ဗဟုသုတ

မိဘခြေရာ တောင်းလိုသူများအတွက် မိဘခြေရာ ခံယူနည်း……

Unicode

မိဘခြေရာ တောင်းလိုသူများအတွက် မိဘခြေရာ ခံယူနည်း……

မိဘခြေရာ ခံယူပွဲဆိုတာ ကျနော်တို့ မြန်မာနိုင်ငံမှာ ပျောက်ကွယ် လုနီးပါးဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ယနေ့ခေတ် လူတွေ လုံးဝကို မသိကြလို့ပါ။ တကယ်တော့ မိဘခြေရာ ခံယူပွဲဆိုတာ မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ အလေ့အထတစ်ခုဖြစ်တာမို့ မြန်မာမိသားစုတိုင်း ခံယူကျင့် သုံးသင့်ပါတယ်။

ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ ကုံလုံ ဆရာတော်ဘုရားကြီးတို့ရဲ့ မိဘခြေရာ တောင်းယူ ပူဇော်နည်းလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်မိဘခြေရာ တောင်းယူသော

နေ့ဟာ မိဘရော သားသမီးတွေပါ မင်္ဂလာရှိသောမွေးနေ့ (သို့) မွေးရက်နှင့် မှတ်တမ်းအပ်တဲ့နေ့များတွင် ကျင်းပလျှင် ပို၍ကောင်းမွန်၏။ မိဘခြေရာတောင်းယူတဲ့ အချိန်မှာ မိဘရော၊ သားသမီးပါ ရေချိုးသန့်စင်ပြီး သန့်ရှင်းသော အဝတ်များ ဝတ်ဆင်ကာ ဘုရားစင် ရှေ့မှာထိုင်ပါ။

ကျနော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ် ဆယ်မျက်နှာရှိတဲ့ အထဲမှ အထက်အရပ်ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ရတနာ(၃)ပါးကို ပူဇော်ကန်တော့ပါ။ ပြီးရင် အရှေ့အရပ်မှာ မိဘ၊ တောင်အရပ်မှာ ဆရာသမား၊ မြောက် အရပ်မှာ ကျေးဇူးရှင်များကို ကန်တော့ပြီး ခင်ပွန်းကြီး (၁ဝ)ပါးအား ဝန်ချတောင်းပန်ကာ ဘုရားစင်ရှေ့မှာ ငါးပါးသီလ ခံယူဆောက်တည်ပါ။

နေရာယူရန်

မိဘမှ မြင့်သော မြတ်သောအရပ်မှာ ထိုင်ပြီး သားသမီး တို့မှ မိမိတို့ တတ်အားသရွှေ့ ကန်တော့ရန်ပစ္စည်းများဖြင့် ကန်တော့ပါ၊၊ မိဘတို့ကလည်း ဆုပေးချီးမြှင့်ပေးပါ။ မိဘများမှ မွေးဖွားသန့်စင်တဲ့ အရွယ်ကစပြီး

ယနေ့မိဘများ ခြေရာမတောင်းယူမီအထိ ကံသုံးပါးဖြင့် မတော်တဆ ပစ်မှားမိပါက ခွင့်လွှတ်ပါရန်နှင့် မသိမမြင်ရသော ဘဝများတုန်းက အပြစ်များပါမကျန် ခွင့်လွတ်ပါရန် (၃)ကြိမ် တောင်းပန်၍ ကန်တော့ပါ။ မိဘများကလည်း ခွင့်လွတ်ပါတယ်ဟု (၃)ကြိမ် ဖြေကြားပါ။

