ဗဟုသုတ

အသက် (၉) နှစ် အရွယ်လေးမှာပဲ ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်နေတဲ့ ကောင်မလေး

ကလေးအများစုဟာ သူတို့ဖြတ်သန်းရတဲ့ ဘဝအခြေအနေပေါ်မူတည်ပြီးတော့ အသက် ၉ နှစ်ဆိုတဲ့ အရွယ်ဟာ ကလေးတော်တော်များများအတွက် ကျောင်းသွားမယ်၊ ကစားမယ်၊ အိပ်မယ်၊ စားမယ်ဆိုတာပဲသိသေးတဲ့အရွယ်မျိုးပါ။

သို့ပေမယ့် ထိုင်းနိုင်ငံက Beel ဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ချို့တဲ့တဲ့မိသားစုတာဝန်တွေကို ထမ်းရင်းနဲ့ အသက် ၉ နှစ် အရွယ်လေးမှာပဲ ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်နေပါပြီ။ Beelကတော့ အခုဆိုရင်အင်တာနက်စာမျက်နှာတွေမှာလည်း နာမည်ကြီးနေပြီးတော့ လူအများရဲ့ ချီးကျူးမှုကို ခံယူနေရတာပါ။

အကြောင်းကတော့ သူမဟာချစ်စရာကောင်းရုံတင်မကဘဲ အသက် ၉ နှစ်အရွယ်လေးနဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်ကို တွဲဖက်ပိုင်ဆိုင်ထားပြီ ဖြစ်တာကြောင့်ပါပဲ။

သူမကမိသားစုရဲ့အခက်အခဲတွေကို ဝန်ပေါ့အောင်ကူညီပေးချင်သူဖြစ်ပါတယ်။ အသက် ၃ နှစ်အရွယ်လောက်ကတည်းကနေပြီးတော့ Beel တစ်ယောက် အိမ်မှာနေရင်း အဖွားလုပ်သူကို အိမ်အလုပ်လေးတွေနိုင်သလောက် လုပ်ကိုင်ပေးခဲ့ရတာပါ။

Beel ရဲ့ မိဘတွေဟာ မကြာခင်ကကွာရှင်းခဲ့ကြတာဖြစ်ပြီး Beel ကတော့ သူမရဲ့မောင်လေးနှစ်ယောက်နဲ့အတူ အဖွားအိမ်မှာနေထိုင်တာပါ။ သူမရဲ့အဖွားဖြစ်သူဟာ ကြက်ကြော်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့ အမြဲတမ်းအလုပ်ရှုပ်နေသူပါ။

Beelက အဘွားဖြစ်သူကို ကြက်ကြော်ကူကြော်ပေးရင်း သူမဟာကြက်ကြော်ကြော်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း သိရှိလာတာပါ။ Beel တစ်ယောက် ကြက်ကြော်ကြော်ရာမှာအံ့သြလောက်အောင် ကျွမ်းကျင်ပိုင်နိုင်တာကြောင့် အဘွားဖြစ်သူကသူမတစ်ယောက်တည်းကို လွှတ်ပေးထားလို့ရတဲ့အထိပါပဲ။

သူမဟာ အသက် ၉ နှစ်သာရှိသေးပေမယ့် အကြော်ကြော်တဲ့ကိစ္စကအစ တစ်ဆိုင်လုံးကိုစီမံခန့်ခွဲနေပြီးတော့ တကယ့်ကိုဆိုင်ပိုင်ရှင်တစ်ယောက်အတိုင်းပါပဲ။ Beel လေးဟာ ဆိုင်ကိုစီမံခန့်ခွဲရသလို သူမရဲ့မောင်ငယ်နှစ်ယောက်ကိုလည်း ကြည့်ရှုစောင့်ရှောက်ရပါသေးတယ်။ သူမရဲ့အဘိုးအဘွားတွေအလုပ်ရှုပ်နေချိန်မှာ သူမဟာမောင်လေးတွေကိုထိန်းဖို့ တာဝန်ယူရပါသေးတယ်။

