Unicode
2009 တုန်းက အခြောက်အလှမယ်ဖြစ် 2019 မှာတော့ သံဝေဂတွေရ…..ရှိသမျှစည်းစိမ်တွေကို လှူပြီး သာသနာ့ဘောင်ထဲဝင် ရဟန်းခံ
အချိန်ခဏလောက်ပေးပြီး ဖတ်ကြည့်ပါ။အရမ်းကောင်းပါတယ်။
a
အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် ။
အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ ။
သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့ ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံး ။
သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ် ။
ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့ ၊ရေမချိုးရင် နံကြတာချည်းပဲ ။
ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊အချင်းရှိရင် အဆင်းရှိသူထက် သာတယ် ။
ရနေလို့လည်း သိပ်မပျော်ပါနဲ့ ၊လောဘဆိုတာအတောမသတ်ပဲ အမြဲလိုနေတဲ့ဟာကြီး။
ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့ ၊သူ့ထဲက အကြွေးယူခဲ့လို့ ဆပ်နေရတာပါ။
လုပ်တိုင်းဖြစ်နေလို့လည်း သိပ်ဝမ်းသာပြီးဘဝင်မမြင့်နဲ့ မကောင်းတဲ့ကံတွေက ဝင်ခွင့်မရ အလှည့်မကျသေးလို့ပါ ။
လုပ်တိုင်းမဖြစ်လို့လည်း စိတ်မညစ်နဲ့ ၊လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ဝေါဟာရဘယ်ရှိမလဲ ?။
အရေးလုပ်တာခံရတိုင်းလည်း သိပ်ဝမ်းသာမနေနဲ့ အရေးမလုပ်တော့ရင် အနေရခက်မယ် ။
ချမ်းသာနေလို့လည်း မာနမတတ်နဲ့ ၊အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံးအတားဆီးပဲ ။
ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့ ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ၆ပေ၂ပေ တူတူပဲ ။
ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့ ၊အဲ့လူတွေကပဲ ကိုယ့်ကို အချိန်မရွေး ပြစ်တင်ရှုပ် ပြန်ကဲ့ရဲ့လာနိုင်တယ်။
ကဲ့ရဲ့ခံရလို့လည်း ဝမ်းမနည်းနဲ့ ၊သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ဘဲ ။
အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ၊ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူရှိတယ် ။
မအောင်မြင်လို့လည်း ဝမ်းမနည်းနဲ့ ၊မသေမချင်းကြိုးစားဖို့ အချိန်တွေရှိသေးတယ် ။
အလွယ်တကူနဲ့ ဝမ်းနည်း/ဝမ်းသာမဖြစ်ပဲအလယ် အလတ် လမ်းစဉ်လိုက်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ စိတ်က ဘဝအတွက် အကောင်းဆုံးပဲ”။
တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာ ပင်လယ်ထဲက ရေလိုပဲ။
လောကဓံအချိုမှုန့်တစ်ဇွန်း ခတ်ရုံနဲ့ ပင်လယ်ရေဟာ ချိုမလာပါဘူး ။ ။
(ဖတ်ဖူး ၊ မှတ်ဖူး ၊ လေ့လာဖူးသည့် စာအုပ်များမှ)ဘဝစာမျက်နှာများ
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်…Credit
Zawgyi
2009 တုန်းက အခြောက်အလှမယ်ဖြစ် 2019 မှာတော့ သံဝေဂတွေရ…..ရှိသမျှစည်းစိမ်တွေကို လှူပြီး သာသနာ့ဘောင်ထဲဝင် ရဟန်းခံ
အချိန်ခဏလောက်ပေးပြီး ဖတ်ကြည့်ပါ။အရမ်းကောင်းပါတယ်။
အနေနီးလို့လည်း သိပ်မပျော်နဲ့ ၊သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ် ။
အနေဝေးလို့လည်း စိတ်မကောင်းမဖြစ်နဲ့ ၊လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲကွဲရမှာပဲ ။
သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့ ရာဂတဏှာကြိုးက ရုန်းရအခက်ဆုံး ။
သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့ ၊အချစ်ခံရတာများသူထက် ဒုက္ခနည်းတယ် ။
ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့ ၊ရေမချိုးရင် နံကြတာချည်းပဲ ။
ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့ ၊အချင်းရှိရင် အဆင်းရှိသူထက် သာတယ် ။
ရနေလို့လည်း သိပ်မပျော်ပါနဲ့ ၊လောဘဆိုတာ အတောမသတ်ပဲ အမြဲလိုနေတဲ့ဟာကြီး။