ဗဟုသုတ

ဘယ်နှစ်ကြိမ်ပဲ ပြန်ဖတ်ဖတ် ရိုးမသွားနိုင်တဲ့ “အိမ်ရိုက်သံ”

Unicode

ဘယ်နှစ်ကြိမ်ပဲ ပြန်ဖတ်ဖတ် ရိုးမသွားနိုင်တဲ့ “အိမ်ရိုက်သံ”

ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။

တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။

မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။

အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။

သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း

သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊

ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။

အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊

မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။

တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။

အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီးသွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။

သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ဝင်းထရံဆီကို ခေါ်သွားတယ်၊တော်တယ်ငါ့သားလို့လည်း ဆိုပါတယ်။

ဒါပေမယ့် သားသေချာကြည့်စမ်း။ ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလို အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။

အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။

ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။

တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။

ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။

ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ဝင်းထရံတွေအဖြစ် မရောက်ပါစေနဲ့။

ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။

ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာ ကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။

ဆရာအတ္တကျေ

Zawgyi

ဟိုတုန္းက အင္မတန္မွ စိတ္တို၊ စိတ္ဆတ္တဲ့ ေကာင္ေလး တစ္ေယာက္ရွိသတဲ့။

တစ္ေန႔က်ေတာ့ သူ႔အေဖက ေကာင္ေလးကို အိမ္႐ိုက္သံတစ္ထုပ္ ေပးလိုက္ၿပီး ေျပာပါေတာ့တယ္။

မင္းတစ္ခါ စိတ္တိုတိုင္း သံတစ္ေခ်ာင္းကိုေနာက္ေဖး က ဝင္းထရံတိုင္မွာ သြား႐ိုက္ေခ်ကြာတဲ့။

အေဖက အဲဒီလိုေျပာၿပီး သံထုပ္ကိုေပးလိုက္တဲ့ ပထမေန႔မွာ ေကာင္ေလးဟာ ဝင္းထရံတိုင္မွာ သံေပါင္း ၃၇ ေခ်ာင္း႐ိုက္သြင္း ျဖစ္သြားတယ္။

အဲဒီလိုနဲ႔သူစိတ္တိုတိုင္း သံေလးေတြကို ဝင္းထရံမွာ ႐ိုက္ရင္း႐ိုက္ရင္း ေကာင္ေလးဟာ သူ႔စိတ္သူ ထိန္းႏိုင္လာသတဲ့။

သံ႐ိုက္ခ်က္ေတြဟာလည္း တစ္ေန႔ထက္တစ္ေန႔ က်ဲလာခဲ့တယ္။

ဒီလိုနဲ႔ ေကာင္ေလးဟာ ဝင္းထရံမွာ သံေျပး႐ိုက္တာထက္စာရင္ ေဒါသျဖစ္ေနတဲ့ စိတ္ကိုထိန္းရတာ ပိုလြယ္မွန္း

သေဘာက္ေပါက္လာေတာ့တယ္၊ အဆုံးမွာ ေကာင္ေလးဟာ စိတ္မတိုပဲေန ႏိုင္တဲ့ေန႔ကို ေရာက္လာေရာ၊

ေကာင္ေလးက ေျပးၿပီး သူ႔အေဖကို သတင္း သြားပို႔တယ္…. အေဖေရ… သားေတာ့ စိတ္ကို ထိန္းႏိုင္သြားၿပီဗ်။

အဲ့ဒီလိုက်ေတာ့ သူအေဖက တစ္မ်ိဳးခိုင္းျပန္ေရာ…၊

မင္းကိုယ္မင္း ေဒါသမျဖစ္ေအာင္တစ္ေနကုန္ ထိန္းႏိုင္ၿပီဆိုတာနဲ႔ အဲ့ဒီသံေတြကို ျပန္ႏုတ္ဦးကြာ။

တစ္ေန႔ထိန္းႏိုင္ရင္ ညအိပ္ခါနီး တစ္ေခ်ာင္းႏႈန္းနဲ႔ ႏႈတ္ေနာ္လို႔ မွာလိုက္သတဲ့။ ရက္ေတြၾကာလာေတာ့ ေကာင္ေလး က သူ႔အေဖကိုေျပာႏိုင္သြားတယ္။

