြင့် အလှူခံသနည်း ကြံစည်တော် မူ၏။ ထိုစိတ်အကြံကို သိသော စတုမဟာရာဇ် နတ်မင်းကြီးလေးပါးက မြသပိတ် လာလှူပါသည်။ မြတ်စွာဘုရား လက်ခံတော် မမူပါ။ ကျောက်သပိတ်ကို လှူသော အခါမှ လက်ခံတော် မူပါသည်။

မြတ်စွာဘုရား၏ သပိတ်တော် အနီးကပ်ပူဇော်လိုသူများအတွက်

မြတ်စွာဘုရားသည် ပကတိ ကျောက်သပိတ်ကို အလှူခံပြီးလျှင် နတ်မင်းကြီးလေးယောက်ကို သနား ချီးမြောက်သော အားဖြင့် ထိုသပိတ် လေးလုံးတို့ကို ထပ်လျက် သပိတ် တစ်လုံးတည်း ဖြစ်စေသတည်းဟု အဓိဋ္ဌာန်၍ လက်တော်ဖြင့် နှိပ်လိုက်ပါသည်။

ထိုအခါ သပိတ်တော်သည် အနားလေးရစ်ရှိသော သပိတ်တော် တစ်လုံးတည်း ဖြစ်သွားသည်။ ယင်းသပိတ်တော်၏ အရောင်က ပဲနောက်အဆင်းကဲ့သို့ ရှိပါသည်။ယင်း သပိတ်ဖြင့်ပင်လျှင် ကုန်သည် ညီနောင်တို့ လှူအပ်သောမုန့်စသည်ကို အလှူခံပါသည်။ ထို ကျောက်သပိတ်တော်ကိုပဲ မြတ်စွာဘုရား အသုံးပြု သွားခဲ့ပါသည်။

မေတ္တာ အနန္တဆရာတော်ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။ အခုလိုအချိန်ပေးပြီးဆတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd- Original uploader

ျမတ္စြာဘုရား၏ သပိတ္ေတာ္ အနီးကပ္ပူေဇာ္လိုသူမ်ားအတြက္ ျမတ္စြာဘုရား၏ သပိတ္ေတာ္

ဃဋိကာရျဗဟၼာ လႉေသာသပိတ္သည္ ေျမသပိတ္ ျဖစ္ပါသည္။ ထို ေျမသပိတ္သည္ ဒုကၠရစရိယာက်င့္ေသာ ေျခာက္ႏွစ္တာကာလပတ္လုံးဘုရားေလာင္းႏွင့္ အတူရွိပါသည္။

ဘုရားျဖစ္ခါနီး သုဇာတာ သူေဌးသမီးက ေ႐ႊခြက္ျဖင့္ ဃနာနို႔ဆြမ္း လႉေသာ အခါတြင္ ထိုေျမသပိတ္သည္ အလိုလို ကြယ္ေပ်ာက္ သြားသည္။ ေ႐ႊခြက္ကို ေနရၪၥရာျမစ္ထဲ ေမွ်ာလိုက္ၿပီးေနာက္ ျမတ္စြာဘုရားေလာင္းတြင္ သပိတ္ မရွိေတာ့ပါ။

ထို႔ေနာက္ ဘုရားအျဖစ္သို႔ ေရာက္ရွိေတာ္ မူၿပီး လင္းလြန္းပင္ရင္း၌ အရဟတၱဖိုလ္ ခ်မ္းသာကို ခံစားေတာ္မူလ်က္ သီတင္းသုံး ေနေတာ္မူစဥ္ တဖုႆ ႏွင့္ ဘလႅိက ကုန္သည္ ညီေနာင္တို႔သည္ နတ္မ်ား၏တိုက္တြန္း ေျပာၾကားခ်က္ အရ ျမတ္စြာဘုရားထံ ခ်ဥ္းကပ္ ဖူးေမွ်ာ္ ရွိခိုး ပူေဇာ္ၾကၿပီး

ျမတ္စြာဘုရား၏ သပိတ္ေတာ္ အနီးကပ္ပူေဇာ္လိုသူမ်ားအတြက္

ပ်ားရည္ ေထာပတ္၊ တင္လဲ စသည္တို႔ျဖင့္ ေရာစပ္ အပ္ေသာ မုန႔္လုံး မုန႔္ခဲ စသည္တို႔ကို ဆက္ကပ္ လႉဒါန္းၾကသည္။ထိုအခါ ျမတ္စြာဘုရားတြင္ ကုန္သည္ ညီေနာင္တို႔ လႉအပ္ေသာ ပ်ားရည္ ေထာပတ္၊ တင္လဲစသည္ျဖင့္ ဖြဲ႕ဆုပ္အပ္ေသာ မုန႔္လုံး မုန႔္ခဲတိုကို အလႉခံရန္ သပိတ္ မရွိေသးပါ။

ထိုအခါ ျမတ္စြာဘုရားသည္ ေရွးေရွးေနာင္ေတာ္ ဘုရားတို႔သည္ အဘယ္အရာျဖင့္ အလႉခံသနည္း ႀကံစည္ေတာ္ မူ၏။ ထိုစိတ္အႀကံကို သိေသာ စတုမဟာရာဇ္ နတ္မင္းႀကီးေလးပါးက ျမသပိတ္ လာလႉပါသည္။ ျမတ္စြာဘုရား လက္ခံေတာ္ မမူပါ။ ေက်ာက္သပိတ္ကို လႉေသာ အခါမွ လက္ခံေတာ္ မူပါသည္။

ျမတ္စြာဘုရား၏ သပိတ္ေတာ္ အနီးကပ္ပူေဇာ္လိုသူမ်ားအတြက္

ျမတ္စြာဘုရားသည္ ပကတိ ေက်ာက္သပိတ္ကို အလႉခံၿပီးလွ်င္ နတ္မင္းႀကီးေလးေယာက္ကို သနား ခ်ီးေျမာက္ေသာ အားျဖင့္ ထိုသပိတ္ ေလးလုံးတို႔ကို ထပ္လ်က္ သပိတ္ တစ္လုံးတည္း ျဖစ္ေစသတည္းဟု အဓိ႒ာန္၍ လက္ေတာ္ျဖင့္ ႏွိပ္လိုက္ပါသည္။

ထိုအခါ သပိတ္ေတာ္သည္ အနားေလးရစ္ရွိေသာ သပိတ္ေတာ္ တစ္လုံးတည္း ျဖစ္သြားသည္။ ယင္းသပိတ္ေတာ္၏ အေရာင္က ပဲေနာက္အဆင္းကဲ့သို႔ ရွိပါသည္။ယင္း သပိတ္ျဖင့္ပင္လွ်င္ ကုန္သည္ ညီေနာင္တို႔ လႉအပ္ေသာမုန႔္စသည္ကို အလႉခံပါသည္။ ထို ေက်ာက္သပိတ္ေတာ္ကိုပဲ ျမတ္စြာဘုရား အသုံးျပဳ သြားခဲ့ပါသည္။

ေမတၱာ အနႏၲဆရာေတာ္ျပန္လည္မွ်ေဝ ကုသိုလ္ျပဳပါ၏။ အခုလိုအခ်ိန္ေပးၿပီးဆတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္ေသာေန႕ေလးကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Crd- Original uploader