ဗဟုသုတ

27.4.2021 မှ 4.5.2021 အထိ တစ်ပတ်စာ ခုနှစ်ရက်သားသမီးများ ဟောစာတမ်း

Unicode

27.4.2021 မှ 4.5.2021 အထိ တစ်ပတ်စာ ခုနှစ်ရက်သားသမီးများ ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလတွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ ဆုံးဖြတ်ရခက်တာတွေ ကြုံတွေ့လာရတတ်ပါတယ်။ ဟိုဟာ လုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အချိန်တွေ ကုန်သွားရတတ်ပါတယ်။ ။

အဲ့ဒီ့လို စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြားထဲကပဲ အလုပ်သစ်၊အခွင့်အရေးသစ်တွေဝင်လာရတတ်ပါတယ်။ ခက်ခဲ ကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မည်။

မိတ်ဆွေ၊ ဆရာသမား၊ ကြီးကဲသူများ၊ ဘုန်းကြီး၊ရဟန်း စသောသူတို့က အကူအညီ၊ အထောက်အပံ့ကောင်းတွေ ပေးလာရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အအုံကိစ္စ တွေ လည်း အဆင်ပြေ အောင်မြင်သွားပါလိမ့်မည်။

ပြဿနာဖြစ်နေသူများနဲ့ ပြန်ပြီး အဆင်ပြေသွားရတတ်ပါသည်။ ထီပေါက်တတ်တဲ့အတွက် တနင်္လာသားသမီးနှင့်စပ်တူထိုးစေချင်ပါတယ်။ ခရီးသွားမယ့် အစီအစဉ်တွေ ထစ်ငေါ့ လွဲချော်သွားရတတ်ပါတယ်။

မသွားချင်တဲ့ခရီးတွေ သွားလာရတတ်ပါတယ်။ မကြားချင်တဲ့ စကားတွေလည်း ကြား သိ နေရတတ်ပါတယ်။ ဘာသာရေး လုပ်လေလေ ကံကောင်းလေလေ ဖြစ်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး မှာလည်း စိတ်သဘောထား တင်းတင်းမာမာ ဖြစ်ရတတ်ပါတယ်။

လက်တွဲဖော်နဲ့ သဘောထားမတိုက်ဆိုင်တာတွေ များနေတတ်ပါတယ်။ ပညာရေးကတော့ အွန်လိုင်းကနေ Self-Study လုပ်တာအကောင်းဆုံးပါပဲ။

အကျိုးပေးဂဏန်း….၁/၄/၅

အထူးဟော…နေရာကိစ္စ၊အလုပ်ကိစ္စအဆင်ပြေပါလိမ့်မယ်။

ယတြာ…လက်ဖက်ခြောက်တစ်ထုပ် မိတ်ဆွေတစ်ဦးကို လက်ဆောင်ပေးပါ။

တနင်္လာ

ဒီတစ်ပတ်အတွင်းမှာ လုပ်သမျှ၊ ကြံသမျှ ထစ်ငေါ့ကြန့်ကြာပြီးမှ အောင်မြင်ပါလိမ့်မည်။ ဒါပေမယ့် ပရဟိတ လုပ်ကိုင်သူဆိုထူးထူးခြားခြား အဆင်ပြေမှုတွေလည်း ရတတ်ပါတယ်။ အပင်ပန်းခံပြီး၊ အကျိုးထူး ခံစားရမယ့် ကာလမျိုး လည်း ဖြစ်နေရတတ်ပါတယ်။

အလုပ်အတွင်းမန်နေဂျာအဆင့်ရှိသူများကတော့ ပြဿနာတွေ ဖြေရှင်း ရတတ် ပါတယ်။ သူတစ်ပါး ရဲ့ဒုက္ခ၊ ကိုယ့်ဒုက္ခ ဖြစ်လာရတတ်ပါတယ်။ မိသားစုထဲက ရပ်ဝေးခရီးသွားရတာမျိုးတွေ၊ ရပ်ဝေးက အိမ်သူအိမ်သား ပြန်ရောက် လာတာမျိုးတွေ ၊ ရပ်ဝေးကြီးကဲသူ၊

ဆရာသမားတို့ရဲ့ သတင်းကောင်းတွေ ကြားရတာမျိုးတွေ ကြုံတွေ့ရတတ် ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေ စိတ်ချမ်းသာရတတ်ပါ တယ်။ အိမ်ထောင်မရှိသူဆိုလျှင် မင်္ဂလာကိစ္စများ စီစဉ်ရတတ်ပါတယ်။

လက်ဆောင်ပစ္စည်းတွေလည်း ဝင်လာ တတ်ပါတယ်။ မင်္ဂလာရှိသော အကြောင်းအရာများ အလှူအတန်းကိစ္စများနှင့် ကြုံနေမည်။ တစ်မျိုးပြီးတစ်မျိုး၊ တစ်ထစ်ပြီးတစ်ထစ် ရှေ့တိုးဆောင်ရွက်ပါ။ ငွေကြေးနှင့်ပတ်သက်သော ကံများကောင်းနေပါသည်။

