ဗဟုသုတ

RIP (အကို ကောင်းထက်နိုင်)အကို့ဖိနပ်လေးပဲ တွေ့တော့တယ်…

RIP (အကို ကောင်းထက်နိုင်)အကို့ဖိနပ်လေးပဲ တွေ့တော့တယ်…

အလောင်းတောင်ပြန်မရတဲ့ သူရဲကောင်းတွေ ရဲ့ အသက်လျော်ကြေးက ဘယ်သူဆီက ပြန်ယူရမလဲ….

စစ်တပ်ကပစ်လို့ မနေ့က ကျဆုံးသွားသူ အကိုကောင်းထက်နိုင် ကို အလောင်းမရှိဘဲ သက်ပျောက်ဆွမ်းသွတ် လိုက်ရပါပြီ….

ကျည်အပစ်ခံရတဲ့နေရာမှာ အကို့ဖိနပ်လေး ပဲ ကျန်ရစ်ခဲ့တယ်…

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အကိုကောင်းထက်နိုင် အသက် (၂၂) နှစ်ဟာ ဧပြီ ၂၄ ရက်နေ့၊ မနေ့က ၆၅ လမ်း ၁၀၇ လမ်းထောင့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ဒီကနေ့မှာတော့ မိသားစုက သက်ပျောက်ဆွမ်းသွတ်ခဲ့ရပါတယ်

“တာယာပုံ မီးရှို့လို့ဆိုပြီး မနေ့က ၁၀ နာရီ ၁၅ လောက်မှာ ပစ်ခံရတယ်။ ဗိုက်ထိသွားတယ်။ အလောင်းကို ယူသွားတယ်။ ဆေးရုံတွေနဲ့ နန်းတွင်း (စစ်ကောင်စီ အခြေစိုက်ရာ မန္တလေးနန်းတွင်း) ကိုလည်း သွားမေးတယ်။ မသိဘူးပြောတယ်။

မိသားစုတွေစုံစမ်းကြတယ်…..ကြာနီကန် သွားမေးတော့ မနေ့က တစ်ရက်တည်း သုံးလောင်းလောက် မီးရှို့တယ်ပြောတယ်။

အကို့ သူငယ်ချင်းတွေကလည်း အကို ကောင်ထက်နိုင် ပစ်ခံရပြီး လဲကျနေတာကို အတည်ပြုတော့ မိဘတွေက လက်မခံနိုင်ကြပေမယ့် အလောင်းမရှိဘဲ သက်ပျောက်ဆွမ်းသွတ်လိုက်တယ်”

ကိုကောင်းထက်နိုင် သေနတ်နဲ့ ပစ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်တွေက သွေးတွေကို ရေတွေနဲ့ ဆေးပြီး အလောင်းကို ခွေးဘလူးကားပေါ် ဆွဲတင်သွားတယ်လို့ မျက်မြင်တွေ့ရသူတွေက သတင်းဌာနတွေ ကို ပြောပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခံရတာတွေရှိနေပေမယ့် ဆန္ဒပြတာတွေ နေ့စဥ်ရှိနေပါတယ်။

Credit