ဗဟုသုတ

2021ခုအတွက်စနေသားသမီးများ တစ်နှစ်စာဟောစာတမ်း

Unicode

2021ခုအတွက်စနေသားသမီးများ တစ်နှစ်စာဟောစာတမ်း

စနေသားသမီးတို့သည် 2021 ခုနှစ်တွင်ဘဝတစ်ဆစ်ချိုးအပြောင်းအလဲဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ မူလဇာတာအရ ကံကောင်းချိန်ကျရောက်နေတဲ့သူများက သူမတူအောင် တိုးတတ်သွားနိုင်ပြီး..မူလဇာတာအရလဲ ဒီနှစ်မှာကံညံ့နေသူဖြစ်မယ်ဆိုရင် ဘဝပျက်လောက်သည်အထိ ကံဆိုးသွားတတ်ပါတယ်။ဒီနှစ် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်ရတတ်ပါတယ်။ နေရာသစ်၊ ဝန်းကျင်သစ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရ တတ်သည်။

သူတစ်ပါးအတွက် အကျိုးမပေးလို့ပစ်ထားတဲ့အလုပ်များမိမိကပြန်လည်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင် ခြင်း ကံကို ရ တတ်သည်။ သူများတွေကအရှုံးပေါ်လို့ ရောင်းချင်တဲ့လုပ်ငန်းတွေဝယ်ယူလုပ်ကိုင်တာမျိုးက မထင် မှတ်လောက်အောင် တိုးတတ်နိုင်ပါတယ်။ ကိုယ်ဘာသာအလုပ်သစ်၊စီးပွားသစ်စမယ်ဆိုရင်တော့ ထင်သလောက် မအောင်မြင်ပါဘူး။

ကုမ္ပဏီလုပ်ငန်းများ၊ဖျော်ရည်ယမကာများ၊တံငါလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ စားသောက်ကုန် ထုတ် လုပ်မှု လုပ်ငန်း၊ အဝတ်အထည်နှင့် ဖန်စီလုပ်ငန်းများ၊ စက်ချုပ်ပစ္စည်းများ ရောင်းဝယ်ခြင်းများ အကျိုးပေး မည်။ မိမိရင်းနှီး မြှုတ်နှံမှုများသလောက် အကျိုးအမြတ်ဖြစ်ထွန်းမှု အားနည်းနေတတ်သည်။ မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စများကို ထူးခြားစွာ အောင်မြင်လာပါလိမ့်မည်။

ဘာသာရေးကိုမေ့ပြီး အတ္တသိပ်ကြီးတဲ့ စနေသား သမီးများသံဝေဂဉာဏ်ကိုရလာတတ်ပါတယ်။ ကိုယ်ချင်းစာစိတ်၊ခွင့်လွှတ်စိတ်၊နားလည်ပေးနိုင်တဲ့ စိတ်မျိုးတွေ စနေ သားသမီးတွေရဲ့စိတ်သန္တန်မှာ ပေါ်ပေါက်လာတတ်ပါတယ်။ဒီနှစ်မှာ ခင်ပွန်းကြီးဆယ်ပါးကိုမမေ့ပါနှင့်။ ဘာသာ တရားကို အကျိုးမမျှော်ဘဲဆောင်ရွက်ခြင်းမျိုးက ကံဆိုးမှုတွေကိုသိသာစွာလျော့ပါးသွားစေနိုင်ပါလိမ့်မယ်။ ခေါင်း ဆောင်အကြီးအကဲတွေကတော့ ဒီလိုနှစ်တွေမှာ တရားမျှတမှုသာရှိပါစေ။ လူအများရဲ့အထင်ကြီးလေးစားခြင်းကို အထူးရပါလိမ့်မယ်။ တစ်ခုခုမတရားလုပ်မိတာနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ စနေသားသမီးတွေက ဒီနှစ်မှာဟုတ် ရင်ကျော်တယ်..ပုပ်ရင်ပေါ်တယ်ဆိုတဲ့ စကားပုံလိုပဲ ဖြစ်တတ်ပါတယ်။

ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်ကိန်းရှိသည်။အထားမှားတာ၊မေ့ကျန်တာမျိုးတွေကဒီနှစ်မှာ သိပ်ဖြစ် လွယ်တဲ့ နှစ် မျိုးပဲ ဖြစ် ပါတယ်။ အိမ်၊ ခြံမြေ လက်မှတ်ရေး ထိုးခြင်းများ၊ စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် သတိပြုဆောင်ရွက်ရမည်။ လုပ်ငန်းကိစ္စများအတွက် contractချုပ်တော့မယ်ဆိုရင် သေချာဖတ်ပါ။နားလည်သူတွေ နဲ့တိုင်ပင်ပါ။

လွယ်လွယ်လက်မှတ်မထိုးဖို့ပြောလိုပါတယ်။ ကြာသပတေး၊ တနင်္ဂနွေသားသမီးများနှင့် ဆောင်ရွက် ခြင်း များ အထူးဂရုစိုက်ပေးရမည်။တနင်္လာ၊သောကြာသားသမီးများနဲ့ပတ်သတ်ပြီးအထူး အကျိုးပေးနိုင်ပါတယ်။ မကြာခဏ ခရီးသွားရတတ်သည်။အိမ်မကပ်ရတဲ့နှစ်ဖြစ်လာလိမ့်မယ်။ဒါကြောင့် ခရီးဝေးသွားပြီးလုပ်ကိုင်ဆောင် ရွက်ရတဲ့အလုပ်တွေက အညံ့အဆိုးမရှိနိုင်တာကိုတွေ့ရပါတယ်။

ကျန်းမာရေးတွင် ဖျားနာခြင်း၊ ဒူးနာ၊ ခါးနာ၊ အစားအသောက်မှားခြင်း၊ အရေပြားရောဂါ၊ အာရုံကြောအား နည်း ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါများ ခံစားရတတ်သည်။ဒီနှစ်မှာစနေသားသမီးများကျန်းမာရေးမှာ မပေါ့ စေချင်ပါဘူး။ တစ်ခုခုဝေဒနာပေါ်နေတယ်။ ဆေးသောက်လဲခဏပဲသက်သာပြီး ပြန်ဖြစ်တာမျိုးတွေသေချာ ဆရာဝန် ပြ ပါတော့။ ညာဘက်မျက်စိအားနည်းတတ်ပါတယ်။ မျက်စိပါဝါတိုးနိုင်ပါတယ်။ဤကာလတွင် စီးပွားရေးလုပ် ငန်းများ တည်မြဲမှုမရှိဘဲ ပြောင်းလဲမှုကြောင့် ရသင့်သောအကျိုးအမြတ်ငွေ မရဘဲရှိနေ မည်။

အသင်းအဖွဲ့တို့နှင့် စီးပွား ရေး(သို့မဟုတ်) လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် သိက္ခာကျဆင်းဖွယ်ရာများ ကြုံရတတ်မည်။ ဆွေမျိုး များ ထံမှ အမင်္ဂလာသတင်းများ ကြားရတတ်သည်။ စက်ပစ္စည်းအဟောင်း ရောင်းဝယ်ခြင်းမှ အကျိုးအမြတ်များ ရမည်။ ဒါကြောင့် တစ်ပတ်ရစ်၊second hand အရောင်းအဝယ်လုပ်သူများ အဆင်ပြေတတ်ကြပါတယ်။ အတိတ် ကပြုခဲ့တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြန်ခံစားရတတ်ပါတယ်။ မကောင်းတာတွေလုပ်တာများသူတွေကတော့ မကောင်းကျိုးတွေဒီနှစ်အထူးခံစားရသလို..ကောင်းတာလုပ်သူတွေအတွက်တော့ ကောင်းတဲ့အကျိုးဖြစ်တဲ့ ထီပေါက်တာ အမွေရတာမျိုးတွေကိုလဲ တန်ပြန်ခံစားရနိုင်ပါတယ်။

