ဗဟုသုတ

တန်ခိုးကြီးမားလွန်းသောကြောင့် ပျံလွန်တော်မူပြီး အချိန်တွင် လောကတစ်ခွင်လုံး ထူးခြားဆန်းကျယ်မှုတွေ ဖြစ်ပေါ်လာခဲ့တဲ့ လယ်တီဆရာတော်ဘုရားကြီး၏ ထူးခြားဖြစ်စဥ်များ

Unicode

လယ်တီဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီး ဘာထူးခြားတာတွေဖြစ်ခဲ့သလဲ

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ် မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူခါနီး၌ တပည့်မထေရ်၏ ပဋ္ဌာန်းရွတ်ဖတ်သံကို ကြားနာ နေခဲ့သည်။

ဆရာတော်ဘုရား ပျံလွန်တော်မူချိန်ဝယ် ရုတ်တရက် ထူးဆန်းသောအုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာလေ၏။ အထက် မိုးကောင်းကင်ဆီမှ တီးသံ၊ မှုတ်သံများ၊ ဂီတသီချင်းသံများကို ထူးထူးဆန်းဆန်း ကြားလိုက်ရခြင်း ဖြစ်သည်။

ကျေးငှက်တို့သည် ငြိမ်သက်နေရာမှ တသောသော အော်မြည်တွန်ကြူးကြကုန်၏။ လောကဓာတ် တစ်ခုလုံးတွင် လေပြင်းကြီး ကျလာဘိသို့ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများလည်း အမှတ်မထင် ပေါ်ထွက်လာခဲ့လေသည်။

ခပ်စောစောပိုင်းက နေသာသဖြင့် လင်းနေသော လောကဓာတ်သည် ရုတ်ခြည်းပင် အုံ့မှိုင်းဆိုင်းညှို့၍ အမှောင်သမ်းလာခဲ့သည်။

ပထမဝါဆို လပြည့်ကျော် (၈)ရက်နေ့တွင် အလောင်းတော်ကို နိဗ္ဗာန်ကျောင်းချ၍ အခမ်းအနားနှင့် ပင့်ဆောင်ကြလေရာ အလောင်းတော် ပင့်ဆောင်သည်နှင့် တစ်ပြိုင်နက် မြေငလျင်လှုပ်တော့၏။

ထို့ပြင် ထူးခြားမှုတစ်ရပ်မှာ အလောင်းတော်စံကျောင်း ပြဿဒ်တော်၏ဝန်းကျင်မှ အမြင်မတင့်တယ်သော စကားဝါ ပင်ခြောက်(၃)ပင်နှင့် သရက်ပင်ခြောက်(၂)ပင်ကို တပည့်ဒကာများက ခုတ်လှဲရန်ပြင်ဆင်ခဲ့ကြသည်။ ဤတွင် အဆိုပါ သစ်ခြောက်ပင်(၅)ပင်မှ အကိုင်းများတွင် ရွက်နုများ ထွက်နေသည်ကို အံ့သြဖွယ် တွေ့မြင်ကြရသည်။

ထိုသတင်းစကားသည် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားကာ မြို့သူမြို့သားအပေါင်း လာရောက် ကြည့်ရှု ကြပြီး ဆရာတော်ကြီး၏ ဘုန်းတော်ဂုဏ်ကို ချီးကျူးမကုန် ရှိကြရတော့သည်။ သုံးရက်မြောက်သော နေ့တွင် ကား ထိုအပင်ခြောက်ငါးပင်မှ ရွက်နုများ ဖားဖားဝေထွက်လာကြကာ ဖူးတံများပင် ထွက်လာကြသည်ကို အံ့သြဖွယ် တွေ့မြင်ရလေ၏။

အမြဲတမ်း စိုပြေနေသော တမာပင်သည်လည်း ဖူးတံများဝေကာ ပင်လုံးကျွတ် ပွင့်လာကြပြန်၏။ အန္တိမစျာပနကျင်းသည့် တပေါင်းလပြည့်နေ့အထိ ပွင့်သီးမပြတ်ဘဲ ဆက်ကာဆက်ကာ ကင်းငုံဖူးပွင့် ဝေဆာနေခဲ့သည်။ အလောင်းတော်မှာ ပျက်ခြင်း၊ ပုပ်ခြင်းမရှိ။

တပေါင်းလပြည့်နေ့ ညဉ့်သန်းခေါင်အချိန်တွင် အလောင်းတော်ကို မီးရှို့ပူဇော်လေရာ ထိုအချိန်တွင် မြေငလျင် ပြင်းစွာတုန်လှုပ်၍ ကျယ်လောင်သော တောလဲသံများ ထွက်ပေါ်လာခဲ့လေ၏။

သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)

မြန်မာ့တို့သိသင့်တဲ့သမိုင်းထဲကဗမာ့။။Crd

Zawgyi