ဗဟုသုတ

အလောင်းပြန်ဖော်စဉ်မှာမပျက်မစီးပဲပြုံးယောင်သန်းနေတဲ့ ထူးခြားတဲ့ဆရာတော်

Unicode

အလောင်းပြန်ဖော်စဉ်မှာမပျက်မစီးပဲပြုံးယောင်သန်းနေတဲ့ ထူးခြားတဲ့ဆရာတော်

ပျံလွန်တော်မူသွားတာနှစ်လကြာပြီဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်ထိုင်းဘုန်းကြီးတစ်ပါးကို အလောင်းပြန်လည်တူးဖော်ရာမှာ ပြုံးနေကြောင်းတွေ့ရှိခဲ့ရပါတယ်။

သိက္ခာတော်ရဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Luang Phor Pian ဟာ ကမ္ဘာဒီးယားနိုင်ငံဇာတိဖြစ်ပေမယ့် သူ့ဘဝအချိန်တော်တော်များများကိုတော့ ထိုင်းနိုင်ငံအလယ်ပိုင်း Lopburi မှာဘာသာရေးဆိုင်ရာသင်ကြားပြသပေးတဲ့ဆရာတစ်ဆူတစ်ဖြစ် အချိန်ကုန်ဆုံးခဲ့ပါတယ်။

သူသေဆုံးတဲ့အခါ ရုပ်အလောင်းကိုမြှုပ်နှံဖို့ ဘုန်းကြီးနေထိုင်ခဲ့တဲ့ဘုရားကျောင်းကိုပြန်သယ်လာခဲ့ပါတယ်။ ယခုအပတ်မှာတော့ ဘုန်းကြီးရဲ့ဒကာတွေက ထိုင်းနိုင်ငံရိုးရာဗုဒ္ဓဘာသာအစဉ်အလာတစ်ခုအရ အလောင်းကိုအခေါင်းထဲကနေ ပြန်ထုတ်ခဲ့ပါတယ်။

ဒကာတွေဟာ ဘုန်းကြီးရဲ့အလောင်းကိုမပျက်မစီးပဲ တွေ့ခဲ့ရတဲ့အပြင် မျက်နှာဟာလည်း ပြုံးနေတာကြောင့် အံ့အားသင့်ခဲ့ကြပါတယ်။ ဘုန်းကြီးရဲ့ ထူးခြားတဲ့ရုပ်အလောင်းနဲ့ ပြုံးနေတဲ့သဏ္ဍာန်ကြောင့် ကြည့်ရှုသူတွေက ဓာတ်ပုံရိုက်ခဲ့ကြကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။

သတင်းဌာနတွေအရတော့ ဘုန်းကြီးအလောင်းကို အခေါင်းထဲကနေ ဖယ်ထုတ်ခဲ့ခြင်းက အလောင်းကိုပြန်လည်သန့်စင်ကာ အဝတ်သစ်တွေဆင်မြန်းပေးဖို့ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် နှစ်လကြာမှပြန်တူးဖော်ပြီးတွေ့ရတဲ့ရုပ်အလောင်းက (၃၈)နာရီအတွင်းသေဆုံးခဲ့တဲ့လူသေလိုပဲ ဖြစ်နေကြောင်း သတင်းတွေကတော့ဆိုပါတယ်။ ဗုဒ္ဓဘာသာအလိုအရ နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတာကြောင့် ဘုန်းကြီးကိုယခုလိုမြင်ရကြောင်းလည်း ပြောသူက ပြောကြပါတယ်။

ဒကာ ဒကာမ တွေကတော့ ဘုန်းကြီးပျံလွန်တော်မူတဲ့ရက်(၁၀၀)ပြည့်တဲ့အထိ ဆက်လက်ပြီး ဆည်းကပ်ပူဇော်မှု​တွေပြုလုပ်သွားမယ်လို့သိရပါတယ်။