ပျိုရွယ်သူများတစ်ဖက်သက် အချစ်ရေးမျိုးများနှင့် ကြုံတွေ့ရတတ်သည်။ ချစ်သူနှင့် နီးစပ်ရန် မလွယ်ကူသလို ခက်ခဲမှုများ ကြုံနေရမည်။ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ချစ်သူစုံတွဲများရက်ရွှေ့ရခြင်း(သို့မဟုတ်) မင်္ဂလာမဆောင် ဖြစ်ဘဲ အကျဉ်းရုံးလောက်ပဲ ဆောင်ရွက်ရခြင်းမျိုးကြုံရတတ်ပါတယ်။ ဝေးကွာနေသောချစ်သူများနှင့် ပြန်လည် ဆုံစည်း ရတတ်သည်။ အိမ်ထောင်ရေးတွင် ပြေလည်မှုခက်ခဲပေမယ့် သားသမီးများအတွက် သတင်းကောင်းများ ကြားရတတ်သည်။

အိမ်ထောင်ဘက်က အရင်ကတည်းက ခြေရှုပ်တတ်သူဆို အိမ်ထောင်ရေးဖောက်ပြန်တာဖြစ်စေ၊ မိမိကိုစိတ်ကုန်နေတာမျိုးဖြစ်စေ ကြုံလွယ်တတ်ပါတယ်။(အကုန်လုံးမဆိုလိုပါ) အိမ်ထောင်ဘက်နှင့် ပတ်သက်၍ မမျှော်လင့်ဘဲ ငွေကြေးဥစ္စာများ ရရှိမည်။ သားသမီးတို့၏စီးပွားရေး တိုးတတ်အောင်မြင်မည်။ ပညာရေးတွင် မိမိကြိုးပမ်းအားထုတ် မှုကြောင့် ထူးထူးခြားခြား တိုးတတ်အောင်မြင်လာလိမ့်မည်။ ပြည်ပများသို့ သွားရောက်ပညာ ယူခြင်းများ၊ ရာထူး၊ ဌာနနေရာပြောင်းရွှေ့ခြင်းများ ရှိမည်။ ပညာရေးတွင် လူငယ်လေးများချစ်မှုရေးရာ ရှုတ်ထွေးမှုများကြောင့် စိတ်လေလွင့်မှုမရှိဘဲ ကြိုးစားမှသာ အောင်မြင်မှုများ ရရှိမည်။

အကျိုးပေးဂဏန်း ….ဝ၊၂၊၇၊၉

အကျိုးပေးအက္ခရာ….အ၊စ၊လ၊န

တစ်နှစ်စာယတြာ…ခေါင်းကြည်ဆေးလေးတွေ၊အားဆေးလေးတွေ ဘယ်သူကိုဖြစ်ဖြစ်လှူပေးပါ။ ဒီနှစ်က ကျန်တာ ဘာမှမလုပ်ရင်နေပါ။ အာဟာရဒါနကိုတော့ အမြဲမပြတ်လုပ်စေချင်ပါတယ်။

စနေသားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

Zawgyi

2021ခုအတြက္စေနသားသမီးမ်ား တစ္ႏွစ္စာေဟာစာတမ္း

စေနသားသမီးတို႔သည္ 2021 ခုႏွစ္တြင္ဘဝတစ္ဆစ္ခ်ိဳးအေျပာင္းအလဲဆိုတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ မူလဇာတာအရ ကံေကာင္းခ်ိန္က်ေရာက္ေနတဲ့သူမ်ားက သူမတူေအာင္ တိုးတတ္သြားႏိုင္ၿပီး..မူလဇာတာအရလဲ ဒီႏွစ္မွာကံညံ့ေနသူျဖစ္မယ္ဆိုရင္ ဘဝပ်က္ေလာက္သည္အထိ ကံဆိုးသြားတတ္ပါတယ္။ဒီႏွစ္ မေမွ်ာ္လင့္ထားတဲ့ အေျပာင္းအလဲေတြျဖစ္ရတတ္ပါတယ္။ ေနရာသစ္၊ ဝန္းက်င္သစ္မ်ားသို႔ ေျပာင္းေ႐ႊ႕လုပ္ကိုင္ရ တတ္သည္။