ခြေရာယူခြင်း

မိဘခြေထောက်များကို ရေဇလုံတစ်ခုမှာ ရေဆေးကြောသန့်စင် ပေးပြီး နံ့သာများ လိမ်းပေးပါ။ သနပ်ခါးဆိုရင်လည်း ရပါတယ်။ နံ့သာလိမ်းထားသော မိဘခြေအစုံကို ယပ်တောင်ဖြင့် ယပ်ခပ်ပေးပါ။ ပြီးလျှင် ဆီ၊ နနွင်း (သို့) ပုံနှိပ်မှင်ဖြင့် မိဘခြေဖဝါးကို ညင်သာစွာ လိမ်းပေးပါ။

သန့်ရှင်းသော အဝတ်ပေါ်တွင် ပိတ်ဖြူစ ခင်းပေးပြီး အမေ့ခြေဖဝါးကို ဘယ်မှစ ညာနောက်လိုက်ကာ ပိတ်ဖြူစပေါ်တွင် နင်းပေးပါ။ အဖေဆိုလျှင်တော့ ညာအစ ဘယ်အဆုံး လုပ်ရမှာ ဖြစ်ပါတယ်။ ပိတ်ဖြူပေါ်မှာ မိဘများနင်းပြီး မတ်တပ်ရပ်ကာ သရဏဂုံတည်နေစဉ် သားသမီးများကလည်း မိဘတို့ရဲ့

ခြေ အစုံကို ဦးခေါင်းနှင့် ထိ၍ ပူဇော်ကန်တော့နေပါ။ ထို့နောက် ဘေးမှ ဦးဆောင်၍ မိဘခြေရာတောင်းပေးသူမှ မိဘတို့အား သားသမီးများအတွက် မေတ္တာများ ဤခြေရာတွင် ထားခဲ့ပေးပါ။ ထားခဲ့ပါသလားဟု (၃)ကြိမ်အမေး အဖြေ ပြုလုပ်ပေးပါ။

မိဘရဲ့ ခြေရာများဟာ သာမန်အချိန်မှာထင်ရစ်ခဲ့တဲ့ ခြေရာမဟုတ်ဘဲ သရဏဂုံပွားများရင်း ကျန်ရစ်ခဲ့တာဖြစ်တဲ့အတွက် ဆောင်ယူသော သားသမီးများ လောကီ၊ လောကုတ္တရာ အကျိုးထူးများစွာရရှိသလို ချီးမြှင့်ပေးသော မိဘများမှာလည်း မိဘဝတ္တရားကျေပွန်၍ အသက်ရှည် စိတ်ကျမ်းမာစေပါတယ်။

မိဘခြေရာ ကျန်ရစ်ခဲ့တဲ့ ပိတ်ဖြူစပေါ်မှာ မိဘ၏ မွေးသက္ကရာဇ် တောင်းယူသော သားသမီးများ၏ အမည်၊ တောင်းယူသော နေ့စွဲများကို အမှတ်တရ ရေးထိုးပါ။ မိဘတို့ရဲ့ ခြေဖဝါးများကို မူလဆေးကြောထားသော ရေဇလုံအတွင်းမှာ ရေနဲ့ပင် ဆေးကြောပြီး နံ့သာရေ လိမ်းပေးပါ။

မိဘတို့ရဲ့ ခြေရင်း၌ မိဘခြေထောက်များ ဆေးကြောထားသော ရေဇလုံအတွင်းသို့ သားဆိုလျှင် ညာဘက်လက် ထည့်ပါ။ သမီးဆိုလျှင် ဘယ်ဘက်လက်ထည့်ပြီး မိဘတို့အပေါ် ကာယကံ၊ ဝစီကံ၊ မနောကံအဖြစ် ပြစ်မှားမိသော အပြစ်များရှိပါက ကျေပါစေဟု ဆုတောင်းကာ ထိုရေဖြင့် ဦးခေါင်းနဲ့ မျက်နှာကို (၃)ကြိမ်ထိပါ။ မျက်နှာသစ်လိုက သစ်နိုင်ပါတယ်။

