Unicode
အလောင်းစည်သူမင်းကြီးအား သကြားမင်းဆက်သသောနတ်ပြည်မှာသာပေါက်ရောက်တဲ့ သရက္ခန်သားနဲ့ထုလုပ်ထားတဲ့ ဆုတောင်းပြည့် သရက္ခန်ဘုရားငါးဆူ
(၁) စည်သူရှင် သရက္ခန်ဘုရား – ရေစကြိုမြို့နယ် ပခန်းကြီးရွာ
(၂) ရှင်မတောင် သရက္ခန်ဘုရား – (ရေစကြိုမြို့နယ်၌တည်ရှိ၏။ ပခုက္ကူ မုံရွာကားလမ်းမှရှင်မတောင်သို့ ၁၁ မိုင် ကွာဝေး၏။တောင်အို တာတိုင်ရွာမှ ရှင်မတော်မုခ်ဦးအတိုင်း သွားရသည်။)
(၃) အညာသီဟတော သရက္ခန်ဘုရား – (အညာသီဟတော ဘုရားက တော့ ဘုရားပွဲရာသီမဟုတ်ရင် မန္တလေးမြို့ ရွှေကျီးမြင်ဘုရားထဲ မှာ ဖူးမြော်နိုင်ပါတယ်)
(၄) ဆင်ကြို့ရွှေဂူ သရက္ခန်ဘုရား – (ဆင်ကြို့ရွာ၊ ရေစကြိုမြို့နယ် ပခုက္ကူခရိုင်၊မကွေးတိုင်းဒေသကြီး)
(၅) ရွှေတန့်တစ် သရက္ခန်ဘုရား – ပခုက္ကူမြို့
(၆) မြတ်ပေါင်းမဥ္ဇူ ဘုရား – ရေစကြိုမြို့နယ် ပခန်းကြီးရွာ
သရက္ခန်အစစ် လက်လေးသစ်
(၁၆-၁၀-၂၀၁၉ရက်နေ့ ကြေးမုံသတင်းစာဆောင်းပါးတွင်ရေးသားဖော်ပြထားသည်)
သရက္ခန်သား လက်သစ်၂၀ကိုယူပြီးဆင်းတုတော် ငါးဆူကိုယ်တိုင်ထုလုပ်ခဲ့ပါသတဲ့။ တစ်ဆူချင်းမှာ ဘုရားရှင်ရဲ့ မွေတော်ဓာတ်နှစ်ဆူစီထည့်သွင်းဌာပနာပါသတဲ့။
လက်သစ်၂၀ကို ငါးဆူထုတော့ တစ်ဆူစီရဲ့ဉာဏ်တော်ဟာ လက်လေးသစ်ဖြစ်တာသဘာဝကျတယ်လို့ထင်ပါတယ်။အဲဒီ ငါးဆူကိုပုဂံဘုရင်အလောင်းစည်သူမင်းကိုဆက်သပါသတဲ့။ အလောင်းစည်သူမင်းကဆင်းတုတော်အရွယ်က ငယ်လွန်းတယ်ဆိုတော့ သိကြားမင်းက ဇမ္ဗုသပြေသားနဲ့အရွယ်တော်ဆင်းတု ငါးဆူငါးဆူထုလုပ်ပြီးသရက္ခန်ငါးဆူကို ပထမမှ ပဥ္စမအထိအစဉ်အတိုင်း ထည့်သွင်းဌာပနာပေးပါသတဲ့။
အဲသလို ဇမ္ဗုသပြေသားနဲ့အရွယ်တော်ဆင်းတုတော်ငါးဆူထူလုပ်ရာမှာ နောက်ဆုံးဖြစ်တဲ့ ပဥ္စမဆင်းတုတော်အလှည့်မှာ အသားမလောက်လို့ လက်ယာလက်မောင်းတော်ကို ဗောဓိညောင်သားနဲ့စပ်ပြီးလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။
သိကြား မင်းက အဲသလို သရက္ခန်ဆင်းတုငါးဆူ၊ ဇမ္ဗုသပြေဆင်းတု ငါးဆူထုလုပ်ရာက ထွက်ပေါ်လာတဲ့ စူးစာ ဆောက်စာ ဓားငယ်စာတွေကို သစ်စေးသရိုးနယ်ပြီးဓာတ်တော်နှစ်ဆူဌာပနာကာဆင်းတုတော်ထုလုပ်ပြီး မင်းကြီးကိုဆက်သခဲ့ပြန် ပါသတဲ့။
အဲဒီဆင်းတုတော်ကိုတော့ အသားမြတ်သုံးပါးပေါင်းစပ် ပြုလုပ်ထားတာ ကြောင့်”မြတ်ပေါင်းမဥ္ဇူ”လို့ ဘွဲ့အမည်တွင်ခဲ့ပါတယ်။ဆင်းတုတော်တွေထုလုပ်ပြီးသွားတော့မင်းကြီးက အနေကဇာတင်ဖို့ လိုတဲ့အကြောင်းပြောရာမှာ သိကြားမင်းကဆင်းတုတော်တွေရဲ့ပုံသဏ္ဌာန်ဟာမြတ်စွာဘုရားရဲ့ပုံသဏ္ဌန်အတိုင်းဖြစ်တဲ့အပြင် ဓာတ်တော်မွေတော်များကလည်းမြတ်စွာဘုရားရဲ့ကိုယ်တော်ကဖြစ်တဲ့အတွက် အနေကဇာတင်ခွင့်မရှိလို့ တားမြစ် ပါသတဲ့။
အလောင်းစည်သူမင်းကြီးက ဆင်းတုတော်တွေကိုဖူးမြော်ကြည်ညိုရင်း ပုလ္လင်တော်တွေနိမ့်နေတယ်ထင်လို့ မြှင့်ချင်တဲ့ဆန္ဒဖြစ်ပေါ်ရာမှာ ကျွန်းစောင့်နတ်တွေက ဆင်သားရေသဏ္ဌာန်ရှိတဲ့သစ်တုံး ခြောက်ပိုင်းကိုဆင်းတုတော် ခြောက်ဆူရှေ့မှာအစဉ်အတိုင်း လာရောက်ချထားပေးခဲ့ပါသတဲ့။
ပန်းပုဆရာတွေက အဲဒီသစ် ခြောက်ပိုင်းကိုဆင် ၁၅စီး၊ ဆင် ၁၄စီး ၊ ဆင် ၁၃စီး၊ ဆင် ၁၂စီး၊ ဆင် ၁၁စီးနဲ့ ဆင် ၁၀စီး ပုလ္လင်ခြောက်ခုထုလုပ်ပြီး သရက္ခန်ဆင်းတုတော် ငါးဆူနဲ့ မြတ်ပေါင်းမဥ္ဇူဆင်းတုတော်တို့ကိုအစဉ်အတိုင်းတင်ပြီးမင်းကြီးကိုဆက်သခဲ့တယ်လို့ဆိုပါတယ်။
မူရင်းရေးသားသူများကို လေးစားစွာဖြင့်
Zawgyi