ဗဟုသုတ

ကွယ်လွန်သွားတဲ့ အမေ့ကိုယ်စား အမေ့ပုံစံတူအရုပ်နဲ့သာ ဘွဲ့ယူခဲ့ရရှာတဲ့ ကျောင်းသားလေး

Unicode

ကျောင်းသားတိုင်းကတော့ ဘွဲ့ယူတဲ့ နေ့လေးမှာ မိသားစု စုံလက်စွာနဲ့ ဘွဲ့ယူချင်ကြတာပါနော်။အခု ကျောင်းသားလေးဟာ ဘွဲ့ယူတဲ့ အခါမှာ မိခင် ပူံတူလေးကိုဘဲ ယူခဲ့ရတာပါနော်။

ဖိလစ်ပိုင်လူမျိုးPaulo Johnဟာ ဘွဲ့ယူတဲ့နေ့မှဓာတ်ပုံလေး တွေကို ဇူလိုင်လ16 ရက်နေ့က Twitterမှာ တင်လိုက်တဲ့အခါမှာ retweet 4600 ရရှိခဲ့ပါတယ်တဲ့။Pauloက ဘွဲ့ဝတ်စုံကို ဝတ် ထားပြီးတော့ ဘေးမှာကသူ့အမေကိုယ်စား ပုံစံတူစက္ကူရုပ်ကြီးနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံပါ။

ဘုရား သခင်ရဲ့ ကျေးဇူးနဲ့ မေမေ့သားအကြီးဆုံး ဘွဲ့ယူနိုင်ခဲ့တာ မေမေပျော်မယ်လို့ မျှော်လင့် ပါတယ် ။ မေမေ့ဆန္ဒအတိုင်း သား ဘွဲ့ရ သွားပါပြီ။ မေမေ့ကို အများကြီးချစ်တယ် လို့လည်းရေးထားခဲ့ပါတယ်။Pauloကတော့ စီးပွားရေး စီမံဘွဲ့ကို ရရှိ ခဲ့တာပါ။ ဘွဲ့ယူတဲ့နေ့မှာ အမေကို ဘေးမှာ ရှိစေချင်တာက သူ့ရဲ့အိပ်မက်ပါပဲတဲ့။

ဒါပေမယ့်လည်းPaulo ရဲ့အမေဟာ 2016 ခုနှစ်က နမိုးနီးယား ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာပါ။

ကောလိပ်ကနေ ဘွဲ့ရဖို့ ဆိုတာ သူတို့ မိသားစုရဲ့အိပ်မက်ဖြစ်ကြောင်းနဲ့ အမေကွယ်လွန်သွားပေမယ့်လည်း အမေ့ပုံစံတူအရုပ် ရှိနေခြင်းက အနည်းဆုံးတော့အမေရှိနေသလို ခံစားရကြောင်း Paulo က ပြောပြခဲ့တာပါနော်။

အမေဟာ နှစ်အနည်းငယ်ကြာအောင် မိသားစုအတွက် တစ်ယောက်တည်း ရုန်းကန်ခဲ့တာပါ။ အမေက ကျွန်တော့်ကိုကိုယ်ပိုင်ကျောင်းတွေကို ပို့ပေးခဲ့တာ။အမေနဲ့ ကျွန်တော်က သိပ်ရင်းနှီးပါတယ်။

ကျွန်တော့်ကို ကောလိပ် ပို့ဖို့အတွက် ကျွန်တော့်ပထွေးကိုတောင် မတောင်းဆိုခဲ့ပါဘူး။ငွေတွေအားလုံးကို အမေတစ်ယောက်တည်း ရှာခဲ့ပြီး အဒေါ်တွေကလည်း ကူညီပေးခဲ့ပါတယ် ။

ဘွဲ့ယူအခမ်းအနားကို အမေ့ပုံစံတူ အရုပ်ကြီးယူသွားတဲ့အခါ ဘေးမှာ အမေရှိနေသလို ခံစားရတဲ့အတွက် အလွန်ဝမ်းသာတယ် လို့ Paulo ကစိတ်မကောင်းစွာပြောပြခဲ့တာပါနော်။

Credit

Zawgyi