ဗဟုသုတ

ကိုဗစ် တတိယလှိုင်း အတွက် အရေးတကြီး သတိပေးစကားပြောလာတဲ့ မင်းမော်ကွန်း

Unicode

သရုပ်ဆောင် မင်းမော်ကွန်းကတော့ ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ

သူကတော့ လူထုလှုပ်ရှားမှုမှာလည်း တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး အခုဆိုရင်အရှိန်အဟုန်ပြင်းပြင်းနဲ့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကိုဗစ် တတိယလှိုင်းကိုတော့ဂရုမစိုက်လို့မရ ကြောင်း နှင့် တော်လှန်သင့်တာကိုတော်လှန်နိင်ဖို့ ကာကွယ်သင့်တာကို ကာကွယ်ကြဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သတိပေး​ရေးသားလာခဲ့ပါတယ်။

“တော်လှန်သင့်တာတော်လှန်သလို ကာကွယ်သင့်တာကိုကာကွယ်ကြမယ်။​မတရားမှုကိုဆက်လက်တော်လှန်ဖို့ ကျန်းမာရေးကောင်းမွန်နေဖို့ကလဲ အရေးကြီးတဲ့အချက်ဆိုတာမမေ့စေချင်ပါ

​ကျွန်တော်တို့အာဏာရှင်ကိုတော်လှန်ပြီး သူတို့ထိုးပေးတဲ့ကာကွယ်ဆေးတွေကို မထိုးပဲနေခဲ့ကြတယ်ဒီအထိကအိုကေပါတယ်ကျွန်တော်တို့မိသားစုအားလုံးလဲမထိုးပါ ထိုးလဲဆေးကိုသိုလှောင်သိမ်းဆည်းပုံ မမှန်ကန်တဲ့အတွက်ဘယ်လိုဆိုးကြိုးတွေ ရလာမလဲမသိနိုင်ပါ

ဒါပေမယ့်အရှိန်အဟုန်ပြင်းပြင်းနဲ့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ တတိယလှိုင်းကိုတော့ဂရုမစိုက်လို့မရပါဘူး ဒါဟာနိုင်ငံ့အရေးတိုင်းပြည်အရေးသာမကပဲ လူသားမျိုးနွယ်အားလုံးရဲ့အသက်ရှင်ကျန်းမာရေးဖြစ်လို့အရေးကြီးပါတယ်ခင်မျာ

တော်လှန်ရေးကပိုအရေးကြီးတယ် ကိုဗစ်ကိုဂရုစိုက်စရာမလိုဘူးလို့ မတွေးစေချင်ပါဘူးနှစ်ခုစလုံးကအရေးကြီးပါတယ် ကျွန်တော်တို့တိုင်းပြည်မှာ ပထမလှိုင်းနဲ့ဒုတိယလှိုင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်တာ ဘယ်သူတွေရဲ့ကျေးဇူးကြောင့်လည်း လူတိုင်းသိမှာပါ

အခုတတိယလှိုင်းကိုရင်ဆိုင်ဖို့ အရင်တုန်းကလိုမျိုးပံ့ပိုးမှုတွေမရနိုင်ပါ ပြည့်ဝတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လူတန်းစားမခွဲခြားတဲ့ကိုဗစ်စင်တာတွေ ဆေးကုသစရိတ်အကုန်အကျခံပေးမယ့်အစိုးရ ဒါတွေမပါပဲရင်ဆိုင်ကြရမှာပါ

အဲ့ဒီတော့ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ် ကျန်းမာမှလုပ်ချင်တာကိုလုပ်လို့ရမယ် တော်လှန်ရေးမပြီးသေးတဲ့အတွက်ကျန်းမာရေးကောင်းနေဖို့ပိုလိုအပ်ပါတယ်ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ ကာကွယ်ကြပါလို့လေးလေးနက်နက် အသိပေးချင်ပါတယ်

တော်လှန်သင့်တာကိုတော်လှန်နိင်ဖို့ ကာကွယ်သင့်တာကို ကာကွယ်ကြပါစို့

ကျန်းမာဘေးကင်းကြပါစေ”ဆိုပြီး ရေးသားသတိပေးထားပါတယ်။ပရိတ်သတ်ကြီးလည်း အခြားသူတွေ ဖတ်ရှုမိစေရန် မျှဝေပေးလိုက်ပါဦးနော်။

Credit Photo

Zawgyi











Credit Photo