သူမတို့ဆိုင်ကို လာနေကျဖောက်သည်တစ်ယောက်က Beel ရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်ယူနိုင်စွမ်းတွေကိုတွေ့မြင်သွားပြီးတဲ့နောက် သူမရဲ့ဇာတ်ကြောင်းနဲ့စွမ်းဆောင်ရည်တွေကို အခုလိုအွန်လိုင်းပေါ်တင်ခဲ့တာပါ။ အင်တာနက်စာမျက်နှာမှာ Beel တစ်ယောက်နာမည်ကြီးလာခဲ့ပြီး အဲဒီနောက်ပိုင်းမှာဆိုင်ကိုလည်း ဝယ်သူတွေပိုများလာပါတယ်။

Zaw Gyi Font

ကလေးအများစုဟာ သူတို့ဖြတ်သန်းရတဲ့ ဘဝအခြေအနေပေါ်မူတည်ပြီးတော့ အသက် ၉ နှစ်ဆိုတဲ့ အရွယ်ဟာ ကလေးတော်တော်များများအတွက် ကျောင်းသွားမယ်၊ ကစားမယ်၊ အိပ်မယ်၊ စားမယ်ဆိုတာပဲသိသေးတဲ့အရွယ်မျိုးပါ။

သို့ပေမယ့် ထိုင်းနိုင်ငံက Beel ဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ချို့တဲ့တဲ့မိသားစုတာဝန်တွေကို ထမ်းရင်းနဲ့ အသက် ၉ နှစ် အရွယ်လေးမှာပဲ ကြက်ကြော်ဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်နေပါပြီ။

Beelကတော့ အခုဆိုရင်အင်တာနက်စာမျက်နှာတွေမှာလည်း နာမည်ကြီးနေပြီးတော့ လူအများရဲ့ ချီးကျူးမှုကို ခံယူနေရတာပါ။ အကြောင်းကတော့ သူမဟာချစ်စရာကောင်းရုံတင်မကဘဲ အသက် ၉ နှစ်အရွယ်လေးနဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်ကို တွဲဖက်ပိုင်ဆိုင်ထားပြီ ဖြစ်တာကြောင့်ပါပဲ။

သူမကမိသားစုရဲ့အခက်အခဲတွေကို ဝန်ပေါ့အောင်ကူညီပေးချင်သူဖြစ်ပါတယ်။ အသက် ၃ နှစ်အရွယ်လောက်ကတည်းကနေပြီးတော့ Beel တစ်ယောက် အိမ်မှာနေရင်း အဖွားလုပ်သူကို အိမ်အလုပ်လေးတွေနိုင်သလောက် လုပ်ကိုင်ပေးခဲ့ရတာပါ။ Beel ရဲ့ မိဘတွေဟာ မကြာခင်ကကွာရှင်းခဲ့ကြတာဖြစ်ပြီး Beel ကတော့ သူမရဲ့မောင်လေးနှစ်ယောက်နဲ့အတူ အဖွားအိမ်မှာနေထိုင်တာပါ။

သူမရဲ့အဖွားဖြစ်သူဟာ ကြက်ကြော်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးတော့ အမြဲတမ်းအလုပ်ရှုပ်နေသူပါ။ Beelက အဘွားဖြစ်သူကို ကြက်ကြော်ကူကြော်ပေးရင်း သူမဟာကြက်ကြော်ကြော်ရာမှာ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ကြောင်း သိရှိလာတာပါ။ Beel တစ်ယောက် ကြက်ကြော်ကြော်ရာမှာအံ့သြလောက်အောင် ကျွမ်းကျင်ပိုင်နိုင်တာကြောင့် အဘွားဖြစ်သူကသူမတစ်ယောက်တည်းကို လွှတ်ပေးထားလို့ရတဲ့အထိပါပဲ။