အေဖေရ သား႐ိုက္ခဲ့တဲ့ သံေတြ အားလုံး ကိုႏႈတ္ၿပီးသြားၿပီ၊ တစ္ေခ်ာင္းမွ မက်န္ေတာ့ဘူး။

သည္အခါ အေဖလုပ္တဲ့သူက သားရဲ႕လက္ကို ဆြဲၿပီး သား႐ိုက္ခဲ့တဲ့ ဝင္းထရံဆီကို ေခၚသြားတယ္၊ေတာ္တယ္ငါ့သားလို႔လည္း ဆိုပါတယ္။

ဒါေပမယ့္ သားေသခ်ာၾကည့္စမ္း။ ဝင္းထရံတိုင္မွာ အေပါက္ေတြျဖစ္က်န္ခဲ့တယ္ေနာ္။ ဒီဝင္းထရံတိုင္ေတြက အရင္တုန္းက လို ေခ်ာေခ်ာေမြ႕ေမြ႕ မဟုတ္ေတာ့ဘူးဆိုတာ သားျမင္တယ္ မဟုတ္လား။

ေအး သားက စိတ္တိုတိုနဲ႔ ပါးစပ္က ေျပာခ်လိုက္တဲ့အခါ တစ္ဖက္သားဆိုတဲ့ ဝင္းထရံတိုင္မွာ အခုလို အမာ႐ြတ္ေတြ ထင္က်န္ရစ္ခဲ့တတ္တယ္ သားရယ္။

အဲဒီလိုပဲ လူတစ္ေယာက္ကို သားက ဓါးနဲ႔ထိုးလိုက္တယ္။ ၿပီးရင္ ဓါးျပန္ႏႈတ္ၿပီး ရွိခိုးေတာင္ပန္တယ္ဆိုပါစို႔။ သားဘယ္ႏွစ္ခါဘဲ ရွိခိုးေတာင္းပန္ပါေစ။

ဒဏ္ရာနဲ႔ အမာ႐ြတ္ေတြကေတာ့ မလြဲမေသြ က်န္ခဲ့မွာပဲ ငါ့သားရယ္….တဲ့။

တကယ္ေတာ့ မိတ္ေဆြသူငယ္ခ်င္းေတြဆိုတာ အဖိုးတန္တဲ့ ရတနာေတြပါပဲ။ သူတို႔ဟာ ငါတို႔ေတြကို ေပ်ာ္႐ႊင္ရယ္ေမာေစတယ္။ အားေပးကူညီတယ္။

ဒုကၡ၊ သုခေတြကို လည္း မွ်ေဝခံစားၾကတယ္။ ရင္ဖြင့္သမွ်ကို ဂ႐ုစိုက္နားေထာင္ေပးတယ္။

ဒါေၾကာင့္ တစ္ခုခုဆို စိတ္လိုက္မာန္ပါ မလုပ္နဲ႔။ သူတို႔ကို သံႏႈတ္ရာက်န္ခဲ့တဲ့ ဝင္းထရံေတြအျဖစ္ မေရာက္ပါေစနဲ႔။

ကိုယ့္မိတ္ေဆြ သူငယ္ခ်င္းေတြကို ကိုယ္က ဘယ္ေလာက္ဂ႐ုစိုက္ ေၾကာင္း သူတို႔ကိုလည္း သူတို႔ရဲ႕ မိတ္ေဆြေတြအေပၚ ဂ႐ုစိုက္လာ ေအာင္ လုပ္ေပးသင့္ ေၾကာင္းေျပာၾကားေပးပါ။

ဒါေၾကာင့္ ကိုယ္တိုင္က သူငယ္ခ်င္းေကာင္း မိတ္ေဆြေကာင္းအျဖစ္ သတ္မွတ္ထားတဲ့သူေတြဆီကို ဒီပုံျပင္ေလးကို လက္ဆင့္ကမ္းပါ။

ယုတ္စြအဆုံး ဒီစာေလးကို ပို႔လိုက္တဲ့သူဆီ ဒီအတိုင္း ျပန္ပို႔ႏိုင္ပါေသးတယ္။ ကိုယ္ပို႔လိုက္တဲ့ စာ ကိုယ့္ဆီျပန္ေရာက္လာရင္ ကိုယ့္မွာ မိတ္ေဆြေကာင္းေတြ ရွိေနတာကို အလိုလို ခံစားႏိုင္မွာပါ။

ဆရာအတၱေက်ာ္