ရသင့်လျှက် ကြန့်ကြာနေသော အရာများ ပြန်လည်ရရှိမည်။ မိသားစုတွင် အလုပ်အကိုင် ငွေကြေးဓန တိုးတတ်ကြီးပွား အောင်မြင်ကိန်း ရှိနေပါသည်။

အကျိုးပေးဂဏန်း…၂/၆/၅

အထူးဟော…ငွေကြေး အဝင်များပေမယ့် အသုံးအဖြုန်းမကြီးပါနဲ့။

ယတြာ…သပြေပန်းဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီတစ်ပတ်အတွင်း စကားများ၊ ရန်ဖြစ်ရတတ်ပါတယ်။ ကိုယ့်ကြောင့် ဖြစ်တဲ့ ပြဿနာ၊ သူများကြောင့် ဖြစ်တဲ့ ပြဿနာပါ ပွဲတွေ ဆက်နေရတတ်ပါတယ်။ ဘယ်လိုပဲကင်းအောင်နေနေ ပြဿနာတွေကလာပြီး ပတ်သက် နေ တတ် ပါတယ်။

အခက်အခဲ၊ အတိုက်အခံများကြားမှ အလိုရှိရာ စနစ်တကျ ရှေ့တိုးလုပ်ကိုင်နိုင်မည်။ မိတ်ကောင်း၊ ဆွေ ကောင်း အကူအညီများရရှိမည်။ စပ်တူလုပ်ငန်းများ အကျိုးပေးမည်။ ကြန့်ကြာနေသော ရပိုင်ခွင့်တို့ကို ပြန် လည် ရရှိမည်။

မိခင်၊ အဒေါ်၊ စသူတွေရဲ့ ကျန်းမာရေး ညံ့နေတတ်ပါတယ်။ သားသမီးများအတွက် စိတ်ချမ်းသာ စရာတွေ ဖြစ်လာတတ်ပါတယ်။ ဥပဒေနှင့် မကင်းသောကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ အမှုပြဿနာများ ဖြစ်ပါက ဖြေရှင်းရန် ခက်ခဲမည်။

ဆေးထိုး၊ ဆေးသောက်မှားယွင်းတတ်ပါသည်။ ကျန်းမာရေးအညံ့ကြုံက တတ်သိ ကျွမ်း ကျင်သည့် သမားတော်များထံ ပြသပါ။ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျ များနေရတတ်ပါတယ်။ အစီအစဉ် မရှိပဲနဲ့ သင်တန်း တစ်ခု တတ်ဖြစ်တာ ပညာကောင်းရတာတွေ ကြုံတွေ့ရတတ်ပါတယ်။

အချစ်ရေးမှာ ချစ်သူက အလုပ်များနေတာမို့ မိမိကို ဂရုမစိုက်နိုင်ပါ။ နားလည်ပေးဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိအိမ်ထောင် ဘက်ရဲ့ ကိစ္စအဝဝကို ဝိုင်းဝန်းကူညီပေးနေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့သာယာပါလိမ့် မယ်။

အကျိုးပေးဂဏန်း ၆/၃/ဝ

အထူးဟော ကျန်းမာရေးဂရုစိုက်ပါ။

ယတြာ…ဒိန်ချဉ် ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီတစ်ပတ်အတွင်းမှာ စိတ်ချမ်းသာစရာတွေ အတော်များများ ကြုံတွေ့လာရတတ်ပါတယ်။ အမျိုးသမီး တစ်ဦး က ထိထိရောက်ရောက် အကူအညီကောင်းပေးတာမျိုးတွေ ဖြစ်လာရတတ်ပါတယ်။ လုပ်ငန်းတွေ သိသိ သာသာ အောင်မြင်တာ၊ စီးပွားသိသိသာသာ တတ်လာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

အောက်ခြေဝန်ထမ်း တွေအတွက်လည်း ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာရ တတ်ပါတယ်။ မိဘဆရာသမား၊ ကြီးကဲသူတွေ အတွက် ဝမ်းမြောက်စရာတွေ ကြုံရ၊ ကြားရတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေလည်း ထင်ထင် ရှားရှားအောင်မြင်တတ်ပါတယ်။

အိမ်နီးချင်းတွေ၊ လုပ်ဖေါ်ကိုင်ဖက် တွေကြောင့်လည်း စိတ်ချမ်းသာရတတ်ပါတယ်။ နမော်နမဲ့နေသူများ ချော်လဲတာ၊ ထိမိခိုက်မိတာမျိုးတွေလည်း ကြုံတွေ့ နေရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး မှာလည်း အနှောက်အယှက်ကြီးကြီးမားမား ကြုံတွေ့နေရပေမယ့် နောက်ဆုံးနားလည်မှုတွေရလာ တတ်ပါတယ်။