သူတစ္ပါးအတြက္ အက်ိဳးမေပးလို႔ပစ္ထားတဲ့အလုပ္မ်ားမိမိကျပန္လည္လုပ္ကိုင္ေဆာင္႐ြက္ျခင္းျဖင့္ ေအာင္ျမင္ ျခင္း ကံကို ရ တတ္သည္။ သူမ်ားေတြကအရႈံးေပၚလို႔ ေရာင္းခ်င္တဲ့လုပ္ငန္းေတြဝယ္ယူလုပ္ကိုင္တာမ်ိဳးက မထင္ မွတ္ေလာက္ေအာင္ တိုးတတ္ႏိုင္ပါတယ္။ ကိုယ္ဘာသာအလုပ္သစ္၊စီးပြားသစ္စမယ္ဆိုရင္ေတာ့ ထင္သေလာက္ မေအာင္ျမင္ပါဘူး။

ကုမၸဏီလုပ္ငန္းမ်ား၊ေဖ်ာ္ရည္ယမကာမ်ား၊တံငါလုပ္ငန္း၊ေမြးျမဴေရးလုပ္ငန္း၊ စားေသာက္ကုန္ ထုတ္ လုပ္မႈ လုပ္ငန္း၊ အဝတ္အထည္ႏွင့္ ဖန္စီလုပ္ငန္းမ်ား၊ စက္ခ်ဳပ္ပစၥည္းမ်ား ေရာင္းဝယ္ျခင္းမ်ား အက်ိဳးေပး မည္။ မိမိရင္းႏွီး ျမႇဳတ္ႏွံမႈမ်ားသေလာက္ အက်ိဳးအျမတ္ျဖစ္ထြန္းမႈ အားနည္းေနတတ္သည္။ မေမွ်ာ္လင့္ဘဲ ဘာသာေရးကိစၥ၊ အလႉအတန္းကိစၥမ်ားကို ထူးျခားစြာ ေအာင္ျမင္လာပါလိမ့္မည္။ဘာသာေရးကိုေမ့ၿပီး အတၱသိပ္ႀကီးတဲ့ စေနသား သမီးမ်ားသံေဝဂဉာဏ္ကိုရလာတတ္ပါတယ္။

ကိုယ္ခ်င္းစာစိတ္၊ခြင့္လႊတ္စိတ္၊နားလည္ေပးႏိုင္တဲ့ စိတ္မ်ိဳးေတြ စေန သားသမီးေတြရဲ႕စိတ္သႏၲန္မွာ ေပၚေပါက္လာတတ္ပါတယ္။ဒီႏွစ္မွာ ခင္ပြန္းႀကီးဆယ္ပါးကိုမေမ့ပါႏွင့္။ ဘာသာ တရားကို အက်ိဳးမေမွ်ာ္ဘဲေဆာင္႐ြက္ျခင္းမ်ိဳးက ကံဆိုးမႈေတြကိုသိသာစြာေလ်ာ့ပါးသြားေစႏိုင္ပါလိမ့္မယ္။ ေခါင္း ေဆာင္အႀကီးအကဲေတြကေတာ့ ဒီလိုႏွစ္ေတြမွာ တရားမွ်တမႈသာရွိပါေစ။ လူအမ်ားရဲ႕အထင္ႀကီးေလးစားျခင္းကို အထူးရပါလိမ့္မယ္။ တစ္ခုခုမတရားလုပ္မိတာနဲ႔ ဖုံးကြယ္ထားလို႔မရႏိုင္ပါဘူး။ စေနသားသမီးေတြက ဒီႏွစ္မွာဟုတ္ ရင္ေက်ာ္တယ္..ပုပ္ရင္ေပၚတယ္ဆိုတဲ့ စကားပုံလိုပဲ ျဖစ္တတ္ပါတယ္။

