Unicode
မမြင်ဘူးတာတွေ မြင်ကြရလိမ့်မယ်။မကြားဘူးတာတွေ ကြားကြရလိမ့်မယ်။မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်မယ်။ လက်နက် ဆန်း တွေ ပေါ်လာလိမ့်မယ်။ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မယ်။စစ်ပွဲတွေ ဖြစ်လာမယ်။အငတ်ဘေးတွေ ကြုံလာမယ်။ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်။
သဘာဝဘေးတွေ ဖြစ်လာမယ်။ရုပ်ဝတ္ထုတွေ ထွန်းတောက်တိုးတက်လာကြလိမ့်မယ်။လူ့အတတ် နတ်မကလူ့အကြိုက်လည်း နတ် မလိုက် နိုင်။လူ တွေ လောဘအ တ္တ အားကြီးလာ ကြလိမ့်မယ်။ရုပ်ဝတ္ထု တိုးတက်ရင်လောဘနောက် လိုက်ကြရင်းလူတွေစိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်။မလုပ်သင့် မလုပ် ထိုက်တာ တွေ လုပ် ကြလိမ့်မယ်။
မိန်းမတွေယောက်ျားနှင့် ရင်ဘောင်တန်းလာလိမ့်မယ်။မိန်းမတွေယောက်ျားနှင့် တူလာမယ်။ အဆိုးအကောင်း ဒွန်တွဲလာလိမ့်မယ်။အပျက်တရားပိုမြန်လာလိမ့်မယ်။ ရုပ်ဝတ္ထု တိုးတက်နေ၍လူတွေကိလေသာအာရုံ လောကီနောက်သာလိုက်နေကြလိမ့်မယ်။ဒီလိုအချိန်မှာ…။
ပါရမီရှိတဲ့သူ စိတ်ကောင်းရှိတဲ့သူသံဝေဂ တရားရလာကြလိမ့်မယ်။အလိုလိုကြောက်စိတ်ဝင်လာကြလိမ့်မယ်တဖက်မှာလည်း…။ အရိယာသူတော်ကောင်းတွေပေါ်ထွန်းနေလိမ့်မယ်။တရားပြ တရားကျင့်နေကြလိမ့်မယ်။မသိသူ ကျော်သွားသိသူ ဖော်စားကြလိမ့်မယ်။ဝိမုတ္တိယုဂခေတ်အနတ္တသာသနာတပါတ်လည်ပြန်ပေါ်လာမယ်
အရိယာတွေ ပေါ်ထွန်းနိုင်တဲ့ခေတ်တရားကျင့်ရင် ကျင့်သလိုတရားရကြလိမ့်မယ်။မကောင်းသူပယ် ကောင်းသူ ကယ်မယ် တဲ့အရိယာသံဃာ စော်ကားလို့အပါယ် င ရဲ ဆင်းကြလိမ့်မယ်သိသူဖော်စားလို့ နတ်ပြည်တက်အရိယာဖြစ်ကြလိမ့်မယ်။ဒီအချိန် သူတော်ကောင်းကိုတွေ့အောင် ရှာ
မတွေ့တွေ့အောင် ရှာပါတဲ့။သူတော်ဆည်းကပ် မြတ်တရားနာပါတဲ့။လူ့ဘဝဆိုတာ ရခဲတယ်။ဘုရားရှင်နဲ့ တွေ့ခဲတယ်။သာသနာနဲ့ကြုံကြိုက်ခဲတယ်။ကြုံနေရင်လည်း လက်ခံခဲတယ်။လက်ခံပါသော်လည်း ကျင့်ကြံခဲတယ်။ကျင့်ကြံသော်လည်း ဆိုက်ရောက်ခဲတယ်။
ယခုအခါမှာကား…လူလည်း ဖြစ်လာသာသနာနှင့်လည်း ကြုံခိုက်အမြိုက်တရားဟောကြားမည့်သူက မရှား။ထိုသို့ဖြစ်ပါလျှက်အမှန်ကို မကြိုက် အမှားကို လိုက်ပြီး အ မှား ကိုကြိုက်နေကြပါလျှင် အမိုက်တကာ့ ဗိုလ်မင်းထက်မိုက်တဲ့သူ မရှိသူတော်ကောင်းစကား နားမထောင်တရားကိုမကျင့်ကြံကြလျှင်တီထွေးကြီးတွေသာဖြစ် ကြရလိမ့်မည်တဲ့
Credit (ရှေးလူကြီးသူမများစကားမှ)
Zawgyi
သာသနာ ( ၂၅ဝဝ )ကျော်လာရင် . . မကောင်းသူပယ် ကောင်းသူကို ကယ်မယ့် ခေတ်
ရှေးလူကြီးတွေ ပြောဖူးတယ်။သာသနာ ( ၂၅ဝဝ )ကျော်လာရင်
မိဘကို ပြန်သတ် မိဘကို ပြန်စော်ကား သား သမီးကို မယားလုပ် လင်လုပ်လာကြလိမ့်မယ်
ဒီလိုအချိန်မှာ…
Credit (ရှေးလူကြီးသူမများစကားမှ)