လုပ်ငန်းအခွင့်အရေးကောင်းများ ပြန်ပေါ်လာတတ်ပါတယ်။ အရေးကြီးသောဆုံးဖြတ်ချက်များ ချမှတ်ရန် အချိန်ကောင်း ဖြစ်သည်။ မိမိကိုယှဉ်ပြိုင် လာ သူအားလုံးကို အနိုင်ရမည်။ကျန်းမာရေးကိုတော့ သတိထား ရမယ့်အနေအထားရှိပါတယ်။ ဖျားနာရင် ကြာရှည်သွားတတ်ပါတယ်။

အကျိုးပေးဂဏန်း…၁/၇/ဝ

အထူးဟော..ကံမြင့်မားနေတတ်ပါတယ်။

ယတြာ…အုန်းထမင်းဆွမ်း ဘုရားကပ်လှူပါ။

ကြာသပတေး

ဒီကာလတွေအတွင်းမှာ ထီကို ဂရုစိုက်ပြီး ထိုးသင့်ပါတယ်။ (၄အစ၊ ၆အစ) ရှာပြီး ထိုးပေးပါ။ လာဘ်အရွှင် ကြီး ရွှင်နေရတတ်ပါတယ်။ အဘက်ဘက်ကလည်း ငွေတွေဝင်လာတတ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင် မွမ်းမံရတာတွေလည်း လုပ်ဖြစ်ပါလိမ့်မည်။

အောက်လက်ငယ်သား၊ သားသမီးများအတွက် စိတ်ချမ်းသာစရာများ ကြုံတွေ့ရမည်။ သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကြားညှပ်ဖြေရှင်းပေးရ တတ်ပါတယ်။ ကျန်းမာ ရေး ကတော့ ရောဂါကင်းနေပေမယ့်မတော်တဆ ထိခိုက် အန္တရာယ်များ ကြုံကာ အပူလောင်တာမျိုးတွေလည်း ကြုံတွေ့လာရတတ်ပါတယ်။

အလုပ်မှာလည်း အတိုက်အခံ၊ အပြိုင်အဆိုင်တွေကြောင့် စိတ်ညစ်ရပေမယ့် လုပ်ငန်း တွေက ပြန်လည်ဦးမော့လာတတ်ပါတယ်။ ဝန်ထမ်းတွေကတော့ လူကြီးမျက်နှာသာအပေးခံရသူဖြစ်ပါက လုပ်ဖော် ကိုင်ဖက်တွေကတမင်နှောက်ယှက်တာ၊ ဒုက္ခပေးတာတွေ ကြုံတွေ့လာရတတ်ပါတယ်။

အထူးသဖြင့် မိန်းမတစ် ယောက်က ချောက်ချတာ၊ ရန်တိုက်ပေးတာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အောင် မြင်စွာ ဖြတ်ကျော်နိုင်ပါ လိမ့်မည်။ အချစ်ရေးကံကောင်းနေချိန်ပါ။ စန်းအားကောင်းပြီး ချစ်ခရီးလမ်းဖြောင့်ဖြူးနေ ပါလိမ့်မယ်။ အိမ်ထောင်ရေးကိစ္စတွေမှာလဲ ပြေလည်မှု၊စိတ်ချမ်းသာမှုတွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း…၁/၂/၅

အထူးဟော…စန်းအားကောင်းနေမည်။

ယတြာ…..ပုစွန်ကြော်ဘုရားကပ်လှူပေးပါ။

သောကြာ

ဒီကာလတွေအတွင်းမှာ အတော့်ကို ကံနိမ့်နေပါတယ်။ အစစအရာရာ သတိဝီရိယရှိဖို့ အရေးကြီးနေပါတယ်။ ပြဿနာတွေက ခြေထောက်ပေါက်ပြီး ရောက်လာတတ်ပါတယ်။ မိတ်ဆွေရင်း ဆိုသူတွေကလည်း မီးခွက်ထွန်းပြီး ပြဿနာရှာပါလိမ့်မည်။ ငွေရေး၊ ကြေးရေးကတော့ တော်တော်ကို ညံ့နေရတတ်ပါတယ်။ မဝင်တဲ့အပြင် ဆီလို အပေါက်ရှာပြီး ထွက်နေပါမယ်။

ကိုယ့်ရဲ့အလုပ်အပြင် တာဝန်အပိုတွေ ထမ်းဆောင်ရတတ်ပါတယ်။ အလှူကိစ္စ၊ ဘာသာရေးကိစ္စတွေအတွက် ဦးဆောင်တာဝန်ယူရတတ်ပါတယ်။ အရေးကြီးသောကိစ္စများကိုအချိန်ဆွဲခြင်း၊ ရက် ရွှေ့ ခြင်းများ ပြုလုပ်သင့်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စကားရှုပ်သူများကို အထူးသတိထားပါ။

ကြားလူ ရဲ့သွေးထိုးစကားကိုချင့်ချိန်ယုံပါ။ ဆွေမျိုးများရဲ့ အလှူပွဲ၊ မင်္ဂလာပွဲများ ကြုံတွေ့ရတတ်ပါတယ်။ အရာရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုတာမျိုးတွေ ဖြစ်တတ်သဖြင့် အရေးကြီးသော လုပ်ငန်းကိစ္စများပြုလုပ်ပါက အဓိဌာန်ပုတီးစိပ်ပြီးမှ ပြုလုပ်ပါ။ကျန်းမာရေးကတော့အလွန်ကောင်းနေမည်။

