ဗဟုသုတ

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားသော ဆရာတော်

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားသော ဆရာတော်အရှင်မြတ်မှာစစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာ လင်္ကာရာဘိဝံသဖြစ်သည်။

ဆရာတော်သည် မြန်မာပြည်အနယ်နယ် အရပ်ရပ်ရှိ စာ မေးပွဲ စာပြန်ပွဲပေါင်း(၅၀) ကျော်(၆၀)ခန့်ကို ဖြေဆိုပြန်ဆိုအောင်မြင်ထားသလို ဓမ္မာစရိယ(၁၀)ဘွဲ့ ၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့၊တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့နှင့်အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များအပါအဝင် ဘွဲ့တံဆိပ်တော်(၄၇)ဘွဲ့တိတိကိုဆွတ်ခူးရရှိထားပါသည်။

ဆရာတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊ဆင်နင်းကျေးရွာ ခမည်းတော်ဦးတင်ရ+မယ်တော်ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊(၂၉-၉-၆၈) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။

ဆရာတော်သည် ၁၃၄၁-ခုနှစ်၊ နတ်တော်လဆန်း(၁၁) ရက် (၂၉-၁၀-၇၉)ကြာသာပတေးနေ့တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုနှစ်နတ်တော် လပြည့်ကျော် (၁၁)ရက်(၁၄-၁၁-၇၉) သောကြာနေ့မှာပင်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်သို့ရောက်ရှိခဲ့ပြီး

ထိုကျောင်းတိုက်မှာပင် အခြေခံတန်းများမှစ၍ တိပိဋကပြီးသည်အထိ သီတင်းသုံးကာပညာသင်ယူခဲ့သည်။

မြင့်မြတ်သော ရဟန်းအဖြစ်ကိုမူ ၁၃၄၉-ခုနှစ်၊ပြာသိုလပြည့်ကျော်(၁)ရက်(၄-၁-၈၈) တနင်္လာနေ့တွင်ဝက်လက်မြို့၊ကြံ့ခိုင်ရပ် ဦးသန်းထွန်း+ ဒေါ်ဟန်ညွန့် တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ဝက်လက်မြို့၊သီရိရပ်ဓမ္မာရုံကျောင်းသာသနဝိလာသိနီသိမ်တော်၌စစ်ကိုင်းမြို့မဟာသုဗောဓာရုံကျောင်း တိုက် အာရာမသမုဋ္ဌာပကတွဲဖက် ရွှေကျင်သာသနာပိုင်ဆရာတော်ကိုဥပဇ္ဈာယ်ပြု၍ရောက်ရှိခဲ့သည်။

ဆရာတော်သည် ယခုအခါ မုံရွာမြို့၊သဒ္ဓမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်၌နာယကဆရာတော်အဖြစ်သီတင်းသုံးကာ စာပေပို့ချ ရင်း တရားဓမ္မများ ဟောကြားရင်း သာသနာ့တာဝန်ကိုထမ်းဆောင်လျက်ပါကြောင်းသုတဗုဒ္ဓတစ်ဆူဖြစ်သော သာသနာ့အာဇာနည်အရှင်မြတ်စစ်ကိုင်းတိပိဋကဆရာတော်၏ အတ္ထုပ္ပတ္တိအား အများ သူငါကြည်ညို သဒ္ဓါပွားများနိုင်ရန်အမြွက်မျှ တင်ပြလိုက်ပါသည်။

Credit

ျမန္မာနိုင္ငံ ပရိယတၱိပညာေရး ေလာက၌တစ္နိုင္ငံလုံးဘြဲ႕တံဆိပ္ေတာ္ အမ်ားဆုံးရရွိထားေသာ ဆရာေတာ္အရွင္ျမတ္မွာစစ္ကိုင္းတိပိဋကဆရာေတာ္ဘဒၵႏၲအဘိဇာတာ လကၤာရာဘိဝံသျဖစ္သည္။