Zawgyi

အေလာင္းျပန္ေဖာ္စဥ္မွာမပ်က္မစီးပဲၿပဳံးေယာင္သန္းေနတဲ့ ထူးျခားတဲ့ဆရာေတာ္

ပ်ံလြန္ေတာ္မူသြားတာႏွစ္လၾကာၿပီျဖစ္တဲ့ ဗုဒၶဘာသာဝင္ထိုင္းဘုန္းႀကီးတစ္ပါးကို အေလာင္းျပန္လည္တူးေဖာ္ရာမွာ ၿပဳံးေနေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။

သိကၡာေတာ္ရဘုန္းေတာ္ႀကီးတစ္ပါးျဖစ္တဲ့ Luang Phor Pian ဟာ ကမာၻဒီးယားနိုင္ငံဇာတိျဖစ္ေပမယ့္ သူ႕ဘဝအခ်ိန္ေတာ္ေတာ္မ်ားမ်ားကိုေတာ့ ထိုင္းနိုင္ငံအလယ္ပိုင္း Lopburi မွာဘာသာေရးဆိုင္ရာသင္ၾကားျပသေပးတဲ့ဆရာတစ္ဆူတစ္ျဖစ္ အခ်ိန္ကုန္ဆုံးခဲ့ပါတယ္။

သူေသဆုံးတဲ့အခါ ႐ုပ္အေလာင္းကိုျမႇုပ္ႏွံဖို႔ ဘုန္းႀကီးေနထိုင္ခဲ့တဲ့ဘုရားေက်ာင္းကိုျပန္သယ္လာခဲ့ပါတယ္။ ယခုအပတ္မွာေတာ့ ဘုန္းႀကီးရဲ႕ဒကာေတြက ထိုင္းနိုင္ငံရိုးရာဗုဒၶဘာသာအစဥ္အလာတစ္ခုအရ အေလာင္းကိုအေခါင္းထဲကေန ျပန္ထုတ္ခဲ့ပါတယ္။

ဒကာေတြဟာ ဘုန္းႀကီးရဲ႕အေလာင္းကိုမပ်က္မစီးပဲ ေတြ႕ခဲ့ရတဲ့အျပင္ မ်က္ႏွာဟာလည္း ၿပဳံးေနတာေၾကာင့္ အံ့အားသင့္ခဲ့ၾကပါတယ္။ ဘုန္းႀကီးရဲ႕ ထူးျခားတဲ့႐ုပ္အေလာင္းနဲ႕ ၿပဳံးေနတဲ့သ႑ာန္ေၾကာင့္ ၾကည့္ရႈသူေတြက ဓာတ္ပုံရိုက္ခဲ့ၾကကာ ဆိုရွယ္မီဒီယာေတြေပၚမွာ မွ်ေဝခဲ့ပါတယ္။

သတင္းဌာနေတြအရေတာ့ ဘုန္းႀကီးအေလာင္းကို အေခါင္းထဲကေန ဖယ္ထုတ္ခဲ့ျခင္းက အေလာင္းကိုျပန္လည္သန့္စင္ကာ အဝတ္သစ္ေတြဆင္ျမန္းေပးဖို႔ျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ႏွစ္လၾကာမွျပန္တူးေဖာ္ၿပီးေတြ႕ရတဲ့႐ုပ္အေလာင္းက (၃၈)နာရီအတြင္းေသဆုံးခဲ့တဲ့လူေသလိုပဲ ျဖစ္ေနေၾကာင္း သတင္းေတြကေတာ့ဆိုပါတယ္။ ဗုဒၶဘာသာအလိုအရ နိဗၺာန္ကိုမ်က္ေမွာက္ျပဳၿပီးတာေၾကာင့္ ဘုန္းႀကီးကိုယခုလိုျမင္ရေၾကာင္းလည္း ေျပာသူက ေျပာၾကပါတယ္။

ဒကာ ဒကာမ ေတြကေတာ့ ဘုန္းႀကီးပ်ံလြန္ေတာ္မူတဲ့ရက္(၁၀၀)ျပည့္တဲ့အထိ ဆက္လက္ၿပီး ဆည္းကပ္ပူေဇာ္မႈ​ေတြျပဳလုပ္သြားမယ္လို႔သိရပါတယ္။