ခံစားနေရတဲ့ ရောဂါဝေဒနာတွေရှိရင် သက်သာလာမည်။ ပြောင်းလဲနေသော အခြေအနေအရပ်ရပ်ကြောင့် တွက်ဆမှုများ မှားယွင်းနေရမည်။ ပညာရေး အတွက်ကတော့ စိတ်ချမ်းသာရလိမ့်မယ်။ ပညာရှာနေသူများ…လိုချင်တဲ့ပညာတွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၆/၉

အထူးဟော…ကံညံ့နေမည်။

ယတြာ….မှိုနဲ့ကန်စွန်းရွက်ကြော်ဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလတွေအတွင်းမှာ လုပ်သမျှ၊ ကြံသမျှ အနှောက်အယှက်တွေ ကြုံတွေ့နေရတတ်ပါတယ်။ မနာလို၊ ရန်လိုသူတွေ ပေါများနေပါလိမ့်မည်။ စွပ်စွဲနာမည်ဖျက်တာတွေလည်း ခံရတတ်ပါသေးတယ်။ မိတ်ဆွေရင်း၊ လူရင်း တွေက သစ္စာဖေါက်တတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အအုံကိစ္စ၊ ရည်ရွယ်ချက်တွေ ပျက်သွား ရတတ် ပါတယ်။

ခြေဦးတည့်ရာ ထွက်သွားချင်စိတ်တွေလည်း ပေါ်လာတတ်ပါတယ်။ ပညာရေးကိစ္စ၊ သင်တန်း ကိစ္စတွေ မတင်မကျ ဖြစ်နေရတတ်ပါတယ်။ မထင်မှတ်ထားတဲ့ နေရာတွေကနေ ငွေတွေအများကြီး ဝင်လာတတ်ပါတယ်။ ငွေအဝင်ကြမ်းသလောက် အထွက်လည်း ကြမ်းနေရ တတ်ပါတယ်။ အသက်ရွယ် ကြီးရင့်သောသူတို့၏ ချစ်ခင် ကြင်နာ မှုကို ရရှိတတ်ပါသည်။

သို့သော် ငယ်ရွယ်ပျိုမြစ်သူတို့အား မိမိက ချစ်ခင်မှုရှိနေတတ်ပါသည်။ အချစ်ရေး တွင် စိတ်တိုင်းကျမှု မရှိသေးပါ။ အချစ်ရေး သင့်ပါသည်။ ကျန်းမာရေး ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုနေတတ်ပါသည်။ ထူးထွေ ဆန်းပြားသောရောဂါဝေဒနာများ မရရှိတတ်ပါ။ သို့သော် အစားအသောက် မဆင်ခြင်မှုများကြောင့် ဖြစ် တတ်သောလေထိုးလေအောင့်ရောဂါ၊

အစာမကြေတတ်သောရောဂါ၊ အဆုတ်အအေးပတ်ခြင်း၊ ခန္ဓာကိုယ် ခြေလက် အထိအခိုက် ဒဏ်ရာရတတ်ခြင်းတို့ကို သတိပြုသင့်ပါသည်။

အကျိုးပေးဂဏန်း…၃/၈/၇

အထူးဟော…အနှောက်အယှက်များနေမည်။

ယတြာ…ဒဏ်ကြေလိမ်းဆေး အသက်ကြီးသူတစ်ဦးဦးကိုလှူလိုက်ပါ။

ရရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695

Zawgyi

27.April.2021 မွ 4.May.2021 အထိ တစ္ပတ္စာ ၇ရက္သားသမီးမ်ား ေဟာစာတမ္း

တနဂၤေႏြ

ဒီကာလေတြအတြင္းမွာ စိတ္ႏွစ္ခြျဖစ္စရာေတြ ဆုံးျဖတ္ရခက္တာေတြ ၾကဳံေတြ႕လာရတတ္ပါတယ္။ ဟိုဟာ လုပ္ရေကာင္းနိုးနိုး၊ ဒီဟာလုပ္ရေကာင္းနိုးနိုးနဲ႔ အခ်ိန္ေတြ ကုန္သြားရတတ္ပါတယ္။ ။

အဲ့ဒီ့လို စိတ္အေႏွာက္အယွက္ ျဖစ္စရာေတြ ၾကားထဲကပဲ အလုပ္သစ္၊အခြင့္အေရးသစ္ေတြဝင္လာရတတ္ပါတယ္။ ခက္ခဲ ၾကန႔္ၾကာေနတဲ့ ေငြကိစၥ၊ ပစၥည္းကိစၥေတြ အဆင္ေျပသြားပါလိမ့္မည္။

မိတ္ေဆြ၊ ဆရာသမား၊ ႀကီးကဲသူမ်ား၊ ဘုန္းႀကီး၊ရဟန္း စေသာသူတို႔က အကူအညီ၊ အေထာက္အပံ့ေကာင္းေတြ ေပးလာရတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အအုံကိစၥ ေတြ လည္း အဆင္ေၿပ ေအာင္ျမင္သြားပါလိမ့္မည္။

