Cele News ဗဟုသုတ

ရခိုင်ပြည်နယ်ဘက်က ဘိုးဘွားရိပ်သာ တစ်ခုမှ ဘိုးဘွား (၄၁)ဦး အတွက် နေ့လည်စာနှင့် အလှူငွေများ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Unicode

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့အနုပညာလုပ်ငန်းတွေနဲ့အတူတူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကိုစိတ်ရောကိုယ်ပါနစ်ပြီး လုပ်ဆောင်လာတာ နှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ဦးစီးနေတဲ့ ခိုင်နှင်းဝေက အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေရသူပီပီ ဝန်တွေများစွာကို ထမ်းဆောင်ထားရသူတစ်ယောက် ဆိုလည်း မမှားပါဘူးနော်။

အခုဆိုရင် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရခိုင်ပြည်နယ်ဘက်ကို ခရီးသွားရင်း ရခိုင်ပြည်နယ်ဘက်က ဘိုးဘွားရိပ်သာ တစ်ခုမှ ဘိုးဘွား (၄၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေ ငါးထောင်ကျပ်နှင့် နေ့လည်စာ တစ်နပ်တို့အား ကျွေးမွေးကုသိုလ်ယူခဲ့​ပြီး သူမရဲ့ကုသိုလ်ကို ထပ်တူရကြစေရန် မေတ္တာပို့ဆုတောင်းပေးထားပါတယ်။

“ရခိုင်ပြည်နယ်ဘက် ဘိုးဘွားရိပ်သာ တစ်ခုမှ ဘိုးဘွား (၄၁)ဦး အတွက် တစ်ဦးလျှင် အလှူငွေ ငါးထောင်ကျပ်နှင့် နေ့လည်စာ တစ်နပ်တို့အား ကျွေးမွေးကုသိုလ်ယူခဲ့ပါတယ်ရှင်…ကျမနဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ထပ်တူ ကုသိုလ်ယူနိုင်ကြပါစေရှင်..”ဆိုပြီး ရေးသားမျှဝေပေးထားပါတယ်။

စာဖတ်သူပရိတ်သတ်ကြီးလည်း မင်းသမီးချောလေး ခိုင်နှင်းဝေရဲ့ အလှုကို သာဓုခေါ်ပြီး ထပ်တူရကြစေရန် မျှဝေပေးပါဦးနော်။

Source&Photo-Khine Hnin Wai fb page

Zawgyi





