ဗဟုသုတ

အင်တာနက်မရတဲ့နေရာမှာရှောင်တိမ်းနေရပြီးစိတ်မပူကြဖို့သူမအခြေအနေကိုပြောပြလာတဲ့ခေးဆက်သွင်

အင်တာနက်မရတဲ့နေရာမှာရှောင်တိမ်းနေရပြီးစိတ်မပူကြဖို့သူမအခြေအနေကိုပြောပြလာတဲ့ခေးဆက်သွင်

ပရိသတ်တွေချစ်ခင်အားပေးမှုအပြည့်အဝရရှိထားတဲ့ခေးဆက်သွင်ကတော့လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလအစပိုင်ကတည်းကပြည်သူလူထုနဲ့အတူနေ့စဉ်နေ့တိုင်လမ်းပေါ်ထွက်ပြီးလွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာတတ်တတ်ကြွကြွပါဝင်ရင်းဆန္ဒပြတဲ့ပြည်သူတွေကိုအစားအသောက်တွေကိုလည်းသူမတတ်နိုင်သလောက်လှူဒါန်းခဲ့တာကိုလေးစားစွာတွေမြင်ခဲ့ရပါသေးတယ်ပရိတ်သတ်ကြီး။ပြည်သူလူထုနဲ့တစ်သားတည်းအမှန်တရားဘက်ကရပ်တည်ခဲ့တဲ့ခေးဆက်သွင်ကပီးခဲ့တဲ့ရက်ပိုင်းမှာတော့ပုဒ်မ၅၀၅(က)နဲ့အရေးယူခံရတဲ့စာရင်းထဲပါလာခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒီလိုအရေးယူခံရပေမယ့်လည်းခေးက နောက်မဆုတ်ပဲဓမ္မဘက်ကနေဆက်လက်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့်ရှောင်တိမ်းနေရတဲ့ခေးကလူမှုကွန်ယက်ကနေပရိတ်သတ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုအဆက်အသွယ်ပြတ်သွားတဲ့အတွက်ပရိတ်သတ်တွေကခေးဆက်သွင်ရဲ့ဘေးကင်းလုံခြုံမှုကိုစိတ်ပူနေကြတာပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်တော့သူမကိုစိတ်ပူနေတဲ့ပရိတ်သတ်တွေကိုလူမှုကွန်ယက်စာမျက်နှာကနေ စိတ်မပူကြဖို့အသိပေးလာခဲ့တာပဲဖြစ်ပါတယ်နော်။

ခေးက Internetမရတဲ့နေရာမှာပုန်းအောင်းနေတာ၁လလောက်ရှိပါပြီဘေးကင်းနေပါသေးတယ်စိတ်မပူကြပါနဲ့နော်ဆိုပြီးသူမရဲ့လက်ရှိအခြေအနေကိုပြောပြလာတာပဲဖြစ်ပါတယ်။အဲ့ဒီပို့စ်အောက်မှာလဲသူမကိုချစ်တဲ့ပရိတ်သတ်တွေကအစစအရာရာဂရုစိုက်ဖို့မှာထားတာကိုလည်းတွေရပါသေးတယ်။ပရိတ်သတ်ကြီးကလည်းခေးတစ်ယောက်ဘေးကင်းလုံခြုံစေဖို့အတွက်ဆုတောင်းပေးခဲ့ကြပါအုံးနော။။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။

Zawgyi version

ပရိသတ်တွေချစ်ခင်အားပေးမှုအပြည့်အဝရရှိထားတဲ့ခေးဆက်သွင်ကတော့လတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလအစပိုင်ကတည်းက ပြည်သူလူထုနဲ့အတူနေ့စဉ်နေ့တိုင်လမ်းပေါ်ထွက်ပြီးလွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာတတ်တတ်ကြွကြွပါဝင်ရင်းဆန္ဒပြတဲ့ပြည်သူတွေကိုအစားအသောက်တွေကိုလည်းသူမတတ်နိုင်သလောက်လှူဒါန်းခဲ့တာကိုလေးစားစွာတွေမြင်ခဲ့ရပါသေးတယ်ပရိတ်သတ်ကြီး။ပြည်သူလူထုနဲ့တစ်သားတည်း အမှန်တရားဘက်ကရပ်တည်ခဲ့တဲ့ခေးဆက်သွင်ကပီးခဲ့တဲ့ရက်ပိုင်းမှာတော့ပုဒ်မ၅၀၅(က)နဲ့အရေးယူခံရတဲ့စာရင်းထဲပါလာခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒီလိုအရေးယူခံရပေမယ့်လည်းခေးက နောက်မဆုတ်ပဲ ဓမ္မဘက်ကနေဆက်လက်ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတဲ့ခေးက လူမှုကွန်ယက်ကနေ ပရိတ်သတ်တွေနဲ့အဆက်အသွယ်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုအဆက်အသွယ်ပြတ်သွားတဲ့အတွက် ပရိတ်သတ်တွေက ခေးဆက်သွင်ရဲ့ဘေးကင်းလုံခြုံမှုကိုစိတ်ပူနေကြတာပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်တော့ သူမကိုစိတ်ပူနေတဲ့ပရိတ်သတ်တွေကို လူမှုကွန်ယက်စာမျက်နှာကနေ စိတ်မပူကြဖို့ အသိပေးလာခဲ့တာပဲဖြစ်ပါတယ်နော်။

ခေးက Internetမရတဲ့နေရာမှာပုန်းအောင်းနေတာ၁လလောက်ရှိပါပြီဘေးကင်းနေပါသေးတယ်စိတ်မပူကြပါနဲ့နော်ဆိုပြီးသူမရဲ့လက်ရှိအခြေအနေကိုပြောပြလာတာပဲဖြစ်ပါတယ်။အဲ့ဒီပို့စ်အောက်မှာလဲသူမကိုချစ်တဲ့ပရိတ်သတ်တွေကအစစအရာရာဂရုစိုက်ဖို့မှာထားတာကိုလည်းတွေရပါသေးတယ်။ပရိတ်သတ်ကြီးကလည်းခေးတစ်ယောက်ဘေးကင်းလုံခြုံစေဖို့အတွက်ဆုတောင်းပေးခဲ့ကြပါအုံးနော။။

Credit