ျပႆနာျဖစ္ေနသူမ်ားနဲ႔ ျပန္ၿပီး အဆင္ေျပသြားရတတ္ပါသည္။ ထီေပါက္တတ္တဲ့အတြက္ တနလၤာသားသမီးႏွင့္စပ္တူထိုးေစခ်င္ပါတယ္။ ခရီးသြားမယ့္ အစီအစဥ္ေတြ ထစ္ေငါ့ လြဲေခ်ာ္သြားရတတ္ပါတယ္။

မသြားခ်င္တဲ့ခရီးေတြ သြားလာရတတ္ပါတယ္။ မၾကားခ်င္တဲ့ စကားေတြလည္း ၾကား သိ ေနရတတ္ပါတယ္။ ဘာသာေရး လုပ္ေလေလ ကံေကာင္းေလေလ ျဖစ္မည္။ အခ်စ္ေရး၊ အိမ္ေထာင္ေရး မွာလည္း စိတ္သေဘာထား တင္းတင္းမာမာ ျဖစ္ရတတ္ပါတယ္။

လက္တြဲေဖာ္နဲ႔ သေဘာထားမတိုက္ဆိုင္တာေတြ မ်ားေနတတ္ပါတယ္။ ပညာေရးကေတာ့ အြန္လိုင္းကေန Self-Study လုပ္တာအေကာင္းဆုံးပါပဲ။

အက်ိဳးေပးဂဏန္း….၁/၄/၅

အထူးေဟာ…ေနရာကိစၥ၊အလုပ္ကိစၥအဆင္ေျပပါလိမ့္မယ္။

ယၾတာ…လက္ဖက္ေျခာက္တစ္ထုပ္ မိတ္ေဆြတစ္ဦးကို လက္ေဆာင္ေပးပါ။

တနလၤာ

ဒီတစ္ပတ္အတြင္းမွာ လုပ္သမၽွ၊ ႀကံသမၽွ ထစ္ေငါ့ၾကန႔္ၾကာၿပီးမွ ေအာင္ျမင္ပါလိမ့္မည္။ ဒါေပမယ့္ ပရဟိတ လုပ္ကိုင္သူဆိုထူးထူးျခားျခား အဆင္ေျပမႈေတြလည္း ရတတ္ပါတယ္။ အပင္ပန္းခံၿပီး၊ အက်ိဳးထူး ခံစားရမယ့္ ကာလမ်ိဳး လည္း ျဖစ္ေနရတတ္ပါတယ္။

အလုပ္အတြင္းမန္ေနဂ်ာအဆင့္ရွိသူမ်ားကေတာ့ ျပႆနာေတြ ေျဖရွင္း ရတတ္ ပါတယ္။ သူတစ္ပါး ရဲ့ဒုကၡ၊ ကိုယ့္ဒုကၡ ျဖစ္လာရတတ္ပါတယ္။ မိသားစုထဲက ရပ္ေဝးခရီးသြားရတာမ်ိဳးေတြ၊ ရပ္ေဝးက အိမ္သူအိမ္သား ျပန္ေရာက္ လာတာမ်ိဳးေတြ ၊ ရပ္ေဝးႀကီးကဲသူ၊

ဆရာသမားတို႔ရဲ့ သတင္းေကာင္းေတြ ၾကားရတာမ်ိဳးေတြ ၾကဳံေတြ႕ရတတ္ ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အဆင္ေၿပ စိတ္ခ်မ္းသာရတတ္ပါ တယ္။ အိမ္ေထာင္မရွိသူဆိုလၽွင္ မဂၤလာကိစၥမ်ား စီစဥ္ရတတ္ပါတယ္။

လက္ေဆာင္ပစၥည္းေတြလည္း ဝင္လာ တတ္ပါတယ္။ မဂၤလာရွိေသာ အေၾကာင္းအရာမ်ား အလႉအတန္းကိစၥမ်ားႏွင့္ ၾကဳံေနမည္။ တစ္မ်ိဳးၿပီးတစ္မ်ိဳး၊ တစ္ထစ္ၿပီးတစ္ထစ္ ေရွ႕တိုးေဆာင္ရြက္ပါ။ ေငြေၾကးႏွင့္ပတ္သက္ေသာ ကံမ်ားေကာင္းေနပါသည္။

ရသင့္လၽွက္ ၾကန႔္ၾကာေနေသာ အရာမ်ား ျပန္လည္ရရွိမည္။ မိသားစုတြင္ အလုပ္အကိုင္ ေငြေၾကးဓန တိုးတတ္ႀကီးပြား ေအာင္ျမင္ကိန္း ရွိေနပါသည္။