ဆရာေတာ္သည္ ျမန္မာျပည္အနယ္နယ္ အရပ္ရပ္ရွိ စာ ေမးပြဲ စာျပန္ပြဲေပါင္း(၅၀) ေက်ာ္(၆၀)ခန့္ကို ေျဖဆိုျပန္ဆိုေအာင္ျမင္ထားသလို ဓမၼာစရိယ(၁၀)ဘြဲ႕ ၊ ပါဠိပါရဂူ(၃)ဘြဲ႕၊ ဝိဒူ(၅)ဘြဲ႕၊ မဟာဝိဒူ(၅)ဘြဲ႕၊တိပိဋကဓရ၊တိပိဋကေကာဝိဒဘြဲ႕ႏွင့္အျခားအစိုးရ တိပိဋကဆိုင္ရာ ဘြဲ႕မ်ားအပါအဝင္ ဘြဲ႕တံဆိပ္ေတာ္(၄၇)ဘြဲ႕တိတိကိုဆြတ္ခူးရရွိထားပါသည္။

ဆရာေတာ္ကို စစ္ကိုင္းတိုင္းေဒသႀကီး၊ဝက္လက္ၿမိဳ႕နယ္၊ဆင္နင္းေက်း႐ြာ ခမည္းေတာ္ဦးတင္ရ+မယ္ေတာ္ေဒၚၫြန့္ခင္တို႔မွ ၁၃၃၀ျပည့္ႏွစ္၊ သီတင္းကြၽတ္လဆန္း(၈)ရက္၊(၂၉-၉-၆၈) တနဂၤေႏြေန႕တြင္ ဖြားျမင္ခဲ့ေသာ သားရတနာျဖစ္သည္။

ဆရာေတာ္သည္ ၁၃၄၁-ခုႏွစ္၊ နတ္ေတာ္လဆန္း(၁၁) ရက္ (၂၉-၁၀-၇၉)ၾကာသာပေတးေန႕တြင္ ရွင္သာမေဏအျဖစ္သို႔ေရာက္ရွိခဲ့ၿပီး ထိုႏွစ္နတ္ေတာ္ လျပည့္ေက်ာ္ (၁၁)ရက္(၁၄-၁၁-၇၉) ေသာၾကာေန႕မွာပင္စစ္ကိုင္းၿမိဳ႕ မဟာသုေဗာဓာ႐ုံေက်ာင္းတိုက္သို႔ေရာက္ရွိခဲ့ၿပီး

ထိုေက်ာင္းတိုက္မွာပင္ အေျခခံတန္းမ်ားမွစ၍ တိပိဋကၿပီးသည္အထိ သီတင္းသုံးကာပညာသင္ယူခဲ့သည္။

ျမင့္ျမတ္ေသာ ရဟန္းအျဖစ္ကိုမူ ၁၃၄၉-ခုႏွစ္၊ျပာသိုလျပည့္ေက်ာ္(၁)ရက္(၄-၁-၈၈) တနလၤာေန႕တြင္ဝက္လက္ၿမိဳ႕၊ႀကံ့ခိုင္ရပ္ ဦးသန္းထြန္း+ ေဒၚဟန္ၫြန့္ တို႔၏ ပစၥယာ ႏုဂၢဟျဖင့္ ဝက္လက္ၿမိဳ႕၊သီရိရပ္ဓမၼာ႐ုံေက်ာင္းသာသနဝိလာသိနီသိမ္ေတာ္၌စစ္ကိုင္းၿမိဳ႕မဟာသုေဗာဓာ႐ုံေက်ာင္း တိုက္ အာရာမသမု႒ာပကတြဲဖက္ ေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ကိုဥပဇၩာယ္ျပဳ၍ေရာက္ရွိခဲ့သည္။

ဆရာေတာ္သည္ ယခုအခါ မုံ႐ြာၿမိဳ႕၊သဒၶမၼေဇာတိကသုေဗာဓာ႐ုံေက်ာင္းတိုက္၌နာယကဆရာေတာ္အျဖစ္သီတင္းသုံးကာ စာေပပို႔ခ် ရင္း တရားဓမၼမ်ား ေဟာၾကားရင္း သာသနာ့တာဝန္ကိုထမ္းေဆာင္လ်က္ပါေၾကာင္းသုတဗုဒၶတစ္ဆူျဖစ္ေသာ သာသနာ့အာဇာနည္အရွင္ျမတ္စစ္ကိုင္းတိပိဋကဆရာေတာ္၏ အတၳဳပၸတၱိအား အမ်ား သူငါၾကည္ညို သဒၶါပြားမ်ားနိုင္ရန္အႁမြက္မွ် တင္ျပလိုက္ပါသည္။

Credit