မိဘခြေရာတောင်းယူပြီးနောက်

မိဘခြေရာတောင်းယူပြီး မှန်ဘောင်သွင်းကာ ခေါင်းရင်းမှာ ထားပြီး ညစဉ် ရှိခိုးကန်တော့ပြီးမှ ညအိပ်ရာဝင်ပါ။ ကြီးမားသော မိဘရဲ့ မေတ္တာအား နေ့စဉ် ခံယူပါတယ်ဟု ရွတ်ဆိုပါ။မိမိအဓိဠာန်နိုင်သလောက် ဥပမာ (၃)ရက်၊ (၅)ရက်မှ (၁၀)ရက်တန်သည်အထိ ဥပုသ်သီလစောင့်ပါ။ အရေးကြုံပါက မိမိစောင့်ထိန်းခဲ့သော သီလကို သစ္စာဆို တိုင်တည်နိုင်ပါတယ်။ မိဘခြေရာတောင်းယူပေးစဉ် ဦးဆောင်သူမှ အောက်ပါဂါထာများကို ရွတ်ဖတ်ပူဇော်ပေးရပါမယ်။

မိဘခြေရာယူစဉ်ရွတ်ဆိုရန်

“ ဒသမာသေ၊ ဥရေကတွာ၊ ဗပါသေတိ၊ ပုဎိကာရဏံ၊ အာယုဒီဃံ၊ ဝဿသတံမာတု ပါဒံနမာမဟ္လံသာမာတာ ”

အကြင်အမိသည် ဒသမာသေ – ဆယ်လတိုင်တိုင် ဦးရေကတွာ – ရင်ဖြင့်ပိုက်လွယ်သည်ကိုပြု၍ ပုဎိကာရဏံ – ကြီးပွားခြင်းအကြောင်းကို ကတွာ – ပြု၍၊ ပေါသတိ – နို့ရည်တိုက်ကျွေး မွေးမြူပေး၏၊ ဝဿသတံ – အနှစ်တစ်ရာတိုင်တိုင် ထိုအမိ၏ ပါဒံ – ခြေအစုံကို အဟံ – အကျွန်ုပ်သည် နမာမိ – ရိုသေမြတ်နိုး ရှိခိုးပါ၏။

“ ဗုသိကာရော၊ အလိဂ္ဂေတွာ၊ ဥပ္ပိတွာ ပီယပုတ္ထထံ၊ ရာဇပဇ္ဈံ၊ သုပတိဌံ၊ ပီတုပါဒံ နမာမဟ္လံ ”

ယာပီတု – အကြင်အဖသည် ဗုသိကာရော – ကြီးပွားကြောင်း ကိုပြုလျှက် အလိဂ္ဂေတွာ – လည်ကို ဖက်၍ ဥပ္ပိတွာ – နမ်း၍ပီယပုတ္ထထံ – ချစ်လှစွာသောသားကို ရာဇပဇ္ဈံ – မင်းမှူးမတ်တို့၏ အလယ်၌ သုပတိဌံ – ကောင်းစွာတည် စေ၏သော ပီတု – ထိုအဖ၏ ပါဒံ – ခြေအစုံကို အဟံ – အကျွန်ုပ်သည် နမာမိ – ရိုသေမြတ်နိုး ရှစ်ခိုးပါ၏။

ထိုသို့ မိဘခြေရာ တောင်းယူနေစဉ်မှာ မိဘတွေရဲ့ မျက်နှာဇရာ ကို သံဝေဂရလိုက်၊ သားသမီးတွေက ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့တဲ့အတွက် ပီတိတွေ ဝေလိုက်နှင့်ပေါ့။ သားသမီးတွေရဲ့ မျက်နှာမှာလည်း မျက်ရည်တွေ တဝိုင်းဝိုင်းနဲ့မို့ မင်္ဂလာအရှိဆုံးနဲ့ အပျော်ဆုံးဖြစ်နေမှာ အမှန်ပါ။

Credit – အကြည်တော်လုလင်

Zawgyi