Unicode
ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေရဲ့ပရဟိတ ဖုန်းလေးကို ဆက်ပြီး အကူအညီ လာတောင်းတဲ့ အမေကြီးဟာဆိုရင် သူများအိမ်အောက်နားလေးမှာ ကပ်နေရတာ ၃လလောက်ရှိပြီဖြစ်ပြီး အပေါ့အလေး သွားစရာ မရှိ..ရေချိုးစရာ မရှိပဲ ဖြစ်နေရသူပါ။
ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ကြောင့် ဆေးကုနေရပြီး ထမင်းလဲ စားစရာ မရှိပဲ တော်တော်လေးခက်ခဲနေရသူပါ။
အခုဆိုရင် မင်းသမီး ခိုင်နှင်းဝေဟာ သူ့ အပူထက် အမေအိုကြီး အပူကို ခေါင်းထဲ ထည့် စဉ်းစားကာ အမေကြီး အတွက် အိမ်ဌား စာချုပ်လေး ချုပ်ပေးပြီး လိုအပ်နေတဲ့ အရင်းအနှီးအား စီစဉ် လှူဒါန်းပေးခဲ့ပါတယ်..
အမေကြီးမှ အခက်အခဲဖြစ်နေချိန်တွေ မှာ ခိုင်နှင်းဝေ ကို အိမ်မက် ၄ ခါ မက်တဲ့ အကြောင်း နှင့် လမ်းဘေးနေနေရတဲ့ ဒုက္ခ ကင်းဝေးရ၍ အရမ်းဝမ်းသာကြောင်းတွေ ငိုပြောပီး ဆုတွေ အများကြီး ပေးလိုက်ပါတယ်တဲ့ ပရိတ်သတ်ကြီးရေ
သူမနှင့် အတူ ကုသိုလ်ရေစက်ဆုံသည့် ခုနစ်ရက် သားသမီး အလှုရှင်များအားလုံးလဲ ထပ်တူ သာဓုခေါ်နိုင်ကြပါစေရှင်……ဆိုပြီး မင်းသမီးချောလေး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားမျှဝေလာခဲ့ပါတယ်။
Source&Photo-Khine Hnin Wai fb page
Zawgyi