အက်ိဳးေပးဂဏန္း…၂/၆/၅

အထူးေဟာ…ေငြေၾကး အဝင္မ်ားေပမယ့္ အသုံးအျဖဳန္းမႀကီးပါနဲ႔။

ယၾတာ…သေျပပန္းဘုရားကပ္လႉလိုက္ပါ။

အဂၤါ

ဒီတစ္ပတ္အတြင္း စကားမ်ား၊ ရန္ျဖစ္ရတတ္ပါတယ္။ ကိုယ့္ေၾကာင့္ ျဖစ္တဲ့ ျပႆနာ၊ သူမ်ားေၾကာင့္ ျဖစ္တဲ့ ျပႆနာပါ ပြဲေတြ ဆက္ေနရတတ္ပါတယ္။ ဘယ္လိုပဲကင္းေအာင္ေနေန ျပႆနာေတြကလာၿပီး ပတ္သက္ ေန တတ္ ပါတယ္။

အခက္အခဲ၊ အတိုက္အခံမ်ားၾကားမွ အလိုရွိရာ စနစ္တက် ေရွ႕တိုးလုပ္ကိုင္နိုင္မည္။ မိတ္ေကာင္း၊ ေဆြ ေကာင္း အကူအညီမ်ားရရွိမည္။ စပ္တူလုပ္ငန္းမ်ား အက်ိဳးေပးမည္။ ၾကန႔္ၾကာေနေသာ ရပိုင္ခြင့္တို႔ကို ျပန္ လည္ ရရွိမည္။

မိခင္၊ အေဒၚ၊ စသူေတြရဲ့ က်န္းမာေရး ညံ့ေနတတ္ပါတယ္။ သားသမီးမ်ားအတြက္ စိတ္ခ်မ္းသာ စရာေတြ ျဖစ္လာတတ္ပါတယ္။ ဥပေဒႏွင့္ မကင္းေသာကိစၥမွန္သမၽွ ေရွာင္ၾကဥ္ပါ။ အမႈျပႆနာမ်ား ျဖစ္ပါက ေျဖရွင္းရန္ ခက္ခဲမည္။

ေဆးထိုး၊ ေဆးေသာက္မွားယြင္းတတ္ပါသည္။ က်န္းမာေရးအညံ့ၾကဳံက တတ္သိ ကၽြမ္း က်င္သည့္ သမားေတာ္မ်ားထံ ျပသပါ။ က်န္းမာေရးအတြက္ ေငြကုန္ေၾကးက် မ်ားေနရတတ္ပါတယ္။ အစီအစဥ္ မရွိပဲနဲ႔ သင္တန္း တစ္ခု တတ္ျဖစ္တာ ပညာေကာင္းရတာေတြ ၾကဳံေတြ႕ရတတ္ပါတယ္။

အခ်စ္ေရးမွာ ခ်စ္သူက အလုပ္မ်ားေနတာမို႔ မိမိကို ဂ႐ုမစိုက္နိုင္ပါ။ နားလည္ေပးဖို႔ လိုပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ မိမိအိမ္ေထာင္ ဘက္ရဲ့ ကိစၥအ၀၀ကို ဝိုင္းဝန္းကူညီေပးေနရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့သာယာပါလိမ့္ မယ္။

အက်ိဳးေပးဂဏန္း ၆/၃/ဝ

အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ပါ။

ယၾတာ…ဒိန္ခ်ဥ္ ဘုရားကပ္လႉပါ။

ဗုဒၶဟူး/ရာဟု

ဒီတစ္ပတ္အတြင္းမွာ စိတ္ခ်မ္းသာစရာေတြ အေတာ္မ်ားမ်ား ၾကဳံေတြ႕လာရတတ္ပါတယ္။ အမ်ိဳးသမီး တစ္ဦး က ထိထိေရာက္ေရာက္ အကူအညီေကာင္းေပးတာမ်ိဳးေတြ ျဖစ္လာရတတ္ပါတယ္။ လုပ္ငန္းေတြ သိသိ သာသာ ေအာင္ျမင္တာ၊ စီးပြားသိသိသာသာ တတ္လာတာမ်ိဳးေတြ ၾကဳံေတြ႕ရတတ္ပါတယ္။

ေအာက္ေျခဝန္ထမ္း ေတြအတြက္လည္း ေကာင္းေသာအေျပာင္းအလဲေတြ ျဖစ္လာရ တတ္ပါတယ္။ မိဘဆရာသမား၊ ႀကီးကဲသူေတြ အတြက္ ဝမ္းေျမာက္စရာေတြ ၾကဳံရ၊ ၾကားရတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြလည္း ထင္ထင္ ရွားရွားေအာင္ျမင္တတ္ပါတယ္။

အိမ္နီးခ်င္းေတြ၊ လုပ္ေဖၚကိုင္ဖက္ ေတြေၾကာင့္လည္း စိတ္ခ်မ္းသာရတတ္ပါတယ္။ နေမာ္နမဲ့ေနသူမ်ား ေခ်ာ္လဲတာ၊ ထိမိခိုက္မိတာမ်ိဳးေတြလည္း ၾကဳံေတြ႕ ေနရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရး မွာလည္း အေႏွာက္အယွက္ႀကီးႀကီးမားမား ၾကဳံေတြ႕ေနရေပမယ့္ ေနာက္ဆုံးနားလည္မႈေတြရလာ တတ္ပါတယ္။

