ဗဟုသုတ

အက ပညာမှာ တော်တာထက်ကို လွန်နေတဲ့ ကချင်ပြည်နယ်စစ်ရှောင်စခန်းတစ်ခုမှ အသက်ကိုးနှစ်အရွယ် သမီးလေးမဂျာလောဒ့်

ကချင်ပြည်နယ်စစ်ရှောင်စခန်းတစ်ခုမှ သမီးလေးမဂျာလောဒ့် အသက်ကိုးနှစ် အကတိုက်ထားတာတွေမရှိဘဲ အလွတ်ကတာတော်လွန်းတယ်ကလေးရယ်

“သမီးကမြန်မာစကားမပြောတတ်ဘူး” ဆိုလို့ ကချင်လိုဘဲမေးထားတာဖြစ်ပါတယ်ရှင်

မြန်မာစကားလည်းမပြောတတ် ငယ်ငယ်ရွယ်ရွယ်နဲ့စစ်ရှောင်ရတဲ့ သမီးလေးကအကအဖွဲ့ဝင်ဖြစ်တဲ့ထိကြိုးစားနိုင်တာတကယ်လေးစားဖို့ကောင်းပါတယ်

သမီး အကသင်တန်းတက်ချင်ရင် ကိုကိုမမတို့ သင်တန်းစရိတ်ဖိုးထောက်ပံ့ပေးမယ်နော်လို့ပြောတော့ “သမီးကအဖွဲ့ဝင်ဖြစ်သွားပြီး သင်တန်းစရိတ်ပေးစရာ မလိုတော့ဘူး” လို့ရိုးသားစွာငြင်းရှာတဲ့ကလေး

စစ်ရှောင်ကလေးတွေရဲ့စိတ်ထားက နူးညံ့လွန်းသလို စိတ်ဒဏ်ရာလည်းများလွန်းလှပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ သေနတ်သံ ဗုံးသံတွေကြားမှာ ပြေးလွှားရပြီး အိုးအိမ်တွေကိုစွန့်ခွာခဲ့ရတဲ့သူတို့လေးတွေရဲ့စိတ်ခံစားချက်က တခြားကလေးတွေနဲ့မတူပါဘူး

ကချင်ပြည်နယ်မှာစစ်ဘေးဒဏ်ကိုနှစ်ပေါင်းများစွာ ခံစားလာရတာဖြစ်ပါတယ်။အရည်အချင်းများစွာရှိတဲ့ ကလေးတွေက စစ်ပွဲတွေကြားမှာပြေးလွှာနေရပါတယ်အရည်အချင်းများစွာရှိတဲ့စစ်ပြေးကလေးတွေကိုမင်မင်တို့ဘက်ကနေ ထောက်ပံ့ပေးသွားဖို့လည်း ရည်ရွယ်ထားပါတယ် ပါဝင်လှူ ဒါန်းချင်ရင်မင်မင်တို့ဆီ ဆက်သွယ်လှူ ဒါန်းပေးနိုင်ပါတယ်

သမီးလေး ဂျာလောဒ့်က Piano လည်းဝါသနာပါတယ်ဆိုလို့ မင်မင်တို့အနေနဲ့ Pianoသင်တန်း တက်နိုင်ဖို့ကူညီသွားမှာဖြစ်ပါတယ်

Interview ကိုမြန်မာလိုပြန်ထားပေးပါတယ်မေး = ညီမလေးရဲ့နာမည်ကဘယ်လိုခေါ်လဲဖြေ = သမီးရဲ့နာမည်က ဂျာလောဒ့်ပါ

မေး = ညီမလေးဝါသနာကဘာလဲ ဖြေ = အကနဲ့ Pianoပါ

မေး = ညီမလေးရဲ့အသက်ကဘယ်လောက်ရှိပြီလဲ ဖြေ = 9နှစ်ရှိပါပြီ

မေး = ညီမလေးအရင်ကတော်တော်ကခဲ့ပြီလား ဖြေ = ဟုတ်ကဲ့ ကတာ 2နှစ်ရှိပါပြီ

မေး = ဘယ်အဖွဲ့အစည်းမှာကဲ့လဲ ဖြေ = One Dragon

မေး = အခုဘာလုပ်ဖို့ရည်မှန်းချက်တွေရှိလဲဖြေ = သမီးဆက်ကမယ် ပိုက်ဆံမရှိတဲ့သူတွေကိုအကဘက်ကနေပညာသင်ပေးမယ် Pianoကိုလည်း အသက်မွေးဝမ်းကျောင်းအနေနဲ့လုပ်ပါမယ်

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

ဆက်လက်၍ပါဝင်လှူ ဒါန်းပေးဖို့အလှူ ရှင်များကို အထူးမေတ္တာရပ်ခံအကူအညီတောင်းအပ်ပါသည်

ပါဝင်လှူ ဒါန်းပေးတဲ့အလှူ ရှင်များ၏စာရင်းကို အတိအကျpageတွင်ပြန်လည်တင်ပြသွားမည်ဖြစ်ပါသည်

လှူ ဒါန်းပေးသည့်အလှူ ရှင်တစ်ဦးစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါသည်

ဘုရားသခင်၏ကျေးဇူးတော်သည် အလှူ ရှင်တစ်ဦးစီ တိုင်းပေါ်ပြည့်ဝစွာသွန်းလောင်ပါစေ

ပါဝင်လှူ ဒါန်းလိုပါက GOD is WITH You page cbမှာဆက်သွယ်နိုင်ပါတယ် kpay – 09763599171, 09788426 wave- 09255147596

CrdVideo