ဖုန္းႏွင့္အဖိုးတန္ပစၥည္းမ်ားက်ေပ်ာက္ကိန္းရွိသည္။အထားမွားတာ၊ေမ့က်န္တာမ်ိဳးေတြကဒီႏွစ္မွာ သိပ္ျဖစ္ လြယ္တဲ့ ႏွစ္ မ်ိဳးပဲ ျဖစ္ ပါတယ္။ အိမ္၊ ၿခံေျမ လက္မွတ္ေရး ထိုးျခင္းမ်ား၊ စာခ်ဳပ္စာတမ္းမ်ား ခ်ဳပ္ဆိုရာတြင္ သတိျပဳေဆာင္႐ြက္ရမည္။ လုပ္ငန္းကိစၥမ်ားအတြက္ contractခ်ဳပ္ေတာ့မယ္ဆိုရင္ ေသခ်ာဖတ္ပါ။နားလည္သူေတြ နဲ႔တိုင္ပင္ပါ။

လြယ္လြယ္လက္မွတ္မထိုးဖို႔ေျပာလိုပါတယ္။ ၾကာသပေတး၊ တနဂၤေႏြသားသမီးမ်ားႏွင့္ ေဆာင္႐ြက္ ျခင္း မ်ား အထူးဂ႐ုစိုက္ေပးရမည္။တနလၤာ၊ေသာၾကာသားသမီးမ်ားနဲ႔ပတ္သတ္ၿပီးအထူး အက်ိဳးေပးႏိုင္ပါတယ္။ မၾကာခဏ ခရီးသြားရတတ္သည္။အိမ္မကပ္ရတဲ့ႏွစ္ျဖစ္လာလိမ့္မယ္။ဒါေၾကာင့္ ခရီးေဝးသြားၿပီးလုပ္ကိုင္ေဆာင္ ႐ြက္ရတဲ့အလုပ္ေတြက အညံ့အဆိုးမရွိႏိုင္တာကိုေတြ႕ရပါတယ္။

က်န္းမာေရးတြင္ ဖ်ားနာျခင္း၊ ဒူးနာ၊ ခါးနာ၊ အစားအေသာက္မွားျခင္း၊ အေရျပားေရာဂါ၊ အာ႐ုံေၾကာအား နည္း ျခင္း၊ အဆစ္အျမစ္ကိုက္ခဲျခင္း ေရာဂါမ်ား ခံစားရတတ္သည္။ဒီႏွစ္မွာစေနသားသမီးမ်ားက်န္းမာေရးမွာ မေပါ့ ေစခ်င္ပါဘူး။ တစ္ခုခုေဝဒနာေပၚေနတယ္။ ေဆးေသာက္လဲခဏပဲသက္သာၿပီး ျပန္ျဖစ္တာမ်ိဳးေတြေသခ်ာ ဆရာဝန္ ျပ ပါေတာ့။ ညာဘက္မ်က္စိအားနည္းတတ္ပါတယ္။ မ်က္စိပါဝါတိုးႏိုင္ပါတယ္။ဤကာလတြင္ စီးပြားေရးလုပ္ ငန္းမ်ား တည္ၿမဲမႈမရွိဘဲ ေျပာင္းလဲမႈေၾကာင့္ ရသင့္ေသာအက်ိဳးအျမတ္ေငြ မရဘဲရွိေန မည္။

အသင္းအဖြဲ႕တို႔ႏွင့္ စီးပြား ေရး(သို႔မဟုတ္) လူမႈေရးကိစၥမ်ား လုပ္ေဆာင္ရာတြင္ သိကၡာက်ဆင္းဖြယ္ရာမ်ား ႀကဳံရတတ္မည္။ ေဆြမ်ိဳး မ်ား ထံမွ အမဂၤလာသတင္းမ်ား ၾကားရတတ္သည္။ စက္ပစၥည္းအေဟာင္း ေရာင္းဝယ္ျခင္းမွ အက်ိဳးအျမတ္မ်ား ရမည္။ ဒါေၾကာင့္ တစ္ပတ္ရစ္၊second hand အေရာင္းအဝယ္လုပ္သူမ်ား အဆင္ေျပတတ္ၾကပါတယ္။ အတိတ္ ကျပဳခဲ့တဲ့ ေကာင္းက်ိဳးဆိုးက်ိဳးေတြကို ျပန္ခံစားရတတ္ပါတယ္။ မေကာင္းတာေတြလုပ္တာမ်ားသူေတြကေတာ့ မေကာင္းက်ိဳးေတြဒီႏွစ္အထူးခံစားရသလို..ေကာင္းတာလုပ္သူေတြအတြက္ေတာ့ ေကာင္းတဲ့အက်ိဳးျဖစ္တဲ့ ထီေပါက္တာ အေမြရတာမ်ိဳးေတြကိုလဲ တန္ျပန္ခံစားရႏိုင္ပါတယ္။