လုပ္ငန္းအခြင့္အေရးေကာင္းမ်ား ျပန္ေပၚလာတတ္ပါတယ္။ အေရးႀကီးေသာဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရန္ အခ်ိန္ေကာင္း ျဖစ္သည္။ မိမိကိုယွဥ္ၿပိဳင္ လာ သူအားလုံးကို အနိုင္ရမည္။က်န္းမာေရးကိုေတာ့ သတိထား ရမယ့္အေနအထားရွိပါတယ္။ ဖ်ားနာရင္ ၾကာရွည္သြားတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…၁/၇/ဝ

အထူးေဟာ..ကံျမင့္မားေနတတ္ပါတယ္။

ယၾတာ…အုန္းထမင္းဆြမ္း ဘုရားကပ္လႉပါ။

ၾကာသပေတး

ဒီကာလေတြအတြင္းမွာ ထီကို ဂ႐ုစိုက္ၿပီး ထိုးသင့္ပါတယ္။ (၄အစ၊ ၆အစ) ရွာၿပီး ထိုးေပးပါ။ လာဘ္အရႊင္ ႀကီး ရႊင္ေနရတတ္ပါတယ္။ အဘက္ဘက္ကလည္း ေငြေတြဝင္လာတတ္ပါတယ္။ လၽွပ္စစ္နဲ႔ပတ္သက္လို႔ ျပင္ဆင္ မြမ္းမံရတာေတြလည္း လုပ္ျဖစ္ပါလိမ့္မည္။

ေအာက္လက္ငယ္သား၊ သားသမီးမ်ားအတြက္ စိတ္ခ်မ္းသာစရာမ်ား ၾကဳံေတြ႕ရမည္။ သူတစ္ပါးရဲ့ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ ၾကားညႇပ္ေျဖရွင္းေပးရ တတ္ပါတယ္။ က်န္းမာ ေရး ကေတာ့ ေရာဂါကင္းေနေပမယ့္မေတာ္တဆ ထိခိုက္ အႏၲရာယ္မ်ား ၾကဳံကာ အပူေလာင္တာမ်ိဳးေတြလည္း ၾကဳံေတြ႕လာရတတ္ပါတယ္။

အလုပ္မွာလည္း အတိုက္အခံ၊ အၿပိဳင္အဆိုင္ေတြေၾကာင့္ စိတ္ညစ္ရေပမယ့္ လုပ္ငန္း ေတြက ျပန္လည္ဦးေမာ့လာတတ္ပါတယ္။ ဝန္ထမ္းေတြကေတာ့ လူႀကီးမ်က္ႏွာသာအေပးခံရသူျဖစ္ပါက လုပ္ေဖာ္ ကိုင္ဖက္ေတြကတမင္ေႏွာက္ယွက္တာ၊ ဒုကၡေပးတာေတြ ၾကဳံေတြ႕လာရတတ္ပါတယ္။

အထူးသျဖင့္ မိန္းမတစ္ ေယာက္က ေခ်ာက္ခ်တာ၊ ရန္တိုက္ေပးတာမ်ိဳးေတြ လုပ္လာတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ဘက္က ေအာင္ ျမင္စြာ ျဖတ္ေက်ာ္နိုင္ပါ လိမ့္မည္။ အခ်စ္ေရးကံေကာင္းေနခ်ိန္ပါ။ စန္းအားေကာင္းၿပီး ခ်စ္ခရီးလမ္းေျဖာင့္ျဖဴးေန ပါလိမ့္မယ္။ အိမ္ေထာင္ေရးကိစၥေတြမွာလဲ ေျပလည္မႈ၊စိတ္ခ်မ္းသာမႈေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…၁/၂/၅

အထူးေဟာ…စန္းအားေကာင္းေနမည္။

ယၾတာ…..ပုစြန္ေၾကာ္ဘုရားကပ္လႉေပးပါ။

ေသာၾကာ

ဒီကာလေတြအတြင္းမွာ အေတာ့္ကို ကံနိမ့္ေနပါတယ္။ အစစအရာရာ သတိဝီရိယရွိဖို႔ အေရးႀကီးေနပါတယ္။ ျပႆနာေတြက ေျခေထာက္ေပါက္ၿပီး ေရာက္လာတတ္ပါတယ္။ မိတ္ေဆြရင္း ဆိုသူေတြကလည္း မီးခြက္ထြန္းၿပီး ျပႆနာရွာပါလိမ့္မည္။ ေငြေရး၊ ေၾကးေရးကေတာ့ ေတာ္ေတာ္ကို ညံ့ေနရတတ္ပါတယ္။ မဝင္တဲ့အျပင္ ဆီလို အေပါက္ရွာၿပီး ထြက္ေနပါမယ္။

