ဗဟုသုတ

ရေကျချိန်မှာ သွားရောက်ဖူးမျှော်ရင်း ဒေသခံတွေမျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

Unicode

ရေကျချိန်မှာ သွားရောက်ဖူးမျှော်ရင်း ဒေသခံတွေမျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

သဖန်းဆိပ်ဆည်ထဲက ဘုရားကြီးဖြစ်ပါတယ်…မိုးရာသီ ရေပြည့်ချိန်မှာ ရေအောက်မှာ စံနေတော်မှုပြီးနွေရာသီ ရေကျမှ ခုလို ပြန်ပေါ်လာတာဖြစ်ပါတယ်…၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေရွှေ့ပြောင်းကြရတယ်။

တချို့မရွေ့ပြောင်းနိုင်တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်…ဆည်ရေလျော့တဲ့အခါ မွေးရပ်ရွာကဘုရားကြီးကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည်စို့ရတယ်။

သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေတဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေလယ်ယာစိုက်ပျိုးရေးအတွက် များစွာ အဆင်ပြေကြပါတယ်…

သဖန်းဆိပ်ဆည်ကြီးကနေ ထုတ်လုပ်ပြီး ပေးဝေတဲ့လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပြီ…အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေကတော့ ခုထိရှိနေဆဲပါ…

အများအကျိုးအတွက် ပေးဆပ်ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့်လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကိုအလွမ်းပြေလာကြည့်မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲ…

Credit

Zawgyi

ေရက်ခ်ိန္မွာ သြားေရာက္ဖူးေမွ်ာ္ရင္း ေဒသခံေတြမ်က္ရည္စို႔ရတဲ့ သဖန္းဆိပ္ဆည္ထဲက ဘုရားႀကီး

သဖန္းဆိပ္ဆည္ထဲက ဘုရားႀကီးျဖစ္ပါတယ္…မိုးရာသီ ေရျပည့္ခ်ိန္မွာ ေရေအာက္မွာ စံေနေတာ္မႈၿပီးေႏြရာသီ ေရက်မွ ခုလို ျပန္ေပၚလာတာျဖစ္ပါတယ္…၁၉၉၈ခုႏွစ္က ဆည္တည္ေတာ့ ႐ြာေတြေ႐ႊ႕ေျပာင္းၾကရတယ္။

တခ်ိဳ႕မေ႐ြ႕ေျပာင္းနိုင္တဲ့ အရာေတြ ေရေအာက္ေရာက္သြား တယ္…ဆည္ေရေလ်ာ့တဲ့အခါ ေမြးရပ္႐ြာကဘုရားႀကီးကို သြားဖူးၾကတယ္ ေလွေပၚကေန ဘုရားဖူးေနတဲ့သူေတြ ၾကည့္ၿပီး မ်က္ရည္စို႔ရတယ္။

သဖန္းဆိပ္ဆည္ႀကီးကေန ေပးေဝတဲ့ ေရေတြေၾကာင့္ စစ္ကိုင္းတိုင္းအတြင္းက ေတာင္သူေတြလယ္ယာစိုက္ပ်ိဳးေရးအတြက္ မ်ားစြာ အဆင္ေျပၾကပါတယ္…

သဖန္းဆိပ္ဆည္ႀကီးကေန ထုတ္လုပ္ၿပီး ေပးေဝတဲ့လွ်ပ္စစ္မီးေတြေၾကာင့္ ေဒသေတာ္ေတာ္မ်ားမ်ား မီးေတြလင္းေနပါၿပီ…အမ်ားေကာင္းက်ိဳးအတြက္ ေပးဆပ္ခဲ့ၾကရတဲ့သဖန္းဆိပ္ဆည္ ဧရိယာထဲက ေဒသခံေတြရဲ႕ ရင္ထဲက နာက်င္မႈေတြကေတာ့ ခုထိရွိေနဆဲပါ…

အမ်ားအက်ိဳးအတြက္ ေပးဆပ္ခဲ့ၾကတာပဲဆိုၿပီး ဂုဏ္ယူခဲ့ၾကေပမယ့္လည္း ခုလို ဆည္ေရေတြက်ခ်ိန္ ေနရာေဟာင္းေလးကိုအလြမ္းေျပလာၾကည့္မိတိုင္း သူတို႔တေတြ မ်က္ရည္ဝဲေနဆဲပါပဲ…

Credit