ပ်ိဳ႐ြယ္သူမ်ားတစ္ဖက္သက္ အခ်စ္ေရးမ်ိဳးမ်ားႏွင့္ ႀကဳံေတြ႕ရတတ္သည္။ ခ်စ္သူႏွင့္ နီးစပ္ရန္ မလြယ္ကူသလို ခက္ခဲမႈမ်ား ႀကဳံေနရမည္။ လက္ထပ္ဖို႔ရည္႐ြယ္ထားတဲ့ခ်စ္သူစုံတြဲမ်ားရက္ေ႐ႊ႕ရျခင္း(သို႔မဟုတ္) မဂၤလာမေဆာင္ ျဖစ္ဘဲ အက်ဥ္း႐ုံးေလာက္ပဲ ေဆာင္႐ြက္ရျခင္းမ်ိဳးႀကဳံရတတ္ပါတယ္။ ေဝးကြာေနေသာခ်စ္သူမ်ားႏွင့္ ျပန္လည္ ဆုံစည္း ရတတ္သည္။ အိမ္ေထာင္ေရးတြင္ ေျပလည္မႈခက္ခဲေပမယ့္ သားသမီးမ်ားအတြက္ သတင္းေကာင္းမ်ား ၾကားရတတ္သည္။

အိမ္ေထာင္ဘက္က အရင္ကတည္းက ေျခရႈပ္တတ္သူဆို အိမ္ေထာင္ေရးေဖာက္ျပန္တာျဖစ္ေစ၊ မိမိကိုစိတ္ကုန္ေနတာမ်ိဳးျဖစ္ေစ ႀကဳံလြယ္တတ္ပါတယ္။(အကုန္လုံးမဆိုလိုပါ) အိမ္ေထာင္ဘက္ႏွင့္ ပတ္သက္၍ မေမွ်ာ္လင့္ဘဲ ေငြေၾကးဥစၥာမ်ား ရရွိမည္။ သားသမီးတို႔၏စီးပြားေရး တိုးတတ္ေအာင္ျမင္မည္။ ပညာေရးတြင္ မိမိႀကိဳးပမ္းအားထုတ္ မႈေၾကာင့္ ထူးထူးျခားျခား တိုးတတ္ေအာင္ျမင္လာလိမ့္မည္။ ျပည္ပမ်ားသို႔ သြားေရာက္ပညာ ယူျခင္းမ်ား၊ ရာထူး၊ ဌာနေနရာေျပာင္းေ႐ႊ႕ျခင္းမ်ား ရွိမည္။ ပညာေရးတြင္ လူငယ္ေလးမ်ားခ်စ္မႈေရးရာ ရႈတ္ေထြးမႈမ်ားေၾကာင့္ စိတ္ေလလြင့္မႈမရွိဘဲ ႀကိဳးစားမွသာ ေအာင္ျမင္မႈမ်ား ရရွိမည္။

အက်ိဳးေပးဂဏန္း ….ဝ၊၂၊၇၊၉

အက်ိဳးေပးအကၡရာ….အ၊စ၊လ၊န

တစ္ႏွစ္စာယၾတာ…ေခါင္းၾကည္ေဆးေလးေတြ၊အားေဆးေလးေတြ ဘယ္သူကိုျဖစ္ျဖစ္လႉေပးပါ။ ဒီႏွစ္က က်န္တာ ဘာမွမလုပ္ရင္ေနပါ။ အာဟာရဒါနကိုေတာ့ အၿမဲမျပတ္လုပ္ေစခ်င္ပါတယ္။

စေနသားသမီးမ်ားအားလုံး တစ္ႏွစ္တာအတြင္း ကံေကာင္းျခင္းေတြကို ရယူပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဆရာၿငိမ္းေအးလူ

လက္ဆန္းေဗဒင္သုေတသီ