Cele News Local News ဗဟုသုတ

မေလ( ၈ )ရက်နေ့ ညမှာ ဆုံးပါးသွားတဲ့ မိခင်ကြီးရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့် မရခဲ့တဲ့ ဒါရိုက်တာဏကြီး

အခြေအနေတွေကြောင့် တိမ်းရှောင်နေရင်း မိခင်ကြီးရဲ့နောက်ဆုံး ခရီးကိုတောင် လိုက်ပါပို့ဆောင်ခွင့် မရခဲ့တဲ့ ဒါရိုက်တာဏကြီး

တိုင်းပြည် အကျပ်အတည်း ကာလရောက်နေတဲ့ အချိန်မှာ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု တို့ ဇနီး မောင်နှံဟာ (၅၀၅)(က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပြီးနောက် ဘေးလွတ်ရာကိုတိမ်းရှောင် နေခဲ့ပါတယ်။

ရပ်တည်ချက် ပြတ်သားသူတွေ ဖြစ်တာကြောင့် ဘယ်နေရာပဲ ရောက်ရောက် ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေခဲ့ပြီး ရင်ထဲက ဆန္ဒတွေကို ရသလောက်ထုတ်ဖော် နေဆဲပါပဲ။

ဒီနေ့မှာတော့ ပိုင်ဖြိုးသုရဲ့ မိခင်ဟာ ဒါရိုက်တာ ဏကြီးရဲ့ မိခင် ဆုံးပါးသွားပြီဆိုတဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို သားနဲ့ သမီးကိုရော ပရိသတ်တွေကိုပါ အသိပေး ပြောကြား ခဲ့ပါတယ်။

ဒါရိုက်တာ ဏကြီးဟာ မိခင်ဖြစ်သူနဲ့ မတွေ့ရတာ (၃) လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင်တော့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သံသရာ ခရီးကို မိခင်က ထွက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ သားဖြစ်သူ အနားမှာမရှိပေမယ့် ခမည်းခမက်ဖြစ်သူ ပိုင်ဖြိုးသုရဲ့ မိခင်က စောင့်ရှောက်ပေးထားခဲ့ ပါတယ်။

နောက်ဆုံးအချိန်မှာတောင် သားဖြစ်သူနဲ့ မတွေ့လိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ မိခင်ရဲ့ နောက်ဆုံးအချိန်ကို အနားမှာ မရှိပေးနိုင်လိုက်တဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကတော့ တကယ်ကို ဖြည်မဆည် နိုင်အောင်ပါပဲ ။ဆုံးပါးသွားတဲ့ အန်တီ ဒေါ်တင်တင်နွယ်လည်း ကောင်းရာဘုံဘဝ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခမည်း ခမက်ဖြစ်သူနဲ့ သားမက်ဖြစ်သူအတွက် စိတ်မကောင်းရတဲ့ အကြောင်းကို ” (၂၀၂၁) ခုနှစ်ကတော့ မျှော်လင့် မထားတဲ့ ဝမ်းနည်းစရာ‌အဖြစ်အပျက်တွေနဲ့ ပြည့်‌နှက်နေ ပါတယ်။ ( မေလ ၈ ရက်) ညက ကျမရဲ့ခမည်း ခမက် သားကိုဏကြီးရဲ့ ကျေးဇူးရှင် မိခင်ကြီး အစ်မ ဒေါ်တင်တင်နွယ် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ ပါတယ်။

သနားစရာကောင်းတဲ့ သားအမိ မတွေ့ကြရတာ (၃) လရှိခဲ့ပြီ အ ခုတော့တစ်သက်တာ ပြန်မတွေ့နိုင်တော့တဲ့ သံသရာခရီးရှည်ကြီးကို အစ်မကြီးထွက်ခွာ သွားခဲ့ပါပြီ ။ သားတို့ သမီးတို့အနေနဲ့ မိခင် / ယောက္ခမ ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နိုင်ခွင့် မရှိတဲ့အတွက် ယူကြုံးမရ ဖြစ်မိပါတယ်။

သားရေ ဝဋ်ကြွေးရှိခဲ့ရင်လည်း ဒီမျှနဲ့ကြေပါစေ ။ အစ်မရေ စိတ်ဖြောင့်‌ဖြောင့်နဲ့ မြင့်မြတ်တဲ့ ဘုံမှာ စံမြန်းပါတော့နော်။ “ဆိုပြီး ပိုင်ဖြိုးသုရဲ့ မိခင်က လူမှုကွန်ယက်မှာ ရင်ဖွင့်ပြော ပြခဲ့ပါတယ်။ Crd

Zawgyi