ကိုယ့္ရဲ့အလုပ္အျပင္ တာဝန္အပိုေတြ ထမ္းေဆာင္ရတတ္ပါတယ္။ အလႉကိစၥ၊ ဘာသာေရးကိစၥေတြအတြက္ ဦးေဆာင္တာဝန္ယူရတတ္ပါတယ္။ အေရးႀကီးေသာကိစၥမ်ားကိုအခ်ိန္ဆြဲျခင္း၊ ရက္ ေရႊ႕ ျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ စကားရႈပ္သူမ်ားကို အထူးသတိထားပါ။

ၾကားလူ ရဲ့ေသြးထိုးစကားကိုခ်င့္ခ်ိန္ယုံပါ။ ေဆြမ်ိဳးမ်ားရဲ့ အလႉပြဲ၊ မဂၤလာပြဲမ်ား ၾကဳံေတြ႕ရတတ္ပါတယ္။ အရာရာတြင္ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ဆိုတာမ်ိဳးေတြ ျဖစ္တတ္သျဖင့္ အေရးႀကီးေသာ လုပ္ငန္းကိစၥမ်ားျပဳလုပ္ပါက အဓိဌာန္ပုတီးစိပ္ၿပီးမွ ျပဳလုပ္ပါ။က်န္းမာေရးကေတာ့အလြန္ေကာင္းေနမည္။

ခံစားေနရတဲ့ ေရာဂါေဝဒနာေတြရွိရင္ သက္သာလာမည္။ ေျပာင္းလဲေနေသာ အေျခအေနအရပ္ရပ္ေၾကာင့္ တြက္ဆမႈမ်ား မွားယြင္းေနရမည္။ ပညာေရး အတြက္ကေတာ့ စိတ္ခ်မ္းသာရလိမ့္မယ္။ ပညာရွာေနသူမ်ား…လိုခ်င္တဲ့ပညာေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၆/၉

အထူးေဟာ…ကံညံ့ေနမည္။

ယၾတာ….မွိုနဲ႔ကန္စြန္းရြက္ေၾကာ္ဘုရားကပ္လႉလိုက္ပါ။

စေန

ဒီကာလေတြအတြင္းမွာ လုပ္သမၽွ၊ ႀကံသမၽွ အေႏွာက္အယွက္ေတြ ၾကဳံေတြ႕ေနရတတ္ပါတယ္။ မနာလို၊ ရန္လိုသူေတြ ေပါမ်ားေနပါလိမ့္မည္။ စြပ္စြဲနာမည္ဖ်က္တာေတြလည္း ခံရတတ္ပါေသးတယ္။ မိတ္ေဆြရင္း၊ လူရင္း ေတြက သစၥာေဖါက္တတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အအုံကိစၥ၊ ရည္ရြယ္ခ်က္ေတြ ပ်က္သြား ရတတ္ ပါတယ္။

ေျခဦးတည့္ရာ ထြက္သြားခ်င္စိတ္ေတြလည္း ေပၚလာတတ္ပါတယ္။ ပညာေရးကိစၥ၊ သင္တန္း ကိစၥေတြ မတင္မက် ျဖစ္ေနရတတ္ပါတယ္။ မထင္မွတ္ထားတဲ့ ေနရာေတြကေန ေငြေတြအမ်ားႀကီး ဝင္လာတတ္ပါတယ္။ ေငြအဝင္ၾကမ္းသေလာက္ အထြက္လည္း ၾကမ္းေနရ တတ္ပါတယ္။ အသက္ရြယ္ ႀကီးရင့္ေသာသူတို႔၏ ခ်စ္ခင္ ၾကင္နာ မႈကို ရရွိတတ္ပါသည္။

သို႔ေသာ္ ငယ္ရြယ္ပ်ိဳျမစ္သူတို႔အား မိမိက ခ်စ္ခင္မႈရွိေနတတ္ပါသည္။ အခ်စ္ေရး တြင္ စိတ္တိုင္းက်မႈ မရွိေသးပါ။ အခ်စ္ေရး သင့္ပါသည္။ က်န္းမာေရး ခႏၶာကိုယ္ ႀကံ့ခိုင္သန္စြမ္းမႈေနတတ္ပါသည္။ ထူးေထြ ဆန္းျပားေသာေရာဂါေဝဒနာမ်ား မရရွိတတ္ပါ။ သို႔ေသာ္ အစားအေသာက္ မဆင္ျခင္မႈမ်ားေၾကာင့္ ျဖစ္ တတ္ေသာေလထိုးေလေအာင့္ေရာဂါ၊

အစာမေၾကတတ္ေသာေရာဂါ၊ အဆုတ္အေအးပတ္ျခင္း၊ ခႏၶာကိုယ္ ေျခလက္ အထိအခိုက္ ဒဏ္ရာရတတ္ျခင္းတို႔ကို သတိျပဳသင့္ပါသည္။

အက်ိဳးေပးဂဏန္း…၃/၈/၇

အထူးေဟာ…အေႏွာက္အယွက္မ်ားေနမည္။

ယၾတာ…ဒဏ္ေၾကလိမ္းေဆး အသက္ႀကီးသူတစ္ဦးဦးကိုလႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 / 09 44 5555 695