ဗဟုသုတ

ဂုဏ်ထူးတွေ ဘွဲ့ထူးတွေရတိုင်းပညာမဟုတ်ဘဲ အမှားအမှန်ခွဲခြားသိမြင်နိုင်ဝာာမှ ပညာဖြစ်တာမို့ ကျောင်းမတက်ဖို့ တိုက်တွန်းလာတဲ့ သာထက်ညဏ်ဇော်

ဂုဏ်ထူးတွေ ဘွဲ့ထူးတွေရတိုင်းပညာမဟုတ်ဘဲ အမှားအမှန်ခွဲခြားသိမြင်နိုင်ဝာာမှ ပညာဖြစ်တာမို့ ကျောင်းမတက်ဖို့ တိုက်တွန်းလာတဲ့ သာထက်ညဏ်ဇော်

ပရိတ်သတ်ကြီးရေ…အနုပညာလောကမှာ ဇာတ်လမ်းတွဲများစွာရိုက်ကူးပြီး နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားနိုင်တဲ့သူကတော့ မင်းသားချောသာထက်ဉာဏ်ဇော်ပဲဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပီပြင်ပိုင်နိုင်လွန်းတဲ့ သာထက်ဉာဏ်ဇော်ဟာဆိုရင် မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ဇာတ်လမ်းတွဲမှာ ဒိုက်ဆိုတဲ့ကာရိုက်တာနဲ့ပါဝင်ခဲ့တာဖြစ်ပြီး ကာရိုက်တာဝင်အောင်ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့အတွက် ဇာတ်လမ်းတွဲပြသနေချိန်မှစတင်ပြီး ပရိတ်သတ်အားပေးမှုကိုခိုင်ခိုင်မာမာရရှိခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲပီးသွားချိန်မှာလည်း သူကို ဒိုက်ဆိုပြီး ပရိတ်သတ်တွေရဲ့ပါးစပ်ဖျားမှာ ဆွဲထင်ခဲ့တာပဲဖြစ်ပါတယ်…။

သာထက်ဉာဏ်ဇော်ဟာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူတစ်သားတည်းအမှန်တရားဘက်ကရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့လူထုလှုပ်ရှားမှုမှာတက်တက်ကြွကြွပါဝင်ခဲ့သာထက်ဉာဏ်ဇော်ကစားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ပြည်သူတွေကိုလည်းသူတတ်နိုင်သလောက်လှူဒါန်းထောက်ပံ့ပေးနေတာကိုလည်းတွေ့ရပါသေးတယ်နော်..။

မနေ့ကတော့ တက္ကသိုလ် စတုတ္ထနှစ်နဲ့ မဟာတန်းများ ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။ ပြည်သူများကလည်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေကို ငဲ့ညှာသောအားဖြင့် ကျောင်းမတက်ကြဖို့ Campaign တွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

မနေ့ညကလည်း သာထက်ဉာဏ်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခြားအရာများအားလုံး ပုံမှန်လည်ပတ်အောင် လုပ်ယူနေကြတာကြောင့် အကွက်ထဲရောက်မသွားဖို့ အရေးကြီးကြောင်းပြောပြလာတာ ဖြစ်ပါတယ်။

သူကလည်း ” ကျောင်းတွေပြန်ဖွင့်ကြမယ့် ကိစ္စတွေ ၊ တခြားသော အရာတွေ အားလုံးပုံမှန်ပြန်လည်ပတ်လာအောင် အတင်းကြီး လုပ်ယူနေကြတဲ့ အာဏာရူး တစ်စုရဲ့ အကွက်ထဲကို ရောက်မသွားဖို့အရေးကြီးပါတယ်။

ကျွန်တော်တို့တွေ အများကြီးလျှောက်လှမ်းခဲ့ကြပြီးပြီကျွန်တော်တို့ရဲ့ အရှေ့မှာ အသက်ပေးလိုက်ရသော သူရဲကောင်းတွေ ၊ CDMကို အသေအလဲ တောင့်ခံ‌နေရသော အနယ်နယ်အရပ်ရပ်က သူတော်ကောင်းတွေ ၊ ထောင်ထဲမှာအရာအားလုံးရင်းပြီး ပေးဆပ်နေသော နိုင်ငံရဲ့ အဖိုးတန်သော သူတွေအားလုံးကို အားနာပေးကြပါ။

ကျောင်းတွေကို အတင်းကြီး လုပ်ယူပြီး တက်ခိုင်းမယ့်ကိစ္စဟာ မိဘနဲ့ ကလေးတွေကိုအနည်းနဲ့အများ မိသားစုတိုင်း ပြဿနာဖြစ်ကြမယ့် ကိစ္စပါ ဒါပေမယ့် ကျွန်တော်တို့ ကျော်ကိုကျော်လွှားနိုင်ရမယ်။

ဘေးကြပ်နံကြပ်နဲ့ ဒီလိုတွေခက်ခဲရင်ဆိုင် ပေးဆပ်နေရတာကိုက ” နိုင်ငံရေးပါ ” ။အတန်းတွေတစ်တန်းပြီး တစ်တန်းတက် ဂုဏ်ထူးတွေ ဘွဲ့တွေရတာ ပညာမဟုတ်ဘူး ပညာဆိုတာ အမှား အမှန် ကို ခွဲခြားသိမြင်ပြီးအကောင်း အဆိုးကို ဆင်ခြင်သုံးသပ်နိုင်တာ ” ပညာနော် ” #FOR_DEMOCRACY #THNZLOVERS” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ ပုံမှန်အတိုင်းဖြစ်သေးတာမဟုတ်တာကြောင့် သွေးမအေးသွားကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Source: Thar Htet Nyan Zaw’s Facebook Account